ဗိုက်ခေါင်းအတွင်းမှာအရည်တွေစုလာပြီးတဖြည်းဖြည်းဖောင်းကားလာခြင်းကို Ascites လို့ခေါ်ပါ တယ်။
အသည်းရောဂါဖြစ်နေတဲ့ကြောင်ရဲ့သွေးထဲမှာ ပရိုတင်းဓါတ်ပါဝင်မှုဟာအလွန်နည်းလာတဲ့အတွက်
အသည်းဆီကိုသွေးပို့ပေးတဲ့သွေးကြောတွေမှာ သွေးဖိအားပိုများလာပါတယ်အဲဒီအခါမှာဗိုက်ခေါင်း
ထဲကို အရည်တွေတဖြည်းဖြည်းစိမ့်ဝင်ပြီး စုမိပြီး Ascites ဖြစ်လာပါတော့တယ်။
Ascites ဖြစ်နေတဲ့ကြောင်ရဲ့ဗိုက်ကိုလက်နဲ့ပုတ်ကြည့်ရင် လှိုဏ်သံမထွက်ပဲ အသံမာမာထွက်တာ
ကိုတွေ့ရမှာဖြစ်ပါတယ်၊ ပိုပြီးတိကျသေချာအောင် အာလ်ထရာဆောင်းဓါတ်မှန် ရိုက်ကြည့်ခြင်း
အားဖြင့်Ascitesဟုတ်မဟုတ်ခွဲခြားရပါတယ်။
Ascites ဖြစ်လာတတ်တဲ့ကြောင်ရောဂါတွေကတော့
- နှလုံးယာဖက်အခန်းပျက်ခြင်း(Right-sided heart failurec)
- နှလုံးပျက်စီးခြင်း(Congestive heart failure)
- အဆုပ်အတွင်းသွေးပေါင်တက်ခြင်း(Pulmonary Hypertension)
- နှလုံးတွင်အနာဖြစ်ခြင်း(Cardiomyopathy)
- နှလုံးသန်ကောင်ရောဂါ(Heartworm disease ) ချောင်းဆိုးခြင်း၊ ပိန်လာခြင်း ၊ မောလွယ်ခြင်း
- ကျောက်ကပ်မကောင်းခြင်း-Nephrosis(kidney disease)
- အသည်းပျက်စီးခြင်း(Liver failure)
- Liver Cirrhosis)
- အသည်းရောဂါများ(Biliary Disease)ဖျားခြင်း၊အန်ခြင်း၊ဗိုက်နာခြင်း၊ ပိန်လာခြင်း
- Hepatic encephalopathy-ပတ်ခြာလည်နေခြင်း၊ဦးခေါင်းတဆတ်ဆတ်ဖြစ်နေခြင်း၊မျက်စေ့မမြင်ခြင်း၊တုန်နေခြင်း
- ကိုယ်တွင်းခေါင်းယောင်ရောဂါ(Feline infectious peritonitis)
- Small Intestinal Disease)ဝမ်းပျက်ခြင်း၊အန်ခြင်း၊ဗိုက်နာခြင်း၊ ပိန်လာခြင်း
- ကိုယ်ဝန်အတုဖြစ်ပေါ်ခြင်း(False pregnancy)
- Lymphocytic Cholangitis)(Younger cats)
- သွေးပြန်ကြောစနစ်မကောင်းခြင်း(Impaired Venous Return) နဲ့
- သွေးအတွင်းပရိုတင်းဓါတ်နည်းခြင်း(Hypoproteinemia) တို့ဖြစ်နိုင်ပါတယ်