«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Feb 2019

အမွှေးကျွတ်ခြင်း(ခွေး) Hypothyroidism

,
 
 
သွေးထဲမှာသိုင်းရွှိုက်ဟိုမုန်းပမာဏနည်းနေခြင်းကို Hypothyroidism လို့ခေါ်ပါတယ်၊ဒီရောဂါဟာ 
 
ခွေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်၊သိုင်းရွှိုက်ဟိုမုန်း ဆိုတာက ခန္တာကိုယ် 
 
အသက်ရှင်ရပ်တည်နိုင်ဖို့ဆောင် ရွက်တဲ့ဇီဝလုပ်ငန်းတွေကိုထိမ်းချုပ်ပေးနေတဲ့ ဟိုမုန်းတွေ ဖြစ်ပြီး 
 
Thyroxine (T4)  ဟိုမုန်းနဲ့ Triiodothyronine (T3)စတဲ့ဟိုမုန်းတွေဖြစ်ပါတယ်၊    
 
 
 
အဲဒီသိုင်းရွှိုက်ဟိုမုန်းတွေကို မေးရိုးရဲ့နောက်ဖက် လည်ပင်းရဲ့အထက်ပိုင်းနားမှာတည်ရှိနေတဲ့ 
 
သိုင်းရွှိုက်ဂလင်းတေွကနေ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

 
ဒီရောဂါဖြစ်ပွားတဲ့ခွေးအများစုကိုလေ့လာတဲ့အခါ သူတို့ရဲ့မျိုးဗီဇကြောင့်ကိုယ်ခံစွမ်းအားစနစ်က
 
ဖောက်ပြန်လာပြီး သိုင်းရွှိုက်ဂလင်းတွေကို ဖျက်ဆီးတဲ့အတွက်ကြောင့် Hypothyroidism  
 
ရောဂါဖြစ်ပွားလာရတာကိုတွေ့ရပါတယ်၊ သိုင်းရွှိုက်ဂလင်းပျက်စီးတဲ့အခါ သိုင်းရွှိုက်ဟိုမုန်း  
 
Thyroxin ထုတ်လုပ်မှုနည်းသွားတဲ့အတွက် ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်မှုတွေလည်း 
 
လျှော့နည်းသွားပါတယ်၊ 

 
 
ဒီရောဂါဟာမျိုးရိုးဗီဇကြောင့်ဖြစ်တာကများပေမယ့် စားရတဲ့အစားအသောက်နဲ့နေထိုင်ရတဲ့ 
 
ပတ်ဝန်းကျင်အနေအထားတွေကြောင့်လည်းဖြစ်ပွားလာနိုင်ပါသေးတယ်။ 
 
ဒီရောဂါက မျိုးစစ်ခွေးဖြစ်စေ မျိုးစပ်ခွေးဖြစ်စေအသက်အရွယ်အားဖြင့် အလယ်အလတ်ရှိတဲ့ 
 
ခွေးတွေမှာ ပိုအဖြစ်များပြီး ခန္တာကိုယ်အရွယ်စား အားဖြင့်ဆိုရင်တော့ အလတ်စားနဲ့ 
 
အကြီးစားခွေးမျိုးတွေမှာပိုပြီးအဖြစ်များလေ့ရှိပါတယ်၊ အထူးသဖြင့် Golden Retriever, 
 
Doberman Pinscher နဲ့ Labrador Retriever ခွေးမျိုးတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရ 
 
ပါတယ်။
 
 
ကြောင်တွေမှာတော့ Hypothyroidism ဖြစ်ပွားတာအလွန်နည်းပြီး၊ သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ 
 
သိုင်းရွှိုက်ဟိုမုန်းပမာဏများခြင်း Hyperthyroidism ကအဖြစ်များပါတယ်၊ 
 
အလတ်စားခွေးမျိုးတွေနဲ့ အကြီးစားခွေးမျိုးတွေမှာတော့ Lymphocytic Thyreoditis လို့ခေါ်တဲ့ 
 
သိုင်းရွှိုက်ဂလင်းယောင်ယမ်းခြင်းကအဖြစ်များတတ်ပါတယ်၊ 
 
အဲဒီလိုသိုင်းရွှိုက်ဂလင်းယောင်ယမ်းလာတဲ့အခါမှာလည်း သိုင်းရွှိုက် ဟိုမုန်းထုတ်လုပ်မှု 
 
လျှော့နည်းသွားပြီး Hypothyroidism ရောဂါဖြစ်ပွားလာတတ်ပါတယ်၊
 
Hypothyroidism ရောဂါဖြစ်ပွားလာရင် ပထမဦးဆုံးတွေ့ရတတ်တဲ့လက္ခဏာက အမွေးအမျှင် 
 
တွေဟာ ပျော့ပျော့ပြောင်းပြောင်းမရှိတော့ပဲ မာတောင့်တောင့်စတင်ဖြစ်လာပါတယ်၊ အဲဒီနောက် 
 
အခြားထူးခြားတဲ့လက္ခဏာဘာမှမရှိပဲ အမွှေးတွေကျွတ်ကျလာတတ်ပါတယ်။
 
 
များသောအားဖြင့် မေးစေ့အောက်ဖက် ၊ လည်ပင်းရဲ့အောက်ပိုင်းနေရာတွေ ၊ ရင်ဘတ်ပိုင်းနဲ့ 
 
 
ဝမ်းဗိုက်ရဲ့ဘေးဖက်တွေဉ၊ ပေါင်ရဲ့နောက်ဖက်ကနေရာတွေကအမွှေးတွေကျွတ်လာတတ်ပါတယ် ၊ 
 

အဲဒီနေရာတွေမှာအမွှေးတွေပြန်ပေါက်ဖို့အလွန်နှေးတဲ့အတွက် အဲဒီနေရာတွေမှာ ပြောင်သလင်းခါ 
 
နေတတ်ပါတယ်၊ လှုပ်ရှားမှုလေးလေးနည်းနည်းလုပ်လိုက်တာနဲ့မောလွယ်တာကိုသတိထားကြည့် 
 
ရင်သိနိုင်ပါတယ်။ 
 
(ကြီးထွားဟိုမုန်းချို့တဲ့ရင်လည်းအမွှေးတွေကျွတ်တတ်ပါတယ် ဒီ Link မှာဖတ်ရှုနိုင်ပါတယ်)
 
 
 
ခွေးဟာပုံမှန်ထက်ပိုပြီးအချိန်ကြာကြာအိပ်နေတတ်ပြီး အချိန်တိုအတွင်းမှာဝဖြိုးလာတတ်ပါတယ်၊ 
 
နှလုံးခုန်နှုန်းဟာပုံမှန်ထက်သိသိသာသာ နှေးကွေးလာလေ့ရှိပြီး ခွေးမတွေဆိုရင် မြိုင်ပေါ်တာ 
 
ရပ်တန့်သွားလေ့ရှိပါတယ်၊ အချိန်နည်းနည်းကြာလာတာနဲ့အမျှ တစ်ကိုယ်လုံးက အရေပြားတွေ 
 
ယောင်ယမ်းလာပြီး ကိုင်ကြည့်ရင်ထူခေါက်ခေါက်နဲ့ မာခြောက်ခြောက်ဖြစ်နေတတ်ပါတယ် ၊  
 
Hypothyroidism ဖြစ်ပွားမှုကြောင့် မျက်စေ့နာတာတို့ နားမကြားတာတို့လည်း ဖြစ်တတ်ပါသေး 
 
တယ်။
 
 
ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားတတ်တာကလည်း Hypothyroidism ရောဂါရဲ့ 
 
ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ်၊ ဒီရောဂါဖြစ်နေတဲ့ခွေးတွေကိုသွေးစစ်ကြည့်တဲ့အခါ 
 
သူတို့ရဲ့သွေးထဲမှာ ကိုလက်စထရောအဆီဓာတ်ပမာဏမြင့်တက်နေတာကို တွေ့ရလေ့ရှိပါ တယ်။
 
Hypothyroidism ဖြစ်ပွားနေတဲ့ခွေးဟာ အမူအယာပြောင်းလာပြီးဒေါသလည်းကြီးလာတတ်ပါ 
 
တယ်၊ အဲဒီလိုဒေါသကြီးတဲ့လက္ခဏာကို G.S.D ခွေးတွေမှာသိသိသာသာတွေ့ရတတ်ပါတယ်၊  
 
Hypothyroidism ဖြစ်ပွားနေပြီလို့သံသယရှိလာရင် သွေးကိုဖောက်ယူပြီး ဓာတ်ခွဲခန်းမှာ Total T4  
လို့ခေါ်တဲ့စစ်ဆေးမှုကိုပြုလုပ်ကြည့်ရပါတယ် ၊ အဖြေပေါ်လာရင် အဲဒီအဖြေကိုထပ်မံအတည်ပြု 
 
နိုင်ဖို့ Thyroid function test လို့ခေါ်တဲ့စစ်ဆေးမှုကိုလည်း ထပ်မံပြုလုပ်ကြည့်ရပါသေးတယ် ။ 
 
 
Hypothyroidism ရောဂါကိုလုံးဝပျောက်ကင်းအောင်ကုသဖို့ခက်ပါတယ် ဒါပေမယ့် လူတွေဖန်တီး 
 
ထုတ်လုပ်ထားတဲ့သိုင်းရွှိုက်ဟိုမုန်း L-thyroxine ကိုအသုံးပြုပြီးထိထိရောက်ရောက် သက်သာ 
 
အောင်တော့လုပ်ပေးနိုင်ပါတယ်၊ L-thyroxine ဆေးနဲ့ကုသပေးလိုက်တဲ့ခွေး တွေဟာ ရောဂါ 
 
လက္ခဏာတွေပြန်လည်သက်သာလာပြီး အမွှေးတွေလည်းပြန်ပေါက်လာလေ့ရှိပါတယ်။
 
နိုင်ငံခြားတိုင်းပြည်တွေကစီးပွားဖြစ်ခွေးသားပေါက်ခြံတွေမှာတော့ ရောင်းချဖို့အသင့်ဖြစ်နေ 
 
တဲ့ခွေးတွေကိုမှတ်ပုံတင်ရပါတယ်၊ မှတ်ပုံတင်နိုင်ဖို့ အတွက် ခွေးရဲ့အသက်(၁၂)လအရွယ်မှာ 
 
အရိုးရောဂါဖောင်‌ဒေးရှင်း(OFA) ထံမှာစစ်ဆေးမှုခံယူပြီး Hypothyroidism ရောဂါကင်းရှင်း 
 
ကြောင်းအသိအမှတ်ပြုလက်မှတ်ရယူထားဖို့လိုအပ်ပါတယ်။
 

ဆက်လက်ဖတ်ရှုလေ့လာလိုပါက လင့်ကိုနှိပ်ပါ - Link

Zawgyi
 
 
သွေးထဲမှာ သိုင်းရွိုက်ဟိုမုန်းပမာဏနည်းနေခြင်းကို Hypothyroidism လို့ခေါ်ပါတယ် ခွေးတွေမှာ Hypothyroidism လို့ခေါ်တဲ့Thyroxin ဟိုမုန်းနည်းတဲ့ရောဂါကအဖြစ်များပါတယ်
သိုင်းရွိုက်ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတဲ့သိုင်းရွိုက်ဂလင်းဟာ မေးရိုးရဲ့နောက်ဖက်လည်ပင်းရဲ့အထက် နားမှာရှိပြီး ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်မှုကိုထိမ်းချုပ်ပေးတဲ့ thyroxine (T4) ဟိုမုန်းနဲ့ triiodothyronine (T3)စတဲ့ဟိုမုန်းတွေကိုထုတ်လုပ်ပေးနေတာဖြစ်ပါ တယ်
အများစုကတော့မျိုးရိုးဗီဇကြောင့်သူတို့ရဲ့ကိုယ်ခံစွမ်းအားစနစ်ဖောက်ပြန်ပြီး သိုင်းရွိုက်ဂလင်းကို ပျက်စီးတဲ့ အတွက် Hypothyroidism ရောဂါဖြစ်လာတာဖြစ်ပါတယ် ဒီရောဂါဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တာများပေမယ့် အစားအသောက်နဲ့ပတ်ဝန်းကျင်အနေအထားကြောင့်လည်းဒီရောဂါဖြစ်လာနိုင်ပါတယ် ကြောင်တွေမှာတော့ hypothyroidism ဖြစ်တာအလွန်နည်းပြီး Hyperthyroidism လို့ခေါ်တဲ့Thyroxin ဟိုမုန်းလွန်ကဲတဲ့ရောဂါအဖြစ်များပါတယ်
အလတ်စားခွေးမျိုးတွေနဲ့ အကြီးစားခွေးမျိုးတွေမှာတော့ Lymphocytic thyreoditis လို့ခေါ်တဲ့ သိုင်းရွိုက်ဂလင်းယောင်ယမ်းတဲ့ရောဂါဖြစ်တဲ့အခါမှာ သိုင်းရွိုက်ဟိုမုန်းထုတ်လုပ်နိုင်မှုနည်းသွားပြီး Hypothyroidism ဖြစ်လာတတ်ပါတယ်
သိုင်းရွိုက်ဂလင်းပျက်စီးပြီးတော့ Hypothyroidism ရောဂါဖြစ်လာ ရင် ခန္တာကိုယ်ရဲ့ဇီဝလုပ်ငန်းဆောင်ရွက်
မှုတွေလည်း ပုံမှန်ထက်ကျဆင်းသွားပါတယ် ဒီရောဂါကအလယ်အလတ် အသက်အရွယ်ရှိတဲ့ခွေးတွေမှာ အဖြစ်များပြီး မျိုးစစ်ခွေးဖြစ်စေ မျိုးစပ်ခွေးဖြစ်စေအလတ်စားခွေးမျိုးတွေနဲ့ အကြီးစားခွေးမျိုးတွေမှာဖြစ်ပွား တတ်ပါတယ် အထူးသဖြင့် Golden Retriever, Doberman Pinscher နဲ့ Labrador Retrieve ခွေးအမျိုးအစားတွေမှာတော့ပိုပြီးအဖြစ်များတာတွေ့ရပါတယ်
Hypothyroidism ဖြစ်လာရင် ခွေးရဲ့အမွှေးအမျှင်တွေဟာပျော့ပျော့ပျောင်းပျောင်းမရှိတော့ပဲ မာတောင့်တောင့်ဖြစ်လာပါတယ် ကိုယ်ခန္တာမှာယားယံခြင်းမရှိပဲနဲ့ အလကားနေရင်း အမွှေးတွေကျွတ်လာ တတ်ပါတယ်များသောအားဖြင့်မေးစေ့အောက်လည်ပင်းအောက်ပိုင်းတို့ရင်ဘတ်ပိုင်း ဝမ်းဗိုက်ဘေးဖက်တွေ နဲ့ပေါင်ရဲ့နောက်ဖက်ပိုင်းတွေကအမွှေးတွေကျွတ်တာကိုတွေ့ရတတ်ပါတယ် အမွှေးအမျှင်တွေပြန်ပေါက်လာတာ အလွန်နှေးကွေးပြီး ပြောင်သလင်းခါနေတဲ့အတွက်အအေးဒဏ်ကို မခံနိုင်ဖြစ်လာတတ်ပြီး ခွေးဟာလေ့ကျင့်ခဏ်းနည်းနည်းလေးလုပ်လိုက်တာနဲ့ မောလွယ်တာကိုသတိထား ကြည့်ရင်သိနိုင်ပါတယ် ခွေးဟာပုံမှန်ထက်ပိုပြီးအချိန်ကြာကြာအိပ်နေတတ်ပြီး အချိန်တိုအတွင်းမှာဝလာတတ်ပါတယ်ခွေးရဲ့နှလုံးခုန်နှုန်ဟာနှေးကွေးလာတာ တတ်ပြီး ခွေးမတွေဆိုရင် မြိုင်ပေါ်တာရပ်တန့်သွားတတ်ပါတယ်
တစ်ကိုယ်လုံးကအရေပြားတွေယောင်ယမ်းလာတာမို့ထူခေါက်ခေါက်နဲ့မဲခြောက်ြေ ခာက်ဖြစ်နေတတ်ပါတယ်  hypothyroidism ကြောင့် မျက်စေ့နာတာတို့ နားမကြားတာတို့လည်းဖြစ်တတ်ပါသေးတယ်
ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားတတ်တာက Hypothyroidism ရောဂါရဲ့ထူးခြားချက်တစ်ခု လို့တောင်ပြောနိုင်ပါတယ်
ဒီရောဂါဖြစ်နေတဲ့ခွေးတွေကို သွေးစစ်ကြည့်တဲ့အခါ ခွေးအများစုရဲ့သွေးထဲမှာ ကိုလက်စထရောအဆီဓါတ် ပမာဏမြင့်တက်နေတာကိုတွေ့ရပါတယ်(Somatotropin ဟိုမုန်းပမာဏနည်းနေခြင်းကြောင့်အမွှေးကျွတ်ခြင်း Link ) hypothyroidismဖြစ်နေတဲ့ခွေးဟာအမူအယာပြောင်လာပြီးဒေါသလည်းကြီးလာ တတ်ပါတယ် ဒေါသလည်းကြီးလာတတ်တာကို GSD ခွေးတွေမှာ ပိုပြီးသိသိသာသာတွေ့ရတတ်ပါတယ်
ခွေးတွေမှာ Hypothyroidism ဖြစ်နေတယ်လို့သံသယရှိလာရင် သွေးကိုဖောက်ယူပြီး ဓါတ်ခွဲခန်းမှာ total T4 စစ်ဆေးမှုပြုလုပ်ရပါတယ် အဲဒီစစ်ဆေးမှုအဖြေကို အတည်ပြုနိုင်ဖို့ thyroid function test ကိုလည်း ထပ်လုပ်ရပါသေးတယ်
Hypothyroidism ရောဂါဟာ လုံးဝပျာက်ကင်းအောင်ကုဖို့ခက်ပါတယ် ဒါပေမယ့် လူတွေဖန်တီးထားတဲ့ သိုင်းရွိုက်ဟိုမုန်း L-thyroxine က သက်သာအောင်တော့ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ပါတယ်
အဲဒီလိုကုသပေးရင်တော့ ရောဂါလက္ခဏာတွေသက်သာလာပြီး အမွှေးတွေလည်းပြန်ပေါက်လာမှာဖြစ်ပါ တယ်
နိုင်ငံခြားကစီးပွားဖြစ်ခွေးခြံတွေမှာတော့သားဖောက်ရောင်းချမယ့်ေ ခွးတွေကိုမှတ်ပုံတင်နိုင်ဖို့အတွက်အသက် (၁၂)လအရွယ်မှာတိရစ္ဆာန်အရိုးရောဂါဖောင်ဒေးရှင်းအဖွဲ့(OFA)ကဆေးစစ်မှုတွေပြု လုပ်ပြီးHypothyroidism ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးထားလေ့ရှိပါတယ်
 Hypothyroidism ရောဂါစစ်ဆေးပုံဖတ်ရနမ LINK ကိုနှိပ်ပါ   LINK

0 မှတ်ချက်များ to “အမွှေးကျွတ်ခြင်း(ခွေး) Hypothyroidism”

Post a Comment