«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Sept 2020

အမွှေးကျွတ်အဆစ်ယောင်ရောဂါ (Systemic Lupus Erythematosus)

,

Read in Zawgyi

ဒီရောဂါကတော့ တစ်ချို့ခွေးကြောင်တွေမှာသူတို့ရဲ့ ထူးခြားတဲ့ဗီဇကြောင့်ခန္တာကိုယ်ရဲ့ခုခံစွမ်းအား 

စနစ်ဟာဆောင်ရွက်မှုတွေလွဲပြီးဖြစ်ရတာပါ ၊ ရောဂါဖြစ်တဲ့ခွေးကြောင်တွေဟာ အမွှေးတွေအတော်

များများကျွတ်ကုန်ပြီး အရိုးအဆစ်တွေယောင်လာတဲ့အတွက် လမ်းကောင်းကောင်းမလျှောက်နိုင်

ဖြစ်နေတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

အဲဒီလိုဖြစ်တဲ့ခွေးတွေမှာ သူတို့ရဲ့ခုခံစွမ်းအားစနစ်ဟာသူတို့ရဲ့ခန္တာကိုယ်ထဲကအစိတ်အပိုင်းတွေကို 

ရန်သူအဖြစ်အမှတ်မှားပြီးပြန်လည်တိုက်ခိုက်နေတဲ့အတွက်ဒီလိုရောဂါလက္ခဏာတွေဖြစ်လာရတာ 

ဖြစ်ပါတယ်။


သူတို့ရဲ့ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်ထဲကအစိတ်အပိုင်းအားလုံးလိုလိုကို 

တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်၊ အဲဒီလိုဖြစ်တဲ့ခွေးကြောင်တွေဟာ နေရောင်နဲ့ထိတွေ့မိရင် 

ရောဂါအခြေအနေကပိုဆိုးလာတတ်တယ်ဆိုတာကိုသိထားသင့်ပါတယ်။ 

 

ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်ထဲကသွေးကိုလည်းဖျက်ဆီးတဲ့အပြင် နှလုံး ၊ 

ဦးနှောက် ၊ကျောက်ကပ် ၊ အသားဆိုင်တွေအပြင် ၊ အရေပြားနဲ့အရိုးအဆစ်တွေကိုလည်းတိုက်ခိုက် 

ဖျက်ဆီးလေ့ရှိပါတယ်။

 

ကျောက်ကပ်ကိုတိုက်ခိုက်ခံရတဲ့အခါ ကျောက်ကပ်ယောင်တဲ့ဝေဒနာတွေခံစားလာရပါတယ်၊ 

သွေးကိုတိုက်ခိုက်ခံရတဲ့အခါ ဆီးသွားရင်အညိုရောင်ဆီးတွေသွားပါတယ် ၊ ဒီအဆင့်မှာအချိန်မီ   

ကုသမှုမလုပ်ခဲ့ရင် တဖြည်းဖြည်းနဲ့သွေးအားအရမ်းနည်းလာပြီးမောဟိုက်လာတတ်ပါတယ်။
 

ခုခံစွမ်းအားစနစ်ကိုယ်တိုင်က သူတို့ရဲ့ခန္တာကိုယ်အရေပြားကိုတိုက်ခိုက်တဲ့အခါ အရေပြားဟာ 

ထူခေါက်ခေါက်ဖြစ်လာပြီး အကြေးဖတ်တွေလိုအထပ်လိုက်အထပ်လိုက်ကွာလာတတ်ပါတယ်၊ 

သေချာကြည့်ရင်အရေပြားဟာဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပြီး အမွှေးတွေကျွတ်ကုန်တဲ့အတွက် 

တစ်ကိုယ်လုံးမြင်မကောင်းအောင်ဖြစ်နေတတ်ပါတယ် ။
 

ခုခံစွမ်းအားစနစ်က ဦးနှောက်နဲ့အာရုံကြောစနစ်ကိုတိုက်ခိုက်တဲ့အခါကျတော့ နားရွက် ၊အမြီးနဲ့ 

နောက်ခြေထောက်တွေ တဆတ်ဆတ်တုန်နေတတ်ပါတယ် ၊ အလကားနေရင်းလန့်နေတတ်ပြီး 

ဂဏာမငြိမ်ဖြစ်ကာအော်ညဉ်းနေတတ်ပါတယ် ။

 

အများဆုံးအတိုက်ခိုက်ခံရတာကတော့အရေပြားနဲ့အရိုးအဆစ်တွေပဲဖြစ်ပါတယ်၊လမ်းလျှောက်ရင် 

ဒယီးဒယိုင်ဖြစ်တာမျိုး ထော့နဲ့ထော့နဲ့လည်းဖြစ်တတ်ပါတယ်။

 

ဒီလိုလက္ခဏာတွေခံစံစားနေရတဲ့တိရစ္ဆာန်ရဲ့သွေးကိုဖောက်ယူပြီး ဓါတ်ခွဲခန်းမှာသွေးရည်ကြည်ကို

Antinuclear antibody (ANA) test စစ်ဆေးမှုလုပ်ကြည့်လို့ အဖြေမှန်နေရင်၊ဒီရောဂါဖြစ်ကြောင်း 

အသေအခြာပြောနိုင်ပြီဖြစ်ပါတယ်။

 

ဒီရောဂါကိုကုသတဲ့အခါမှာ ရောဂါခံစားနေရတဲ့ခွေးကြောင်တွေကို နေရောင်နဲ့မထိတွေအောင်ထား

ဖို့လိုပါတယ်။

 

ခြေထောက်ယိုင်တာသိပ်မဆိုးရင်တော့ စတီးရွိက်မဟုတ်တဲ့ အယောင်လျှော့ဆေးတွေပေးရပါတယ်

Carprofen  ဆိုတဲ့ဆေးကို နေ့စဉ် (4.4 mg/kg) နှုံးနဲ့တစ်ကြိမ် Etodolac ဆိုတဲ့ဆေးဆိုရင် နေ့စဉ် 

(15mg/kg) နှုံးနဲ့တစ်ကြိမ် Meloxicam ဆိုတဲ့ဆေးဆိုရင် နေ့စဉ် (0.1 mg/kg ) နှုံးနဲ့တစ်ကြိမ် 

တိုက်ကျွေးပေးရပါမယ် ၊ ကြိုက်နှစ်သက်ရာဆေးတစ်မျိုးကိုသာတိုက်ကျွေးရမှာဖြစ်ပါတယ်။


ရောဂါအခြေအနေပြင်းထန်တဲ့ ခွေးကြောင်တွေဆိုရင်တော့  azathioprine (IMURAN)  စားဆေးကို

တိုက်ပြီး  Hydrocortine ထိုးဆေးကိုထိုးနှံပေးရပါမယ်၊ ထိုးဆေးထိုးဖို့ အခက်အခဲရှိနေရင်တော့

စတီးရွိုက်အယောင်လျှော့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးနိုင်ပါတယ်။ ဒီလိုကုသမှုကို 

ရောဂါလက္ခဏာတွေပျောက်ကင်းသွားတဲ့အထိဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “အမွှေးကျွတ်အဆစ်ယောင်ရောဂါ (Systemic Lupus Erythematosus) ”

Post a Comment