«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Dec 2019

အရေပြားမဲနက်အဆီထွက်ရောဂါ((Acanthosis Nigricans)

,
Acanthosis nigrans ဆိုတာကတော့ အရေပြားဟာထူခေါက်ခေါက်ဖြစ်လာပြီးအနက်ရောင်ပြောင်း သွားတဲ့ရောဂါတစ်ခုလို့သိထားသင့်ပါတယ်
သာမန်အားဖြင့် ဒီရောဂါဟာခွေးအမျိုးအစားတိုင်းမှာဖြစ်ပွားနိုင်ပေမယ့် Dachshunds ခွေးမျိုးတွေမှာပိုပြီး အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်၊Dachshundsခွေးမျိုးတွေမှာဒီရောဂါဖြစ်ပွားလာရင်တော့ပျောက်ကင်း အောင်ကုသလို့မရနိုင်ပါဘူး၊ ကျန်တဲ့ ခွေးအမျိုးအစားအားလုံးမှာတော့ အင်ဒိုခရိုင်းစနစ်နဲ့ပတ်သက်တဲ့ ရောဂါ တွေ၊အရေပြားယားယံတဲ့ရောဂါတွေနဲ့အဝလွန်ရောဂါတွေဖြစ်ပွားတဲ့အခါမှာဒီရောဂါကနောက်ဆက်တွဲ ရောဂါအဖြစ်ဆက်လက်ဖြစ်ပွားခြင်း ဖြစ်တဲ့အတွက်ကြောင့်မူလဖြစ်ပွားတဲ့ရောဂါကိုပျောက်ကင်းအောင်ရှာဖွေ ကုသနိုင်ရင်နောက်ဆက်တွဲဖြစ်ပွားတဲ့အရေပြားအဆီထွက်ရောဂါ ((Acanthosis Nigricans)ဟာလည်း ပျောက်ကင်း သွားနိုင်ပါတယ်
များသောအားဖြင့်အရေပြားမဲနက်အဆီထွက်ရောဂါ((Acanthosis Nigricans)ဟာအသက်အရွယ်ငယ် တဲ့ (၁)နှစ်သားအောက်ခွေးငယ် လေးတွေမှာပိုပြီးအဖြစ်များလေ့ရှိပါတယ်
ဒီရောဂါဖြစ်လာပြီဆိုရင်နားရွက်၊ဂျိုင်းကြားနဲ့ဝမ်းဗိုက်ရဲ့နောက်ဖက်နေရာကအရေပြားတွေမှာနေရာ ကွက်ကြားအပြောင်းအလဲတွေဖြစ်လာ လေ့ရှိပါတယ်၊အဲဒီနေရာတွေကအရေပြားတွေဟာ   အနက်ရောင် ပြောင်းလာပြီးသေချာစစ်ဆေးကြည့်ရင် ချဉ်စုပ်စုပ်အနံ့ရှိတဲ့အဆီတွေ စိမ့်ထွက်နေတာကိုတွေ့နိုင်ပါတယ်၊ ရောဂါဖြစ်တဲ့အရေပြားနေရာမှာရှိတဲ့အမွှေးတွေကျွတ်ထွက်ကုန်ပြီးအဲဒီနေရာကိုတွေကိုထိရင်နာကျင်တာကို တွေ့ရမှာဖြစ်ပါတယ်၊ အနက်ရောင်ဖြစ်နေတဲ့အရေပြားအကွက်ရဲ့အနားသတ်လိုင်း တစ်လျှောက်မှာတော့ နီရဲပြီးယောင်ယမ်းနေတာကိုတွေ့နိုင်ပါတယ်
အဲဒီလိုအခြေအနေမျိုးမှာအရေပြားထဲကိုပြင်ပကရောဂါပိုးတွေထပ်မံဝင်ရောက်လာရင်တော့အရေပြားမဲနက် နေမှုဟာ ပိုမိုကျယ်ပြန့်လာပြီး အဆီတရွဲရွဲဖြစ်လာတတ်ပါတယ်
Dachshunds ခွေးမျိုးတွေမှာအရေပြားမဲနက်အဆီထွက်ရောဂါ((Acanthosis nigrans)ဖြစ်ပွားလာရင် လုံးဝပျောက်ကင်းအောင်ကုသဖို့ အလွန်ခက်ပြီးအခြေအနေဆက်မဆိုးလာအောင်သာထိမ်းထားပေးနိုင်မှာ ဖြစ်ပါတယ်
ဒီရောဂါဖြစ်ပွားကြောင်းသိလျှင်သိချင်း ခွေးဆီမထွက်အောင်ထိမ်းပေးထားနိုင်တဲ့ ရေချိုးဆပ်ပြာရည် Antiseborrhea shampoos နဲ့ ရက်သတ္တတစ်ပါတ်လျှင်(၂)ကြိမ်ရေချိုးပေးသင့်ပြီး ၊ကျန်တဲ့ရက်တွေ မှာတော့ပိုးသတ်ဆေးပါတဲ့ရေချိုးဆပ်ပြာရည် Antimicrobial shampooနဲ့ နေ့စဉ်ရေချိုးပေးသင့် ပါတယ်၊အဲဒီနောက် Triamcinolone acetate ဖျန်းဆေး(သို့) Betamethasone valerate ointment လိမ်းဆေးကိုလိမ်းကျံပေးနိုင်ပါတယ်၊
ဒီရောဂါဖြစ်နေတဲ့ခွေးတွေကိုစတီးရွိုက်ဆေးတွေထိုးနှံခြင်း၊တိုက်ကျွေးပေးခြင်းအားဖြင့်အခြေအနေဆက် ဆိုးမလာအောင်ထိမ်းထားပေး နိုင်ပါတယ်
တစ်ချို့ခွေးတွေမှာ ဗီတာမင်”E”ကို (၂၀၀)မီလီဂရမ်နှုန်းနဲ့မနက်(၁)ကြိမ်နေ့စဉ်တိုက်ကျွေးပေးခြင်းကို glucocorticoidsစားဆေး တစ်မျိုးမျိုးကိုပူးတွဲတိုက်ကျွေးပေးခြင်းအားဖြင့် သိသိသာသာသက်သာလာ တာကိုလည်းတွေ့ရတတ်ပါတယ်၊ ဒီလိုကုသနေစဉ်အတွင်းတခါတရံမှာYeastရောဂါပိုးတွေဝင်ရောက်လာ မှုကိုလည်းကြုံရတတ်ပါသေးတယ်၊အဲဒီအခါမျိုးမှာတော့ Itraconazole (သို့)  Ketoconazole စားဆေး ကို (5–10 mg/kg)နှုန်းနဲ့နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်
ရောဂါဖြစ်နေတဲ့အရေပြားချင်းပွတ်တိုက်ပြီးအနာတွေထပ်မံဖြစ်ပွားလာနိုင်တာမို့အလွန်အမင်းဝမလာအောင် အစာကိုချင့်ချိန်ကျွေးပေး ဖို့လည်းလိုအပ်ပါတယ်
အရေပြားအဆီထွက်ရောဂါ((AcanthosisNigricans)ဘာကြောင့်ဖြစ်ပွားလာရတယ်ဆိုတဲ့အကြောင်းရင်းဟာ ပညာရှင်တွေအဖို့ ယနေ့ထိတိုင်ပဟေဠိတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါကြောင်းတင်ပြလိုက်ပါတယ်။

0 မှတ်ချက်များ to “အရေပြားမဲနက်အဆီထွက်ရောဂါ((Acanthosis Nigricans)”

Post a Comment