«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2017

ကော့ဆီးဒီးယားဝမ်းပျက်ရောဂါ(Coccidiosis)

,
ဒီရောဂါကတော့ကြောင်ကြီးတွေမှာလည်းဖြစ်တတ်ပေမယ့်မွေးကာစကြောင်ပေါက်စလေးတွေမှာ အများဆုံး
ဖြစ်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊ ကုသပေးလို့ပြန်လည်ကောင်းမွန်လာတဲ့ကြောင်တွေဆီမှာရောဂါပိုးက
အမြဲရှိနေတတ်ပြီး ရောဂါကိုဆက်လက်ကူးစက်စေနိုင်ပါသေးတယ်
ကော့ဆီးဒီးယားပိုးအမျိုးမျိုးရှိပါတယ် ၊ ကြောင်တွေမှာဖြစ်ပွားတဲ့ပိုးရဲ့အမည်ကတော့ Cystoisospora felis
ဖစ်ပါတယ်

ဒီပိုးကငှက်နဲ့အခြားတိရစ္ဆာန်တွေဆီမှာလည်းခိုအောင်းနေတတ်ပြီးအဲဒီငှက်နဲ့အခြားတိရစ္ဆာန်တွေရဲ့အသား 
ကို ကြောင်တွေကစားမိတဲ့အခါမှာ ကြောင်တွေဟာရောဂါဖြစ်လာကြတာဖြစ်ပါတယ်
မိခင်ကြောင်မကြီးမှာ ဒီရောဂါပိုးရှိနေရင် ကြောင်ပေါက်စလေးတွေဆီကိုကူးစက်နိုင်ပါတယ် ၊ ရောဂါပိုးကို 
အစာနဲ့အတူရောနှောစားသောက်မိပြီးနောက် ၊ အူနံရံတွေအတွင်းမှာ ပွားများလာကြပါတယ် ၊ 
(၇)ရက်လောက်အကြာမှာ ရောဂါလက္ခဏာတွေစတင်ပေါ်ပေါက်လာတတ်ပါတယ် ၊ ၀မ်းပျက်လာပါမယ် ၊ 
ရောဂါအရှိန်မြင့်လာရင် အကျိအချွဲနဲ့သွေးရောင်ပါတဲ့ဝမ်းသွားလာပါတယ် ၊ 
ရောဂါအလွန်ပြင်းထန်လာတဲ့အခါသွေးဝမ်းတွေသွားတတ်ပါတယ် ၊ ဒီရောဂါဖြစ်ပွားတဲ့ကြောင်ေးတွေဟာ
ပိန်ချုံးပြီးအားနည်းသလိုဖြစ်နေတတ်ပါတယ် ၊ မျက်လုံးကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့နိုင်
ပါတယ် 


သူတို့ရဲ့ဝမ်းတွေကို ဓါတ်ဆားရည်နဲ့ဖျော်ပြီးပြန်လည်အနည်ထိုင်ချိန်မှာ အပေါ်ယံအရည်ကြည်ကိုရယူပြီး 
အဏုကြည့်မှန်ပြောင်းအောက်မှာကြည့်ရင် ဒီရောဂါပိုးတွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် 
ရောဂါဖြစ်နေတဲ့ကြောင်တွေကို ဓါတ်ဆားရည်များများတိုက်ပေးသင့်ပါတယ် ၊အခြေအနေအရမ်းဆိုးနေ
ရင်တော့ ဓါတ်ဆားရည်ကိုအကြောထဲကနေသွင်းပေးနိုင်ပါတယ် ၊ 
သွေးအားတိုးမယ့်ဆေးတွေကိုတိုက်ကျွေးထိုးနှံပေးရပါမယ် ၊ ဆာလဖာစားဆေးတွေနဲ့ နိုက်တြိုဖျူရာဇုန်း
စားဆေးတွေကိုတိုက်ကျွေးကုသပေးနိုင်ပါတယ် ၊ 
ရောဂါဖြစ်တဲ့ကြောင်တွေနေတတ်တဲ့နေရာတွေကိုပိုးသတ်ဆေးရည်ပက်ဖျန်းသင့်ပါတယ် ၊ 
ရေနွေးပွက်ပွက်ဆူကိုဖျန်းပေးတဲ့နည်းနဲ့လည်း ရောဂါပိုးတွေကို သုပ်သင်ပစ်နိုင်ပါတယ် ၊ 
ရောဂါပိုးရှိနေတဲ့ကြောင်တွေကို လုံးဝပျောက်ကင်းသွားသည်အထိ  ဆေးကိုမှန်မှန်တိုက်ကျွေးဖို့လိုအပ်
ပါတယ် ။

0 မှတ်ချက်များ to “ကော့ဆီးဒီးယားဝမ်းပျက်ရောဂါ(Coccidiosis)”

Post a Comment