«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Jan 2020

Rhinosporidiosis (နှာခေါင်းအတွင်းကြွက်နို့ပေါက်ခြင်း)

,
ခွေးကြောင်တွေအပါအဝင် တိရစ္ဆာန်တွေရဲ့နှာခေါင်းအတွင်းဖက်နံရံတွေမှာကြွက်နို့ပုံသဏ္ဌာန်အဖု 
 
သေးသေးလေးတွေဖြစ်လာတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ဒီရောဂါဟာ Rhinosporidium 
 
seeberi  လို့ခေါ်တဲ့မှိုကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး အသက်အန္တရာယ်မရှိပေမယ့် နာတာရှည်ခံစား 
 
ရတဲ့ရောဂါတစ်ခုဖြစ်ပါတယ် အကြောင်းတစ်ခုခုကြောင့်နှာခေါင်းရဲ့အတွင်းဖက်နံရံတွေမှာ ဒါဏ်ရာ 
 
အနာတရဖြစ်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ Rhinosporidium seeberi မှိုတွေဝင်ရောက်နေရာ 
 
ယူလာပြီး ဒီရောဂါဖြစ်လာရတယ်လို့ယူဆကြပါတယ်။
 
 
ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့နှာခေါင်းအတွင်းဖက်နံရံတွေမှာ ကြွက်နို့ပုံသဏ္ဌာန် ပန်းရောင်ရှိတဲ့အဖု 
 
သေးသေးလေးတွေပေါ်လာတတ်ပြီး လက်နဲ့စမ်းသပ်ကြည့်ရင်အဖုလေးတွေဟာခပ်ပျော့ပျော့လေး 
 
တွေဖြစ်ပြီး ဖိလိုက်ရင်ကြေမွသွားတာကိုတွေ့ရတတ်ပါတယ် ၊အဲဒီအဖုလေးတွေဟာတဖြည်းဖြည်း 
 
ကြီးမားလာကြပြီးနှာခေါင်းကိုပိတ်သွားတတ်ပါတယ်။

 
နှာခေါင်းထဲမှာကြွက်နို့လိုအဖုလေးတွေပေါက်လာတတ်တဲ့အခြားရောဂါတွေလည်းရှိပါသေးတယ် 
 
အဲဒီရောဂါတွေကတော့ Aspergillosis, Entomophthoromycosis, Nasal granuloma, နဲ့  
 
Cryptococcosis စတဲ့ရောဂါတွေဖြစ်ပါတယ် ၊ အဲဒီရောဂါတွေနဲ့ခွဲခြားသိရှိနိုင်ဖို့အတွက်ဆိုရင် 
 
နှာခေါင်းအတွင်းထဲကအသားစကိုယူပြီး စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။
 
 
ဒီရောဂါဖြစ်တာသေချာရင်တော့ Amphotericin B နဲ့ itraconazole စတဲ့မှိုသတ်ဆေးတွေနဲ့ကုသ 
 
လေ့ရှိပေမယ့်ပျောက်ကင်းအောင်ကုသဖို့ အတော်လေးခက်ခဲတတ်ပါတယ်။ 
 
နှာခေါင်းထဲကအဖုလေးတွေကို ခွဲစိပ်ဖြတ်တောက်ပြီးထုတ်ပစ်ရင်တောင်မှ မကြာခင်မှာပဲ 
 
အဖုတွေပြန်ဖြစ်လာလေ့ရှိပါတယ်

0 မှတ်ချက်များ to “Rhinosporidiosis (နှာခေါင်းအတွင်းကြွက်နို့ပေါက်ခြင်း)”

Post a Comment