«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Aug 2012

ကြောင်များအမွှေးလဲခြင်း

,
Unicode
 
ကြောင်တွေဟာ ရာသီဥတုနဲ့အပူချိန်အပေါ်မူတည်ပြီးတော့ အမွှေးလဲခြင်းပြုကြတယ်လို့ တစ်ချို့
 
သူတွေကထင်ကြတယ် ၊ အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး ၊ ကြောင်တွေဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ 
 
ဖြစ်ပေါ်နေတဲ့ အလင်းရောင်အနည်းအများ ရရှိမှုအပေါ်မှာမူတည်ပြီးတော့ အမွှေးလဲခြင်းအလုပ်ကို
 
ပြုလုပ်ကြတာဖြစ်ပါတယ် ၊ အလင်းရောင်ရရှိမှုများလာရင် အမွှေးလဲတာမြန်ပါတယ်
 
 
အိမ်ပြင်မှာတစ်နေ့လုံးနေတတ်တဲ့ကြောင်တွေဟာ ဆောင်းရာသီနှောင်းပိုင်းမှာ အမွှေးလဲလေ့ရှိကြ 
 
ပါတယ်  ၊ တစ်ရက်လုံးမှာနာရီပိုင်းလောက်ပဲ အိမ်အပြင်ကိုထွက်လေ့ရှိကြတဲ့ ကြောင်တွေကျတော့ 
 
နွေဦးပိုင်းမှာ အမွှေးလဲလေ့ရှိကြပါတယ် ၊ အိမ်ထဲမှာပဲတစ်နေကုန်နေလေ့ရှိတဲ့ကြောင်တွေကျတော့ 
 
အလင်းရောင်ရရှိမှုကလည်း တစ်သမတ်တည်းလိုလိုရရှိနေတာကြောင့် အမွှေးကို အမြန်ကြီး
 
ခပ်ကြမ်းကြမ်းလဲတာမျိုးမဖြစ်ပဲပါးပါးလေးနဲ့တစ်နှစ်ပတ်လုံးအချိန်ပြည့်လိုလို အမွှေးလဲနေတတ်
 
တာကိုတွေ့နိုင်ပါတယ်
 
 
များသောအားဖြင့်ကြောင်တွေမှာ အမွှေးအမျှင်နှစ်ထပ်ရှိတာကို လူတိုင်းမသိကြပါဘူး၊အမှန်တော့  
 
ဒီဘွန်ကြောင်မျိုးနဲ့ကောနစ်ကြောင်မျိုးတွေကလွဲလို့ ကြောင်တွေမှာရှည်လျှားပြီးအနည်းငယ်ကြမ်း 
 
တဲ့အပြင်လွှာနဲ့ နူးညံ့ပြီးပျော့ပြောင်းတဲ့အတွင်းလွှာဆိုပြီး အမွှေးနှစ်ထပ်ရှိပါတယ်
 
 
အိမ်အပြင်ထွက်တတ်တဲ့ကြောင်တွေရဲ့ အတွင်းလွှာမှာ အမွှေးလဲရင် ခပ်မြန်မြန်နဲ့နေရာကွက်ကြား
 
လဲတတ်တာမို့ ရုတ်တရက်ကြည့်လိုက်ရင် ပိုးစားထားသလိုမျိုး ကွက်တိကွက်ကြားဖြစ်နေတာတွေ့
 
ရပါလိမ့်မယ် ၊ ဒါဟာသဘာဝပဲမို့ ဘာရောဂါမှ မဟုတ်ပါ ဒါပေမယ့် အဲဒီလို အမွှေးလဲနေတဲ့အချိန်မျိုး
 
မှာ အမွှေးတွေကြောင့် အရေပြားယားယံပြီး အင်ပြင်လိုအရေပြားယောင်ယမ်းတာမျိုးတွေဖြစ်တတ်
 
ပါတယ်
 
 
ဒါကြောင့်မို့ ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ့ နေ့စဉ်ဖြီးပေးပြီး ကျွတ်ထွက်နေတဲ့အမွှေးတွေကို 
 
ဖယ်ရှားပေးသင့်ပါတယ် ၊ အိမ်ထဲမှာ အမြဲနေတတ်တဲ့ကြောင်တွေမှာတော့ အမွှေးလဲတာက 
 
တစ်နှစ်ပတ်လုံးမှန်မှန်လေးဖြစ်နေတာမို့ ဒီလိုကွက်တိကွက်ကြားဖြစ်တာမျိုးမရှိပါဘူး ၊ တစ်ပတ်
 
တစ်ခါလောက် ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ့ ဖြီးပေးရင်အမြဲလို လှပစိုပြေနေပါလိမ့်မယ် ၊ 
 
နောက်ပြီးတော့ ကြောင်ကလေးတွေရဲ့ခန္တာကိုယ်မှာရှိတဲ့ အမွှေးတွေရဲ့အရောင်အနုအရင့်ဟာ 
 
ပေါက်ရောက်နေတဲ့နေရာကိုလိုက်ပြီးပြောင်းလဲတတ်ပါတယ် ခန္တာကိုယ်ရဲ့ အစွန်အဖျားနေရာတွေ
 
မှာရှိတဲ့အမွှေးတွေဟာ အရောင်ပိုပြီးရင့်တာကို သတိထားမိကြပါလိမ့်မယ် ၊ အဲဒါဟာ ခန္တာကိုယ်ရဲ့
 
အပူချိန်ရရှိမှုကြောင့်ဖြစ်ပါတယ်၊ အပူချိန်လျှော့နည်းရရှိတဲ့နေရာတွေမှာရှိတဲ့ အမွှေးအမျှင်တွေဟာ 
 
အရောင်ပိုပြီးရင့်နေတတ်ပါတယ်။
 
 
မိမိကြောင်ရဲ့ခန္တာကိုယ်တစ်ခြမ်းကို အမွှေးခပ်ပါးပါးသာရှိနေအောင်ညီညီညာညာညှပ်ပေးထားရင်
 
အမွှေးတွေဟာကျန်တစ်ဖက်ထက်ပိုပြီးအရောင်ရင့်လာတာကိုတွေ့ရပါလိမ့်မယ်၊အဲဒါဟာခန္တာကိုယ် 
 
ရဲ့အပူချိန်ကို လျှော့နည်းရရှိတဲ့အတွက်ကြောင့်ပါပဲ ၊ အမွှေးတွေရှည်လာပြီးတဲ့နောက် ၊ အမွှေးလဲမှု
 
ဖြစ်စဉ်ဖြစ်ပေါ်ပါလိမ့်မယ်၊အဲဒီနောက်ထပ်မံပေါက်လာတဲ့အမွှေးတွေကျတော့ပုံမှန်အရောင်အတိုင်း 
 
ပဲပြန်လည်ပေါက်ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

Zawgyi
ကြောင်တွေဟာ ရာသီဥတုနဲ့အပူချိန်အပေါ်မူတည်ပြီးတော့ အမွှေးလဲခြင်းပြုကြတယ်လို့ တစ်ချို့လူတွေကထင်ကြတယ်အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး ၊ ကြောင်တွေဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ အလင်းရောင်အနည်းအများ ရရှိမှုအပေါ်မှာမူတည်ပြီးတော့ အမွှေးလဲခြင်းအလုပ်ကိုပြုလုပ်ကြတာဖြစ်ပါတယ်အလင်းရောင်ရရှိမှုများလာရင် အမွှေးလဲတာမြန်ပါတယ် အိမ်ပြင်မှာတစ်နေ့လုံးနေတတ်တဲ့ကြောင်တွေဟာ ဆောင်းရာသီနှောင်းပိုင်းမှာ အမွှေးလဲလေ့ရှိကြပါတယ်  ၊ အိမ်အပြင်ကို တစ်ရက်လျှင် နာရီပိုင်းလောက်ပဲနလေ့ရှိကြတဲ့ကြောင်တွေကျတော့ နွေဦးပိုင်းမှာ အမွှေးလဲလေ့ရှိကြပါတယ်အိမ်ထဲမှာပဲ တစ်နေကုန်နေလေ့ရှိတဲ့ကြောင်တွေကျတော့ အလင်းရောင်ရရှိမှုကလည်း တစ်သမတ်တည်းလိုလိုရရှိနေတာကြောင့် အမွှေးကို အမြန်ကြီးခပ်ကြမ်းကြမ်းလဲတာမျိုးမဖြစ်ပဲ ပါးပါးလေးနဲ့ တစ်နှစ်ပတ်လုံးအချိန်ပြည့်လိုလို အမွှေးလဲနေတတ်တာတွေ့နိုင်ပါတယ်များသောအားဖြင့်ကြောင်တွေမှာ အမွှေးအမျှင်နှစ်ထပ်ရှိတာကို လူတိုင်းမသိကြပါဘူးရှည်လျှားပြီးအနည်းငယ်ကြမ်းတမ်းတဲ့ အပြင်လွှာနဲ့ နူးညံ့ပြီးပျော့ပြောင်းတဲ့ အတွင်းလွှာဆိုပြီးနှစ်ထပ်ရှိပါတယ်( ဒီဘွန်ကြောင်မျိုးနဲ့ကောနစ်ကြောင်မျိုးတွေကလွဲလို့) အိမ်အပြင်ထွက်တတ်တဲ့ကြောင်တွေရဲ့ အတွင်းလွှာမှာ အမွှေးလဲရင် ခပ်မြန်မြန်နဲ့နေရာကွက်ကြားလဲတတ်တာမို့ ရုတ်တရက်ကြည့်လိုက်ရင် ပိုးစားထားသလိုမျိုး ကွက်တိကွက်ကြားဖြစ်နေတာတွေ့ရပါလိမ့်မယ်ဒါဟာသဘာဝပဲမို့ ဘာရောဂါမှ မဟုတ်ပါ 
ဒါပေမယ့် အဲဒီလို အမွှေးလဲနေတဲ့အချိန်မျိုးမှာ အမွှေးတွေကြောင့် အရေပြားယားယံပြီး အင်ပြင်လို အရေပြားယောင်ယမ်းတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ့ နေ့စဉ်ဖြီးပေးပြီး ကျွတ်ထွက်နေတဲ့အမွှေးတွေကို ဖယ်ရှားပေးသင့်ပါတယ်အိမ်ထဲမှာ အမြဲနေတတ်တဲ့ကြောင်တွေမှာတော့ အမွှေးလဲတာက တစ်နှစ်ပတ်လုံးမှန်မှန်လေးဖြစ်နေတာမို့ ဒီလိုကွက်တိကွက်ကြားဖြစ်တာမျိုးမရှိပါဘူးတစ်ပတ်တစ်ခါလောက် ကြောင်အမွေးဖြီးတဲ့ဘရပ်(ချ)နဲ ဖြီးပေးရင်အမြဲလို လှပစိုပြေနေပါလိမ့်မယ်နာက်ပြီးတော့ ကြောင်ကလေးတွေရဲ့ခန္တာကိုယ်မှာရှိတဲ့ အမွှေးတွေရဲ့အရောင်အနုအရင့်ဟာ ပေါက်ရောက်နေတဲ့နေရာကိုလိုက်ပြီးပြောင်းလဲတတ်ပါတယ် ခန္တာကိုယ်ရဲ့ အစွန်အဖျားနေရာတွေမှာရှိတဲ့အမွှေးတွေဟာ အရောင်ပိုပြီးရင့်တာကို သတိထားမိကြပါလိမ့်မယ်အဲဒါဟာ ခန္တာကိုယ်အပူချိန်ရရှိမှုကြောင့်ဖြစ်ပါတယ် အပူချိန်လျှော့နည်းရရှိတဲ့နေရာတွေမှာရှိတဲ့ အမွှေးအမျှင်တွေဟာ အရောင်ပိုပြီးရင့်နေပါလိမ့်မယ် သင့်ကြောင်ကလေးရဲ့ ခန္တာကိုယ်တစ်ခြမ်းကို အမွှေးခပ်ပါးပါးသာရှိနေအောင် ညီညီညာညာ ညှပ်ပေးထားလျှင် အမွှေးတွေဟာ ကျန်တစ်ဖက်ထက်ပိုပြီးအရောင်ရင့်လာတာကိုတွေ့ရပါလိမ့်မယ် အဲဒါဟာ ခန္တာကိုယ်ရဲ့အပူချိန်ကို လျှော့နည်းရရှိတဲ့အတွက်ကြောင့်ပါပဲအမွှေးတွေရှည်လာပြီးတဲ့နောက် အမွှေးလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပါလိမ့်မယ်အဲဒီနောက်ထပ်မံပေါက်လာတဲ့ အမွှေးတွေကျတော့ ပုံမှန်အရောင်အတိုင်းပဲပြန်လည်ပေါက်ရောက်လာတာကိုတွ့ရမှာဖြစ်ပါတယ

0 မှတ်ချက်များ to “ကြောင်များအမွှေးလဲခြင်း”

Post a Comment