«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

25 Dec 2019

ကွင်းပိုးစွဲကပ်ခြင်း(Ring worm in Cat)

,
ဒီရောဂါကို ကွင်းပိုးစွဲကပ်ခြင်းလို့အမည်ပေးထားပေမယ့် ဒီရောဂါဟာပိုးမွှားကြောင့်ဖြစ်တာမဟုတ်ပဲ အရေပြားပေါ်မှာမှိုစွဲကပ်ခြင်းကြောင့် အဝိုင်းပုံစံအနာတွေပေါ်လာခြင်းကိုရည်ညွှန်းတာဖြစ်ပါတယ် အချို့ကဒီရောဂါကို Dermatophytosis ရောဂါလို့လည်းခေါ်ကြပါသေးတယ်၊ ကွင်းပိုးစွဲကပ်ခြင်းကို ခွေးတွေမှာလည်းမကြာခဏတွေ့ရတတ်ပါတယ်
ကုသခြင်းမစတင်မီအခြေအန


ဒီရောဂါကိုဖြစ်ပွားစေတဲ့မှိုတွေဟာ အရေပြားအပြင် လက်သည်းခြေသည်းနဲ့ အမွှေးအမြှင်တွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်
ကွင်းပိုးစွဲ‌ရောဂါဟာကြာင်တွေမှာဖြစ်ခဲလှတဲ့ရောဂါတစ်ခုဖြစ်ပေမယ့် မိမိအိမ်ကကြောင်တစ်ကောင်မှာ မတော်တဆဖြစ်ပွားလာ ရင်တော့ အခြားကြောင်တွေဆီကို ကူးစက်နှုန်းမြန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
မိမိအိမ်ကကြောင်တွေမှာဒီရောဂါဖြစ်ပွားလာရင်တော့ ဦးခေါင်းပိုင်း နားရွက်ပိုင်းနဲ့ ရှေ့လက်နေရာတွေက အရေပြားတွေမှာရောဂါလက္ခဏာ
အဝိုင်းကွက်တွေကိုစတင်တွေ့ရမှာဖြစ်ပါတယ် 
အဲဒီနေရာတွေကိုသေချာကြည့်ရင် အရေပြားပေါ်မှာအဖတ်သေးသေးလေးတွေလန်နေတာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ် တစ်ခါတရံရောဂါပြင်းထန်ရင်တော့ အဲဒီအဝိုင်းကွက်ရဲ့အလည်နေရာတွေဟာနီရဲနေတတ်ပါ တယ် ရောဂါအခြေအနေသိပ်ပြင်းထန်မှုမရှိရင်တော့ နီရဲရဲအရေပြားပေါ်မှာ ဘောက်ဖတ်ကလေးတွေ ဖြစ်နေ သလောက်သာမြင်ရတတ်ပါတယ် တစ်ချို့ကြောင်တွေကျတော့ ဒီရောဂါဖြစ်စေတဲ့ မှိုမျိုးစေ့တွေကို သယ်ဆောင်ထားပေမယ့် ဘာရောဂါလက္ခဏာမှမပြပဲလည်းရှိနေတတ်ပါသေးတယ်
ဒီရောဂါဟာ ကြောင်အချင်းချင်းပွတ်တိုက်ထိတွေ့မိရာကနေ ဆက်လက်ကူးစက်တာများပါတယ် ဒါပေမယ့် ရောဂါရှိတဲ့ကြောင်နဲ့ထိတွေ့မိထားတဲ့ စောင်တွေနဲ့အခြားအသုံးအဆောင်ပစ္စည်းတွေကို အခြားကြောင်က ထပ်မံထိတွေ့မိရင်လည်းကူးစက်နိုင်ပါတယ် 
ဒီရောဂါကိုဖြစ်ပွားစေတဲ့မှိုမျိုးစေ့တွေဟာ အသက်ပြင်းတဲ့အမျိုးအစားဖြစ်ပြီးကြောင်ရဲ့ခန္တာကိုယ်ပေါ်ကနေ ပြုတ်ကျခဲ့ရင်တောင် (၁)နှစ်လောက်အထိအသက်မသေပဲနေနိုင်တယ်လို့ဆိုပါတယ်
ဒီရောဂါဟာကြောင်တွေမှာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် တစ်နှစ်သားအောက်ကြောင်ငယ်လေး တွေနဲ့ အသက်ကြီးတဲ့ကြောင်တွေမှာပိုပြီးအဖြစ်များလေ့ရှိပါတယ် အမွှေးအမျှင်ပါးတဲ့ကြောင်မျိုးတွေနဲ့ အမွှေးထူကြောင်မျိုးတွေယှဉ်ကြည့်ရင်တော့အမွှေးထူတဲ့ကြောင်မျိုးတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ် ပူနွေးစွတ်စိုတဲ့ပတ်ဝန်းကျင်ရာသီဥတုအခြေအနေဟာ ရောဂါဖြစ်ပွားမှုကိုပိုမိုပြင်းထန်စေနိုင်ပါတယ်
ဒီရောဂါဟာလူတွေကိုလည်းကူးစက်တတ်တဲ့အတွက် ရောဂါဖြစ်ပွားနေတဲ့ကြောင်ကိုကိုင်တွယ်ပြီးရင် လက်ကိုသေသေချာချာဆေးကြောဖို့လိုအပ်ပါတယ်
ဒီရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ဖို့ဆိုရင် အရေပြားပေါ်ကနေရာတွေကို ခရမ်းလွန်ရောင်ခြည်ဓာတ်မီးနဲ့ ထိုးကြည့်ပြီးခွဲခြားနိုင်သလို ဓာတ်ခွဲခန်းမှာမှိုမျိုးစေ့တွေပွားယူပြီး မိုက်ခရိုစကုတ်အောက်မှာကြည့်ရှုခြင်း အားဖြင့်လည်းခွဲခြားသိရှိနိုင်ပါတယ်
ဒီရောဂါဖြစ်ပွားနေတဲ့ကြောင်ကို မှိုသတ်ဆေးပါဝင်တဲ့ရေချိုးဆပ်ပြာရည်နဲ့ရေချိုးပေးသင့်ပါတယ် ရောဂါဖြစ်ပွားမှုအခြေအနေအရ လိုအပ်ရင် မှိုတွေကိုသုပ်သင်နိုင်တဲ့ဆေးတွေတိုက်ကျွေးလို့လည်းရပါတယ် မှိုသတ်ဆေးတွေတိုက်ကျွေးတဲ့အခါလအတန်ကြာသည်အထိဆေးပတ်လည်အောင်တိုက်ကျွေးပေးဖို့လိုအပ်ပါ တယ် ရောဂါဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် ကြောင်အိပ်တဲ့စောင်တွေကို ပိုးသတ်ဆေးဖြန်ပြီး လျှော်ဖွတ်သန့်စင်ပစ်သင့်ပါတယ်
ကုသပြီးနောက် သက်သာလာပုံ


          ဆက်လက်ဖတ်ရှုရန်= =» » 

0 မှတ်ချက်များ to “ကွင်းပိုးစွဲကပ်ခြင်း(Ring worm in Cat)”

Post a Comment