«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jul 2013

ခွေးချောင်းခြောက်ဆိုးရောဂါ(Gardiasis)

,
Unicode
 
 
ဂါဒီယားစစ်ရောဂါ Gardiasis ဆိုတာကတော့ခွေးတွေမှာဖြစ်ပွားတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ 
 
ရောဂါတစ်မျိုးဖြစ်ပါတယ် ..ရောဂါပြင်းထန်ပြီး ချောင်းခြောက်ဆိုးတဲ့ အခြေအနေမျိုးအထိဖြစ်စေ
 
တတ်တဲ့ရောဂါဖြစ်ပါတယ် .. 

 
ဒီရောဂါဟာ Giardia  မျိုးစိပ် ပရိုတိုဇွားပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ် ... Giardia မျိုးစိပ် 
 
ပရိုတိုဇွားပိုးမျိုးဥ( oocysts ) တွေပါရှိတဲ့ ရေကိုသောက်မိတဲ့အတွက် ရောဂါကူးစက်ခံရတာဖြစ် 
 
ပါတယ် ..

 
များသောအားဖြင့်ခွေးပေါက်စ အငယ်လေးတွေမှာ အဖြစ်များလေ့ရှိပါတယ် ..ရောဂါကူးစက်ခံရတဲ့ 
 
ခွေးတွေဟာ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှားမပြတာများပါတယ်…တစ်ချို့ခွေးငယ်လေးတွေ
 
ကျတော့ … အနံ့ပြင်းတဲ့ဝမ်းအရည်ကျဲတွေသွားတတ်ပါတယ် … ဒီလိုဝမ်းအရည်ကျဲတွေသွားတာ
 
က တောက်လျှောက်သွားနေတာမျိုးအပြင် သွားလိုက် မသွားလိုက်လည်းဖြစ်တတ်ပါတယ် .. 
 
ခွေးပေါက်စလေးဟာ တဖြည်းဖြည်းနဲ့ပိန်ချုံးလာတာကိုတွေ့ရတတ်ပါတယ် ..

 
ရောဂါဖြစ်ပွားနေတဲ့ခွေးရဲ့ လပ်လပ်ဆတ်ဆတ်ဝမ်းအရည်ကို ပုံမှန်ဆားရည်နဲ့ဖျော်ပြီး ဓါတ်ခွဲခန်း 
 
မှာ  protozoa ရောဂါပိုး (သို့မဟုတ်)သူ့ရဲ့မျိုးဥ  oocysts  တွေပါဝင်မှုရှိမရှိကိုအနုကြည့်မှန်ပြောင်း 
 
အောက်မှာစစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်.. စအိုအတွင်းနေရာ က  အရည်ကိုလည်းဂွမ်းစနဲ့သုပ်ယူ 
 
ပြီးစမ်းသပ်ကြည့်လို့ရပါတယ် … ဒီရောဂါပိုးရဲ့ (Oocysts) မျိုးကောင်လေးတွေဟာ မစင်ထဲမှာ 
 
အမြဲတန်းပါရှိနေတာမဟုတ်ပဲ တွေ့ရှိမှုဟာ ပြတ်တောင်းပြတ်တောင်းသာပါလာတတ်တဲ့အတွက် 
 
ကြောင့်. ဒီလိုစစ်ဆေးတာကို (၂)ရက်တစ်ခါ ပြုလုပ်ရမှာဖြစ်ပါတယ် .. တစ်ခါစစ်လို့ မတွေ့ရရုံနဲ့ 
 
ရောဂါမရှိဘူးလို့ တစ်ထစ်ချမပြောနိုင်သေးပါဘူး …

 
ယနေ့ခေတ်မှာတော့ … (ELISA, IFA)  စတဲ့သွေးရည်ကြည်ကိုစစ်ဆေးနည်းတွေနဲ့ ရောဂါရှိမရှိကို 
 
တိတိကျကျရှာဖွေစစ်ဆေးနိုင်ပြီဖြစ်ပါတယ် …   
 
 
ရောဂါကူးစက်ခံရတဲ့ခွေးတွေကိုပရိုတိုဇွားတိုက်ဖျက်တဲ့ဆေးတွေဖြစ်တဲ့Furazolidine,Imidocarb  
 
Dipropinate , Metronidazole ,  နဲ့  Quinacrine Hcl  စတဲ့ဆေးတွေနဲ့ကုသပေးရပါတယ်၊ 
 
…ဒါပေမယ့် သတိပြုရမှာ ကတော့ …. metronidazole  ဆေးဟာ သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကို 
 
ထိခိုက်စေတတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်ခွေးမကြီးတွေကိုမတိုက်ကျွေးရပါဘူး…
 
ကိုယ်ဝန်(ဇီး)ရှိနေရင်တော့ အခြားဆေးကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ် …
 
 
ဒီရောဂါအတွက်ကာကွယ်ဆေးရှိပေမယ့် … သာမန်အားဖြင့် … သိပ်ပြီးထိုးနှံလေ့မရှိကြပါဘူး 
 
ဒီရောဂါက ဖြစ်လေ့ဖြစ်ထနည်းပြီး…ရောဂါဖြစ်လာတဲ့အခါမှာလည်း ထိထိ ရောက်ရောက် 
 
ကုသနိုင်တဲ့ဆေးတွေ အသင့်ရှိနေတာကြောင့် ကာကွယ်ဆေးအသုံးပြုလေ့မရှိကြပါဘူး….
 
ဒါပေမယ့်..ငွေကြေးတတ်နိုင်ရင် အလှပြခွေးတွေ၊ သင်္ဘောလိုက်တဲ့ခွေးတွေ…စစ်သုံးခွေးတွေနဲ့ 
 
တန်ဖိုးကြီးခွေးတွေကိုတော့ … ကြိုတင်ကာကွယ်ဆေးထိုးနှံထားလေ့ရှိပါတယ် …
 
 
Zawgyi
 
((( ဂါဒီယားစစ်ရောဂါ  ဆိုတာ )))
ခွေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားတဲ့အခါ ..ရောဂါပြင်းထန်လာပြီး ချောင်းခြောက်ဆိုးတဲ့ အခြေအနေမျိုးအထိဖြစ်စေတတ်တဲ့ရောဂါဖြစ်ပါတယ် .. 
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
((( ရောဂါရှာဖွေခြင်း )))
          လပ်လပ်ဆတ်ဆတ်ဝမ်းအရည်ကို ပုံမှန်ဆားရည်နဲ့ဖျော်ပြီး ဓါတ်ခွဲခန်းမှာ  protozoa ရောဂါပိုး (သို့မဟုတ်)သူ့ရဲ့မျိုးဥ  oocysts  တွေပါဝင်မှု ရှိမရှိကို အနုကြည့်မှန်ပြောင်းအောက်မှာစစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်.. စအိုအတွင်းနေရာ က  အရည်ကိုလည်း ဂွမ်းစနဲ့ သုပ်ယူပြီးစမ်းသပ်ကြည့်လို့ရပါတယ် … ဒီရောဂါပိုးရဲ့ (Oocysts) မျိုးကောင်လေးတွေဟာ မစင်ထဲမှာ အမြဲတန်းပါရှိနေတာမဟုတ်ပဲ တွေ့ရှိ မှုဟာ ပြတ်တောင်းပြတ်တောင်း ဖြစ်တတ်တဲ့အတွက်ကြောင့် …. ဒီလိုစစ်ဆေးတာကို (၂)ရက်တစ်ခါ ပြုလုပ်ရမှာဖြစ်ပါတယ် .. တစ်ခါစစ်လို့ မတွေ့ရရုံနဲ့ ရောဂါမရှိဘူးလို့ တစ်ထစ်ချမပြောနိုင်သေးပါဘူး …
((( ကူးစက်ပုံ )))
ရောဂါပိုးမျိုးဥ ( oocysts ) တွေပါရှိတဲ့ ရေကိုသောက်မိတဲ့အတွက် ရောဂါကူးစက်ခံရတာ ဖြစ် ပါတယ် ..
((( အဖြစ်များသောအသက်အရွယ် )))
ခွေးပေါက်စ အငယ်လေးတွေမှာ အဖြစ်များပါတယ် ..

((( ရောဂါလက္ခဏာများ )))
များသောအားဖြင့် ရောဂါလက္ခဏာတွေထင်ထင်ရှားရှား မပြတာများပါတယ်… တစ်ချို့ခွေး ငယ်လေးတွေကျတော့ … အနံ့ပြင်းတဲ့ဝမ်းအရည်ကျဲတွေသွားတတ်ပါတယ် … ဒီလိုဝမ်းအရည်ကျဲ တွေသွားတာက တောက်လျှောက်သွားနေတာမျိုးအပြင် သွားလိုက် မသွားလိုက်လည်းဖြစ်တတ်ပါ တယ် .. ခွေးပေါက်စလေးဟာ တဖြည်းဖြည်းနဲ့ ပိန်ချုံးလာမှာဖြစ်ပါတယ် ..

((( ကုသခြင်း )))
ပရိုတိုဇွားပိုးတွေကို တိုက်ဖျက်တဲ့ဆေးတွေဖြစ်တဲ့ Furazolidine , Imidocarb Dipropinate , Metronidazole ,  နဲ့  Quinacrine Hcl  စတဲ့ဆေးတွေနဲ့ကုသလို့ရပါတယ် …ဒါပေမယ့် သတိပြုရမှာ ကတော့ …. metronidazole  ဆေးဟာ သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေတတ်တဲ့ အတွက်ကြောင့် ကိုယ်ဝန်ဆောင်ခွေးမကြီးတွေကိုမတိုက်ကျွေးရပါဘူး…ကိုယ်ဝန်(ဇီး)ရှိနေရင် အခြားဆေးကိုရွေးချယ်    အသုံးပြုရမှာဖြစ် ပါတယ် …

 ((( ကြိုတင်ကာကွယ်ခြင်း )))
          ဒီရောဂါအတွက်ကာကွယ်ဆေးရှိပေမယ့် … သာမန်အားဖြင့် … သိပ်ပြီးထိုးနှံလေ့မရှိကြပါဘူး ဒီရောဂါက ဖြစ်လေ့ဖြစ်ထနည်းပြီး…ရောဂါဖြစ်လာတဲ့အခါမှာလည်း ထိထိ ရောက်ရောက်ကုသနိုင်တဲ့ ဆေးတွေ အသင့်ရှိနေတာကြောင့် ကာကွယ်ဆေးအသုံးပြုတာနည်းပါတယ်….
ဒါပေမယ့်..အလှပြခွေး … သင်္ဘောလိုက်တဲ့ခွေး…စစ်သုံးခွေးနဲ့ တန်ဖိုးကြီးခွေးတွေကိုတော့ ငွေကြေး တတ်နိုင်ရင် … ကြိုတင်ကာကွယ်ဆေးထိုးနှံထားလို့ရပါတယ် …

0 မှတ်ချက်များ to “ခွေးချောင်းခြောက်ဆိုးရောဂါ(Gardiasis)”

Post a Comment