«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

20 Jan 2020

ကြောင်တွေရဲ့သွေးအုပ်စုများအကြောင်း(Blood groups in cats)

,
ကြောင်တွေမှာသွေးအုပ်စု(၃)မျိုးရှိပါတယ် အဲဒါတွေကတော့ A, B နဲ့ AB အမျိုးအစားတွေဖြစ်ပါတယ်   ကြောင်တွေရဲ့(၉၅)ရာခိုင်နှုန်းကတော့ A အမျိုးအစားသွေးအုပ်စုတွေဖြစ်ကြပါတယ်

AB  အမျိုးအစားသွေးအုပ်စုကတော့အလွန်ရှားတဲ့သွေးအုပ်စုဖြစ်ပါတယ် ၊ AB  အမျိုးအစားသွေးအုပ်စု ကို Birmans, British Shorthairs, Scottish Folds, Somalis နဲ့ Sphynxes ကြောင်မျိုးတွေမှာ ရှားရှားပါးပါးတွေ့ရတတ်ပါတယ်
ကမ္ဘာအနှံ့မှာ B အမျိုးအစားသွေးအုပ်စုရှိတဲ့ကြောင်မျိုးတွေရှိပေမယ့် ရာခိုင်နှုန်းအားဖြင့်အလွန်နည်း တယ်လို့ ဆိုပါတယ် Devon Rex ဆိုတဲ့ကြောင်မျိုးမှာတော့B အမျိုးအစားသွေးအုပ်စုကို (၄၁)ရာခိုင်နှုန်း လောက်အထိတွေ့ရတတ်ပါတယ် ၊ ကြောင်တွေကိုသွေးသွင်းကုသဖို့လိုအပ်လာပြီဆိုရင်တော့ လူတွေမှာ လိုပဲ သွေးစစ်ပြီးမှသွင်းပေးရတာဖြစ်ပါတယ် သွေးအုပ်စုအမျိုးအစားချင်းမတူတဲ့သွေးကိုသွင်းမိရင် ပြင်းပြင်းထန်ထန်ဓာတ်တုန့်ပြန်မှုခံရပြီးသေဆုံးတတ်ပါတယ်
နိုင်ငံခြားတိုင်ပြည်တွေမှာဆိုရင်ကြောင်တွေကိုစနစ်တကျမျိုးစပ်ပြီးရောင်းချတဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်သူတွေဟာ ကြောင်းတွေကိုသားတင်မပေးခင်အထီးနဲ့အမနှစ်ကောင်စလုံးကို သွေးစစ်ကြည့်လေ့ ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ B သွေးဟာ A သွေးကိုတိုက်ခိုက်တတ်လို့ဖြစ်ပါတယ် သွေးပိုင်ရှင်ကြောင်အထီးနဲ့ B သွေးပိုင်ရှင်ကြောင်မကိုသားတင်ပေးမိရင် မွေးလာတဲ့အထဲက A သွေးပိုင်ရှင်ကြောင်လေးတွေဟာ အသက်(၃)လလောက်ရောက်လာတဲ့အခါမှာ
မိခင်ကြောင်မရဲ့နို့ရည်ထဲမှာပါနေတဲ့ A သွေးကိုတိုက်ခိုက်တတ်တဲ့ ကိုယ်ခံဓာတ်( 
လို့ခေါ်တဲ့သွေးနီဥတွေ ပျက်စီးခြင်း ရောဂါ ဖြစ်လာမှာဖြစ်ပါတယ် ၊ အဲဒီလိုဖြစ်လာတဲ့အခါမှာ ကုသလို့မရတဲ့အတွက်သေဆုံးသွားလေ့ရှိပါတယ် 

ကြောင်တွေမှာသွေးအုပ်စု(၃)မျိုးရှိပါတယ် အဲဒါတွေကတော့ A, B နဲ့ AB အမျိုးအစားတွေဖြစ်ပါတယ်   ကြောင်တွေရဲ့(၉၅)ရာခိုင်နှုန်းကတော့ A အမျိုးအစားသွေးအုပ်စုတွေဖြစ်ကြပါတယ်
AB  အမျိုးအစားသွေးအုပ်စုကတော့အလွန်ရှားတဲ့သွေးအုပ်စုဖြစ်ပါတယ် ၊ AB  အမျိုးအစားသွေးအုပ်စု ကို Birmans, British Shorthairs, Scottish Folds, Somalis နဲ့ Sphynxes ကြောင်မျိုးတွေမှာ ရှားရှားပါးပါးတွေ့ရတတ်ပါတယ်
ကမ္ဘာအနှံ့မှာ B အမျိုးအစားသွေးအုပ်စုရှိတဲ့ကြောင်မျိုးတွေရှိပေမယ့် ရာခိုင်နှုန်းအားဖြင့်အလွန်နည်း တယ်လို့ဆိုပါတယ် Devon Rex ဆိုတဲ့ကြောင်မျိုးမှာတော့B အမျိုးအစားသွေးအုပ်စုကို (၄၁)ရာခိုင်နှုန်း လောက်အထိတွေ့ရတတ်ပါတယ် ၊ ကြောင်တွေကိုသွေးသွင်းကုသဖို့လိုအပ်လာပြီဆိုရင်တော့ လူတွေမှာ လိုပဲသွေးစစ်ပြီးမှသွင်းပေးရတာဖြစ်ပါတယ် သွေးအုပ်စုအမျိုးအစားချင်းမတူတဲ့သွေးကိုသွင်းမိရင် ပြင်းပြင်းထန်ထန်ဓာတ်တုန့်ပြန်မှုခံရပြီးသေဆုံးတတ်ပါတယ်
နိုင်ငံခြားတိုင်ပြည်တွေမှာဆိုရင်ကြောင်တွေကိုစနစ်တကျမျိုးစပ်ပြီးရောင်းချတဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်သူတွေဟာ ကြောင်းတွေကိုသားတင်မပေးခင်အထီးနဲ့အမနှစ်ကောင်စလုံးကို သွေးစစ်ကြည့်လေ့ ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ B သွေးဟာ A သွေးကိုတိုက်ခိုက်တတ်လို့ဖြစ်ပါတယ်
ဥပမာအဖြစ်ပြောရရင် A သွေးပိုင်ရှင်ကြောင်အထီးနဲ့ B သွေးပိုင်ရှင်ကြောင်မကိုသားတင်ပေးမိရင် မွေးလာတဲ့အထဲက A သွေးပိုင်ရှင်ကြောင်လေးတွေဟာ အသက်(၃)လလောက်ရောက်လာတဲ့အခါမှာ
မိခင်ကြောင်မရဲ့နို့ရည်ထဲမှာပါနေတဲ့ A သွေးကိုတိုက်ခိုက်တတ်တဲ့ ကိုယ်ခံဓာတ်(antibodies)တွေရဲ့ တိုက်ခိုက်တာကိုခံရပြီး neonatal isoerythrolysis  လို့ခေါ်တဲ့သွေးနီဥတွေ ပျက်စီးခြင်း ရောဂါ ဖြစ်လာမှာဖြစ်ပါတယ် ၊ အဲဒီလိုဖြစ်လာတဲ့အခါမှာ ကုသလို့မရတဲ့အတွက်သေဆုံးသွားလေ့ရှိပါတယ် ဒါကြောင့်မို့ အဲဒီလိုမွေးဖွားလာတဲ့ကြောင်လေးတွေအဖို့ သူတို့မိခင်ရဲ့နို့ရည်ဟာအဆိပ်သဖွယ်ဖြစ်နေ တဲ့ အတွက်ကြောင့် မိခင်နို့ရည်အစားအထူးစီမံထားတဲ့နို့ရည် ကိုသာတိုက်ကျွေးပြီး ဂရုတစိုက်ပြုစုစောင့်ရှောက် ကာ မွေးမြူရလေ့ ရှိပါတယ်

0 မှတ်ချက်များ to “ကြောင်တွေရဲ့သွေးအုပ်စုများအကြောင်း(Blood groups in cats)”

Post a Comment