«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Feb 2015

ဆေးဝါးများမသုံးစွဲမီသိထားသင့်သည့်အချက်များ

,
Unicode
 
မိမိခွေးကြောင်အတွက် ဆရာဝန်ကညွန်ကြားလိုက်တဲ့ဆေးဝါးတွေကိုမသုံးစွဲခင်မှာသိထားသင့်တဲ့   
 
အချက်အချို့ရှိပါတယ်....
 
 
(၁) ဆေးပုလင်းပေါ်မှာရေးသားထားတဲ့ဆေးနဲ့ပါတ်သက်တဲ့အချက်အလက်တွေကို သေသေချာချာ 
 
ဖတ်ရှုသင့်ပါတယ်……ဆေးရဲ့အမည် …. တစ်ပုလင်းမှာဘယ်လောက်ပမာဏပါဝင်သလဲ . ဆေးရဲ့ 
 
သက်တမ်းကုန်မယ့်ရက်စွဲက ဘယ်နေ့လဲ၊ ဘယ်လိုသုံးစွဲရမှာလဲ၊ တိုက်ရမှာလား၊ လိမ်းရမှာလား 
 
မျက်စဉ်းခပ်ရမှာလား၊ နားထဲကိုထည့်ရမှာလား စတာတွေကိုသတိပြုပြီးမှတ်ထားသင့်ပါတယ်။
 
 
(၂) တိုက်ဆေးဆိုရင် ဘယ်လောက်ပမာဏတိုက်ရမှာလဲဆိုတာသိထားရပါမယ်၊ ဥပမာတစ်နေ့မှာ 
 
နှစ်ပြား၊ တစ်ကြိမ်တည်းတိုက်ရမှာလား …. ဒါမှမဟုတ် တစ်ပြားတည်းကိုပဲ နှစ်ကြိမ်ခွဲပြီးတိုက်ရ 
 
မှာလားဆိုတာ ကွဲကွဲပြားပြားသိထားရပါမယ်
 
 
(၃) တိုက်ဆေးတွေ တိုက်ရတဲ့အခါမှာ အစာနဲ့ရောကျွေးရမှာလား အစာမပါပဲ တိုက်ကျွေးရမှာလား
 
သိထားရပါမယ် … ဆေးတိုက်ပုံမှားရင် အာနိသင်မထိရောက်နိုင်ပါဘူး
 
 
(၄) နောက်ပြီးတော့ ဆေးကို ဘယ်လိုသုံးစွဲရမှာလဲဆိုတာသိထားရပါအုံးမယ် .. ဆေးအရည်ဆိုရင် 
 
ပါးစပ်ကနေ အစက်ချပြီးတိုက်ရမှာလား၊ လိမ်းပေးရမှာလား…ဒါမှမဟုတ်နားအတွင်းကိုအစက်ချ
 
ပေးရမှာလား သိထားသင့်ပါတယ်။
 
 
(၅) ဆေးတွေမှာကောင်းကျိုးတွေချည်းရှိတာမဟုတ်ပါဘူး  ဘေးထွက်ဆိုးကျိုးတွေလည်းရှိတတ် 
 
ပါတယ် …. တိရစ္ဆာန်ရောဂါကုဆရာဝန်အားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေသေချာချာ 
 
မေးမြန်းထားသင့်ပါတယ်
 
 
(၆) ကိုယ် တိုက်ကျွေးရမယ့်ဆေးတွေကို ဘယ်လို သိမ်းဆည်းထားသင့်တယ်ဆိုတာကိုလည်း
 
ကိုယ့်ရဲ့မိသားစု တိရစ္ဆာန်ရောဂါကုဆရာဝန်ကို မေးထားသင့်ပါတယ် … ရေခဲသေတ္တာထဲမှာထားရ
 
မှာလား ရိုးရိုးအခန်းထဲမှာပဲထားလို့ရလား ဆိုတာတွေသိထားသင့်ပါတယ်
 
 
(၇) ဆေးတွေကို သုံးစွဲဖို့ညွန်ကြားနေတဲ့အချိန်မှာ … မိမိရဲ့ကြောင်လေးကို တိုက်ကျွေးနေရတဲ့ 
 
အခြားဆေးတွေနဲ့ အခြားဖြည့်စွက်အစာတွေရှိနေရင် ဆရာဝန်ကို အသိပေးထားဖို့လည်းလိုအပ် 
 
ပါတယ်၊ ဒါမှသာ ဆရာဝန်ကလိုအပ်သလိုညွှန်ကြားပေးနိုင်မှာဖြစ်ပါတယ် … ဘာလို့လဲဆိုတော့ 
 
ဆေးတွေမှာ အတူတွဲပြီးတိုက်လို့မရတဲ့ဆေးတွေရှိတတ်လို့ဖြစ်ပါတယ်
 
Zawgyi
 
ကြောင်လးအတွက် ဆရာဝန်ကညွန်ကြားလိုက်တဲ့ဆေးဝါးတွေကို မသုံးစွဲခင်မှာ သိထားသင့်တဲ့ အချက်လေးတွေရှိပါတယ်.... 
(၁)ဆေးပုလင်းပေါ်မှာရေးသားထားတဲ့ ဆေးနဲ့ပါတ်သက်တဲ့အချက်အလက်တွေကို သေသေချာချာဖတ်ရှုသင့်ပါတယ်……ဆေးရဲ့အမည် …. တစ်ပုလင်းမှာဘယ်လောက်ပမာဏပါဝင်သလဲ . ဆေးရဲ့သက်တမ်းကုန်မယ့်ရက်စွဲက ဘယ်နေ့လဲ … ဘယ်လိုသုံးစွဲရမှာလဲ တိုက်ရမှာလား လိမ်းရမှာလား မျက်စဉ်းခပ်ရမှာလား  နားထဲကိုထည့်ရမှာလား စတာတွေကို သတိပြုပြီးဖတ်ရှုထားသင့်ပါတယ်
သိထားရပါမယ် … ဆေးတိုက်ပုံးမှားရင် အာနိသင်မဖြစ်နိုင်ပါဘူး …
 
 
 
 
 
 
 
 
(၄)နောက်ပြီးတော့ ဆေးကို ဘယ်လိုသုံးစွဲရမှာလဲဆိုတာသိထားရပါအုံးမယ် .. ဆေးအရည်ဆိုရင် ပါးစပ်ကနေ အစက်ချပြီးတိုက်ရမှာလား …လိမ်းပေးရမှာလား … ဒါမှမဟုတ် နားအတွင်းကို အစက်ချပေးရမှာလား သိထားရပါမယ်
(၅) ဆေးတွေမှာကောင်းကျိုးတွေချည်းရှိတာမဟုတ်ပါဘူး  ဘေးထွက်ဆိုးကျိုးတွေလည်းရှိတတ်ပါတယ် …. တိရစ္ဆာန်ရောဂါကုဆရာဝန်ားဆးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေသေချာချာမေးမြန်းထားသင့်ပါတယ်
(၇)ဆရာဝန်က ဆေးတွေကို သုံးစွဲဖို့ညွန်ကြားနေတဲ့အချိန်မှာ … မိမိရဲ့ကြောင်လးကို တိုက်ကျွေးနေရတဲ့ အခြားဆေးတွေနဲ့ အခြားဖြည့်စွက်အစာတွေရှိနေရင် ဆရာဝန်ကို အသိပေးဖို့လည်း လိုအပ်ပါတယ်
သို့မှသာ ဆရာဝန်က လိုအပ်သလိုညွှန်ကြားပေးနိုင်မှာဖြစ်ပါတယ် … ဘာလို့လဲဆိုတော ဆေးတွေမှာ အတူတွဲပြီးတိုက်လို့မရတဲ့ဆေးတွေရှိလို့ဖြစ်ပါတယ် ………

0 မှတ်ချက်များ to “ ဆေးဝါးများမသုံးစွဲမီသိထားသင့်သည့်အချက်များ ”

Post a Comment