«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Jul 2017

ခွေးတစ်ကောင်အားမျက်စဉ်းခတ်ပေးခြင်း

,
မျက်စေ့မှာပြသနာရှိနေတဲ့ခွေးကို လိုအပ်လာရင်မျက်စဉ်းခပ်ပေးဖို့လိုပါတယ်၊မျက်စဉ်းကို 
 
စနစ်တကျခပ်ပေးတတ်မှလည်း ထိရောက်မှာဖြစ်ပါတယ် ၊ မျက်စဉ်းမခပ်မီ ဆေးအညွှန်းကိုသေချာ
 
ဖတ်ကြည့်သင့်ပါတယ် ၊ မိမိနားမလည်ရင် တိရစ္ဆာန်ရောဂါကုဆရာဝန်ကို သေသေချာချာမေးထား
 
သင့်ပါတယ် ။
 
ညစ်ပေနေတဲ့လက်မှာ ရောဂါပိုးမွှားတွေရှိနေနိုင်တာကြောင့် မျက်စေ့ထဲကိုထိမိရင် ပိုးဝင်ပြီး
 
အခြေအနေကိုပိုဆိုးသွားစေနိုင်ပါတယ်ဒါကြောင့်မျက်စဉ်းမခပ်မီမိမိရဲ့လက်ကိုစင်ကြယ်အောင်
 
ဦးစွာဆေးကြောသင့်ပါတယ်

မျက်စေ့မှာနာကျင်မှုရှိနေရင် ခွေးကိုထိမ်းချုပ်ပေးမယ့်အကူတစ်ယောက်လိုပါလိမ့်မယ်၊ ပြန်မကိုက်
 
နိုင်အောင်ခွေးနှုတ်သီးကို muzzle အစွပ်တပ်ဆင်ပေးထားတာကပိုစိတ်ချရပါတယ် ၊ ဖြစ်နိုင်ရင်
 
နာကျင်မှုသက်သာစေတဲ့ဆေးတစ်မျိုးမျိုးကို ကြိုတင်တိုက်ကျွေးထားသင့်ပါတယ်။

မျက်စဉ်းခပ်ပေးနည်းကတော့


မျက်စဉ်းခပ်မပေးမီ အဝတ်စတစ်ခုကိုရေခပ်နွေးနွေးနဲ့ဆွတ်ပြီး မျက်လုံးမှာရှိနေတဲ့အညစ်အကြေး 
 
တွေကို ညင်ညင်သာသာဖယ်ရှားပေးရပါမယ်၊ ဒီလိုလုပ်ပေးခြင်းကြောင့်ခွေးရဲ့ထိတ်လန့်မှုကို 
 
လျှော့ပါးစေပါတယ်
 
မျက်စဉ်းပုလင်းကို ဘယ်ဖက်လက်ညှိုးလက်မနဲ့ကိုင်ထားပြီး လက်ဖနောင့်ကိုခွေးရဲ့ဦးခေါင်းပေါ်မှာ
 
ဖိတင်ထားရပါမယ် ၊ ဒါကတော့ ရုန်းကန်မှုကြောင့်ဆေးရည်တွေ ဘေးမရောက်သွားအောင်လက်ကို
 
ငြိမ်စေဖို့အတွက်ဖြစ်ပါတယ်
 
 
အဲဒီနောက်အခြားလက်တစ်ဖက်ရဲ့လက်မကိုအသုံးပြုပြီး ခွေးရဲ့အောက်မျက်ခွံကိုဆွဲဟပေးလိုက်ပါ 
 
၊ အဲဒီအခါမှာတော့ မျက်စဉ်းရည်နေရမယ့်နေရာအခွက်လေးပေါ်လာမှာဖြစ်ပါတယ်
 
အဲဒီလက်ရဲ့ကျန်တဲ့အပိုင်းတွေကတော့ ခွေးရဲ့မေးစေ့ကိုကိုင်ရင်း ပုံထဲကလို ထိမ်းချုပ်ပေးထား 
 
နိုင်ပါတယ်
 
အဲဒီနောက်မျက်စဉ်းပုလင်းကိုင်ထားတဲ့လက်နဲ့ မျက်စဉ်းပုလင်းထိပ်ကိုမျက်စေ့နားတိုးပေးရပါမယ်

ဆေးရည်ကိုမျက်စေ့အလုံးပေါ်ကျအောင်ညှစ်ချပေးပြီးရင် ခေါင်းကိုလွှတ်ပေးလိုက်ရပါမယ်

0 မှတ်ချက်များ to “ ခွေးတစ်ကောင်အားမျက်စဉ်းခတ်ပေးခြင်း ”

Post a Comment