«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

8 Dec 2019

နှာရည်ယိုခြင်း(Nasal exudate)

,
ခွေးတွေရဲ့သဘာဝအရ ထိတ်လန့်ကြောက်ရွံ့တဲ့အခါမျိုးမှာ နှာရည်ထွက်တတ်ပေမယ့် နှာခြေလေ့ 
 
မရှိပါဘူး အကြောက်ပြေသွားတဲ့အခါ နှာရည်ထွက်တာလည်း ပြန်ရပ်သွားလေ့ရှိပါတယ်၊ နှာရည် 
 
ထွက်နေတာက နာရီပေါင်းများစွာကြာသည်အထိ ရပ်မသွားဘူးဆိုရင်တော့ရောဂါတစ်ခုခုရဲ့နိမိတ် 
 
လက္ခဏာတစ်ခုခုဖြစ်ဖို့များတယ် ဆိုတာကိုသိထားသင့်ပါတယ်။
 
 
နှာခေါင်းကိုယားယံစေတတ်တဲ့ဗိုင်းရပ်ရောဂါတွေမှာ ထွက်ကျလာတဲ့နှာရည်ဟာကျဲနေတတ်ပြီး 
 
မှိုရောဂါနဲ့ ဘက်တီးရီယားပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေမှာဆိုရင်၊ ထွက်ကျလာတဲ့နှာရည်ဟာ
 
ပျစ်တွဲနေတတ်ပါတယ်။
 
 
အကယ်၍ နှာခေါင်းတစ်ဖက်တည်းကနေနှာရည်တွေကျနေတာမျိုးဆိုရင်တော့ နှာခေါင်းထဲကို 
 
ပြင်ပက ပစ္စည်းတစ်ခုခုဝင်နေတာမျိုးနဲ့ နှာခေါင်းထဲမှာအကြိတ်တည်းနေတာမျိုးတွေဖြစ်တတ် 
 
ပါတယ်။
 
ခွေးတွေမှာနှာရည်ကျတတ်တဲ့အခြေအနေအမျိုးမျိုးနဲ့နှာရည်ကျတတ်တဲ့ရောဂါအချို့ကိုအောက်မှာ 
 
စုစည်းဖော်ပြအပ်ပါတယ်။
 
   
 
     ဗိုင်းရပ်ရောဂါများ
 
 
 
-  ခွေးတုတ်ကွေးရောဂါ (ချောင်းဆိုး-ဖျား-အဝါရောင်နှာရည်)
 
-  ခွေးကျောက်ရောဂါ (ဖျား-မျက်ရည်ကျ-ချောင်းခြောက်ဆိုး-သွားကြိတ်)
   
 
    ဘက်တီးရီးယားရောဂါများ
 
-  Pneumonia -အဆုတ်ပွရောဂါ (ချောင်းဆိုး-ဖျား-အသက်ရှူမြန်)
 
 
 
 
မှိုရောဂါများ 
 
-  Aspergillus အမျိုးအစားရောဂါပိုးများဝင်ရောက်ခြင်း
 
 
-  Rhinosporidium အမျိုးအစားရောဂါပိုးများဝင်ရောက်ခြင်း
 
-  Penicillium spp: အမျိုးအစားရောဂါပိုးများဝင်ရောက်ခြင်း
 
ကပ်ပါးရောဂါများ  
    
    -  နှာခေါင်းအတွင်း၌Pneumonyssus caninum အမျိုးအစားလှေးကောင်များတွယ်ကပ်နေခြင်း
     
    -  Eucoleus boehmi အမျိုးအစားရောဂါပိုးများဝင်ရောက်ခြင်း
     
    -  Cuterebra spp: အမျိုးအစားရောဂါပိုးများဝင်ရောက်ခြင်း
   
 
     အခြားအခြေအနေများ
   
    Oral-nasal fistula(နှာခေါင်နှင့်ပါးစပ်တို အပေါက်ဖြစ်၍ဆက်နေခြင်း) 
     
    Allergic rhinitis (ယားယံစေသောအရာများနှာခေါင်းအတွင်းသို့ဝင်ရောက်ခြင်း) 
     
    -  Rhinitis and sinusitis (နှာခေါင်းအတွင်းနံရံများယောင်ယမ်းခြင်း)

0 မှတ်ချက်များ to “နှာရည်ယိုခြင်း(Nasal exudate)”

Post a Comment