«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

ကြောင်အရေပြားရောဂါ(Leishmaniasis in cat)

,

Read in Zawgyi

 

Black fever လို့လည်းခေါ်တဲ့ဒီရောဂါဟာ Leishmania အုပ်စုဝင်ပရိုတိုဇွားပိုးတွေကြောင့်ဖြစ်ပွား

 

တာ ဖြစ်ပြီး ၊ လူကိုကူးစက်စေနိုင်တဲ့အတွက်အရေးကြီးတဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊ ဒီရောဂါဟာ 

 

ကြောင်တွေမှာထက်ခွေးတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်။

 

ကြောင်တွေမှာဒီရောဂါကိုဖြစ်စေတဲ့ပိုးတွေကတော့

 

Leishmania mexicana

 

Leishmania venezuelensis

 

Leishmania braziliensis

 

Leishmania amazonensis နဲ့

 

Leishmania infantum တို့ဖြစ်ပါတယ်

 

နေရာထိုင်ခင်းမသန့်ရှင်းခြင်း၊အစာအဟာရချို့တဲ့ခြင်းတွေဟာဒီရောဂါဖြစ်လာစေတတ်တဲ့

 

အကြောင်းရင်းတွေဖြစ်ပါတယ် Sand fly လို့ခေါ်တဲ့ယင်ကောင်သေးသေးလေးတွေကိုက်လို့

 

ဒီရောဂါကူးစက်ပြန့်ပွားတာဖြစ်ပါတယ် ကြောင်တွေဒီရောဂါကူးစက်ခံရရင် ရောဂါလက္ခဏာ

 

ပြသလာတာအလွန်နည်းပါတယ် ဒါပေမယ့်ကြောင်တွေဟာရောဂါပိုးကိုသယ်ဆောင်ထားတဲ့

 

အတွက်၊လူနဲ့ခွေးတွေဆီ ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။

 

 

ဒီရောဂါဖြစ်နေတဲ့ကြောင်တွေမှာအစားအသောက်ပျက်ခြင်း၊ပိန်ချုံးလာခြင်း နေရာကွက်ပြီး

 

အမွှေးတွေကျွတ်ခြင်း၊သူတို့ရဲ့အရေပြားဟာအရောင်ဖျော့ပြီးထူခေါက်ခေါက်ဖြစ်လာခြင်း၊

 

နှာခေါင်းသွေးလျှံခြင်း၊ဝမ်းပျက်ခြင်း၊အန်ခြင်းနဲ့ ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏ

 

သွားခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။

 

 

အဲဒီလက္ခဏာတွေအပြင် မျက်စေ့နာခြင်း အရေပြားပေါ်မှာ ဖက်ခွက်နာတွေပေါက်လာခြင်း(သို့

 

ကြွက်နို့လိုအဖုသေးသေးလေးတွေပေါက်လာခြင်းမျိုးတွေကိုလည်း မကြာခဏတွေ့နိုင်ပါသေး

 

တယ်၊ဒီရောဂါဖြစ်နေတဲ့ကြောင်တွေရဲ့သွေးထဲမှာ သွေးနီဥပမာဏဟာရှိသင့်တာထက်လျှော့နည်း

 

နေပြီး သွေးရည်ကြည်ထဲမှာတော့ပရိုတင်းပမာဏဟာရှိသင့်တာထက်ပိုများနေတတ်ပါတယ်။

 

 

ဒီရောဂါဟုတ်မဟုတ်စစ်ဆေးဖို့ကတော့ ဒါဏ်ရာကအရည်ကိုမှန်ပြားပေါ်တင်ပြီး Amastigotes လို့

 

ခေါ်တဲ့ ပိုးကောင်လောင်းလေးတွေရှိမရှိ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်၊ အသည်းနဲ့ အရေပြားက

 

အသားစတွေကိုရယူပြီးစစ်ဆေးလို့လည်းရပါတယ်

 

 

အကောင်းဆုံးနဲ့ခေတ်အမီဆုံးနည်းကတော့ သွေးရည်ကြည်ထဲမှာ Leishmania ပိုးကိုခန္တာကိုယ်က

 

ပြန်လည်တိုက်ခိုက်နေတဲ့ခုခံပစ္စည်း (Apecific antibodies) တွေရှိမရှိ စစ်ဆေးတဲ့နည်းဖြစ်တဲ့ 

 

ELISA (ခေါ်) Enzyme-linked Immunosorbent assay လုပ်ကြည့်တဲ့နည်းဖြစ်ပါတယ်။

 

 

ဒီရောဂါကို Allopurinolဆေးနဲ့ကုသပေးနိုင်ပါတယ်၊ အမှန်ကတော့ဒီဆေးဟာရောဂါပိုးကိုသတ်

 

နိုင်တာတော့မဟုတ်ပါဘူး ၊ဒီဆေးဟာရောဂါပိုးရဲ့ခန္တာကိုယ်ထဲက ပရိုတင်းဓါတ်တည်ဆောက်မှု

 

စနစ်ကိုအနှောက်အယှက်ပေးပြီး ရောဂါပိုးတွေထပ်ပွားမလာနိုင်တော့ပဲ ကောင်ရေနည်းပါးသွား

 

အောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်၊ ဒီရောဂါကို Allopurinol ဆေးအပြင် Itraconazole ,   

 

Fluconazole,Sodium stibogluconateနဲ့Meglumine antimoniate ဆေးတွေနဲ့လည်း

 

ကုသပေးနိုင်ပါတယ်။

 

 

တစ်ချိန်တည်းမှာ အရေပြားပေါ်ကအဖုတွေနဲ့ရောဂါလက္ခဏာပြနေတဲ့နားရွက်ကိုဖြတ်ထုတ်

 

ပစ်ရမှာဖြစ်ပါတယ်၊သိပ်အခြေအနေဆိုးတဲ့ကြောင်တွေကိုတော့ကုသဖို့သိပ်လွယ်ပါဘူး၊ဒီရောဂါကို

 

ကာကွယ်ဖို့ကတော့ ယင်ကောင် (Sand flies)တွေကိုနှိမ်နင်းပေးရမှာဖြစ်ပါတယ်။

 

ခွေးတွေမှာဖြစ်ပွားမှုကိုဖတ်ရှုရန်လင့်ကိုနှိပ်ပါ  LINK

0 မှတ်ချက်များ to “ကြောင်အရေပြားရောဂါ(Leishmaniasis in cat) ”

Post a Comment