«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ဘလပ်စတိုမိုင်ကိုးစစ်ပြည်ဖုပေါက်ရောဂါ(Blastomycosis)

,
Unicode
 
 
((( ကြောင်တွေမှာဖြစ်ပွားတဲ့ ဘလပ်စတိုမိုင်ကိုးစစ် ရောဂါဆိုတာ )))
 
ဒီရောဂါဖြစ်စေတဲ့မှိုတွေကို ခိုရဲ့မစင်နဲ့ သစ်ကတိုးပင်တွေမှာတွေ့ရတတ်ပါတယ်..…ကြောင်တွေ
 
ဟာ ဒီရောဂါပိုးကို လူနဲ့ခွေးတွေထက်ခံနိုင်ရည်ပိုရှိတဲ့အတွက်..ကြောင်တွေအတွက် သိပ်အရေး 
 
မကြီးတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်
 
 
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
 
Blastomyces dermatitidis လို့ခေါ်တဲ့ မှိုရောဂါပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ် …
 
 
((( ကူးစက်ပုံ )))
 
မှိုမျိုးစေ့တွေဟာအရေပြားပွန်းပဲ့ဒါဏ်ရာကနေကိုယ်တွင်းကိုဝင်ရောက်ခြင်းကြောင့် ရောဂါဖြစ်ပွား
 
ခြင်းဖြစ်ပါတယ်…မှိုမျိုးစေ့တွေကို အစားအသောက်နဲ့ရောပြီးစားမိရင် ဖြစ်စေ…လေနဲ့အတူရှုမိရင်
 
ဖြစ်စေ…ရောဂါဖြစ်ပွားလာနိုင်ပါတယ်
 
 
((( ရောဂါလက္ခဏာများ )))
 
များသောအားဖြင့်ကြောင်တွေရဲ့ မျက်စေ့ ၊ အရေပြား ၊ အသက်ရှုလမ်းကြောင်းနဲ့ ဦးနှောက်ကို
 
ထိခိုက်စေတာတွေ့ရပါတယ်…ချောင်းဆိုးပြီးအသက်ရှုရခက်ခဲတတ်ပါတယ်…တစ်ချို့ခွေးတွေရဲ့
 
အရေပြား မှာ.. ပြည်ဖုကြီးတွေဖြစ်လာတတ်ပါတယ်နှုတ်ခမ်း၊မျက်နှာနဲ့ခြေသည်းလက်သည်း
 
အရင်းတွေမှာရောဂါလက္ခဏာတွေပြသတာများပါတယ် …
 
 
((( ရောဂါရှာဖွေခြင်း )))
 
ပြည်ဖုကထွက်တဲ့ပြည်စကိုယူပြီး …. အဏုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ရှု ရပါတယ် 
 
ပိုပြီးတိတိကျကျသိနိုင်ဖို့ ပြည်စထဲကမှိုကိုဓါတ်ခွဲခန်းမှာပွားယူပြီးစမ်းသပ်တဲ့နည်းနဲ့…
 
အဖုအကြိတ်နေရာက အသားစထဲမှာပါနေတဲ့မှိုကိုဓါတ်ခွဲခန်းမှာပွားယူစမ်းသပ်တဲ့နည်းတွေနဲ့ 
 
ရောဂါရှာဖွေရပါတယ်…ဒီရောဂါကို စစ်ဆေးသိရှိနိုင်တဲ့ သွေးရည်ကြည်စစ်ဆေးနည်းတွေလည်း 
 
ရှိပါတယ်
 
 
((( ကုသခြင်း )))
 
Itraconazole  ဆေးနဲ့ တိုက်ကျွေးကုသပေးနိုင်ပါတယ်… ဒီဆေးကိုအနည်းဆုံး (၂)လ လောက်
 
တိုက်ကျွေးပေးဖို့လိုအပ်ပါတယ် …
 
 
((( လူထုကျန်းမာရေး )))
 
လူနဲ့ကြောင် အပြန်အလှန်ကူးစက်တာမျိုးတော့သိပ်မတွေ့ရပါဘူး…ဒါပေမယ့် ရောဂါဖြစ်ပွား 
 
နေတဲ့ခွေးကိုက်တာခံရရင် လူဆီကိုကူးစက်တတ်ပါတယ်…ဒါပေမယ့် စိုးရိမ်စရာတော့ 
 
သိပ်မရှိပါဘူး
 
 
Zawgyi
 
 
((( ေႀကာင္ေတြမွာျဖစ္ပြားတဲ့ ဘလပ္စတိုမိုင္ကိုးစစ္ ေရာဂါဆိုတာ )))
ဒီေရာဂါျဖစ္ေစတဲ့မိႈေတြကို ခိုရဲ႕မစင္နဲ႔ သစ္ကတိုးပင္ေတြမွာေတြ႕ရတတ္ပါတယ္..…ေႀကာင္ ေတြဟာ ဒီေရာဂါပိုးကို လူနဲ႔ေခြးေတြထက္ခံႏိုင္ရည္ပိုရွိတဲ့အတြက္..ေႀကာင္ေတြအတြက္ သိပ္အေရး မႀကီးတဲ့ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္
((( ေရာဂါျဖစ္ပြားရျခင္းအေႀကာင္းရင္း )))
Blastomyces dermatitidis လို႔ေခၚတဲ့ မိႈေရာဂါပိုးေႀကာင့္ျဖစ္ပြားျခင္းျဖစ္ပါတယ္ …
((( ကူးစက္ပံု )))
မိႈမ်ိဳးေစ့ေတြဟာအေရျပားပြန္းပဲ့ဒါဏ္ရာကေနကိုယ္တြင္းကို၀င္ေရာက္ျခင္းေႀကာင့္ ေရာဂါ   ျဖစ္ပြားျခင္းျဖစ္ပါတယ္…မိႈမ်ိဳးေစ့ေတြကို အစားအေသာက္နဲ႔ေရာျပီးစားမိရင္ ျဖစ္ေစ…ေလနဲ႔အတူရႈမိ  ရင္ျဖစ္ေစ…ေရာဂါျဖစ္ပြားလာႏိုင္ပါတယ္
((( ေရာဂါလကၡဏာမ်ား )))
မ်ားေသာအားျဖင့္ေႀကာင္ေတြရဲ႕ မ်က္ေစ့ ၊ အေရျပား ၊ အသက္ရႈလမ္းေႀကာင္းနဲ႔ ဦးေႏွာက္ ကိုထိခိုက္ေစတာေတြ႕ရပါတယ္…ေခ်ာင္းဆိုးျပီးအသက္ရႈရခက္ခဲတတ္ပါတယ္…တစ္ခ်ိဳ႕ေခြးေတြရဲ႕အေရျပား မွာ.. ျပည္ဖုႀကီး ေတြျဖစ္လာတတ္ပါတယ္… ႏႈတ္ခမ္း၊မ်က္ႏွာနဲ႔ေျခသည္းလက္သည္းအရင္းေတြမွာေရာဂါ လကၡဏာ၏ေတြျပသတာမ်ားပါတယ္ …
((( ေရာဂါရွာေဖြျခင္း )))
ျပည္ဖုကထြက္တဲ့ျပည္စကိုယူျပီး …. အဏုႀကည့္မွန္ေျပာင္းေအာက္မွာ စစ္ေဆးႀကည့္ရႈ ရပါတယ္ ပိုျပီးတိတိက်က်သိႏိုင္ဖို႔ ျပည္စထဲကမိႈကိုဓါတ္ခဲြခန္းမွာပြားယူျပီးစမ္းသပ္တဲ့နည္းနဲ႔…အဖုအႀကိတ္ေနရာက အသားစထဲမွာပါေနတဲ့မိႈကိုဓါတ္ခဲြခန္းမွာပြားယူစမ္းသပ္တဲ့နည္းေတြနဲ႔ ေရာဂါရွာေဖြရပါတယ္…ဒီေရာဂါကို စစ္ေဆးသိရွိႏိုင္တဲ့ ေသြးရည္ႀကည္စစ္ေဆးနည္းေတြလည္း ရွိပါတယ္
((( ကုသျခင္း )))
Itraconazole  ေဆးနဲ႔ တိုက္ေကၽြးကုသေပးႏိုင္ပါတယ္… ဒီေဆးကိုအနည္းဆံုး (၂)လ ေလာက္တိုက္ေကၽြးေပးဖို႔လိုအပ္ပါတယ္ …
((( လူထုက်န္းမာေရး )))
လူနဲ႔ေႀကာင္ အျပန္အလွန္ကူးစက္တာမ်ိဳးေတာ့သိပ္မေတြ႕ရပါဘူး…ဒါေပမယ့္ ေရာဂါျဖစ္ပြား ေနတဲ့ေခြးကိုက္တာခံရရင္ လူဆီကိုကူးစက္တတ္ပါတယ္…ဒါေပမယ့္ စိုးရိမ္စရာေတာ့ သိပ္မရွိပါဘူး

0 မှတ်ချက်များ to “ဘလပ်စတိုမိုင်ကိုးစစ်ပြည်ဖုပေါက်ရောဂါ(Blastomycosis)”

Post a Comment