«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 May 2018

မှိုကြောင့်ဖြစ်သော သွေးဝမ်းရောဂါ (Histoplasmosis)

,
ဒီရောဂါဟာ  Histoplasma capsulatum  လို့ခေါ်တဲ့မှိုကြောင့်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ် ၊
 
ဒီရောဂါဖြစ်လာရင် အဖျားတက်လာလိုက် ပြန်ကျသွားလိုက်ဖြစ်နေတတ်ပါတယ် ၊ဒီမှိုရောဂါပိုးဟာ 
 
အူလမ်းကြောင်းထဲကိုရောက်သွားရင် ဝမ်းလျှောဝမ်းပျက်ဖြစ်စေပါတယ်။
 
 
ကြာလာရင်အူမကြီးကိုဒုက္ခပေးတဲ့ အတွက်ဝမ်းသွားတဲ့အခါသွေးစိမ်းတွေပါလာတတ်ပါတယ်၊ 
 
ခွေးဟာသိသိသာသာကြီးပိန်သွားလေ့ရှိပါတယ် ဒီမှိုရောဂါပိုးဟာ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့
 
အသည်း ၊ အဆုပ် ၊ သရက်ရွက်တွေအပြင် အရိုးတွေနဲ့မျက်စေ့ကိုလည်းထိခိုက်စေနိုင်ပါတယ် ၊ 
 
ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့စအိုထဲကို လက်နဲ့ထိုးပြီးစမ်းသပ်ကြည့်ရင် အတွင်းသားတွေဟာ 
 
ထူခေါက်ခေါက်ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ၊ ဝမ်းဗိုက်ပိုင်းကို အာထရာဆောင်းဓါတ်မှန် 
 
ရိုက်ကြည့်ရင်တော့ ပုံမှန်ထက်အတော်လေးကြီးနေတဲ့သရက်ရွက်နဲ့အသည်းကိုတွေ့မြင်ရ
 
မှာဖြစ်ပါတယ်

 
ခွေးရဲ့ဆီးထဲမှာ ရောဂါဖြစ်စေတဲ့မှိုတွေရှိမရှိစစ်ဆေးခြင်းအားဖြင့်လည်း ဒီရောဂါဟုတ်မဟုတ် 
 
သိနိုင်ပါတယ်

 
ဒီရောဂါဖြစ်ကြောင်းအသေအချာသိနိုင်ဖို့ဆိုရင်တော့ အူမကြီးရဲ့အသားစကိုယူပြီး ဓါတ်ခွဲခန်းမှာ
 
စစ်ဆေး ကြည့်ရမှာဖြစ်ပါတယ်၊ ဒီရောဂါကို Itraconazole စားဆေး (သို့) amphotericin B 
 
ထိုးဆေးနဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

 
ဒါပေမယ့်အချိန်အတော်ယူရမှာဖြစ်ပြီး အနည်းဆုံး(၄)လကနေ(၆)လလောက်ဆေးတိုက်ဖို့တော့ 
 
လိုအပ်ပါတယ်။
 
ကြောင်တွေမှာဒီရောဂါဖြစ်ရင် ဝမ်းပျက်တာမျိုးသိပ်မတွေ့ရပဲ အဖျားတက်ပြီးချောင်းဆိုးတာနဲ့ 
 
အသက်ရှုကြပ်တာကိုပဲတွေ့ပါတယ် ။ ဆက်လက်လေ့လာရန်  လင့်ကိုနှိပ်ပါ Link
 
 Zawgyi
 
ဒီေရာဂါဟာ  Histoplasma capsulatum  လို႔ေခၚတဲ့မိႈေၾကာင့္ျဖစ္ပြားတဲ့ေရာဂါတစ္ခုျဖစ္ပါတယ္ ၊
ဒီေရာဂါျဖစ္လာရင္ အဖ်ားတက္လာလိုက္ ျပန္က်သြားလိုက္ျဖစ္ေနတတ္ပါတယ္ ၊ ၊ ဒီမိႈေရာဂါပိုးဟာ အူလမ္းေၾကာင္းထဲကိုေရာက္သြားရင္၀မ္းေလွ်ာ၀မ္းပ်က္ျဖစ္ေစပါတယ္ ၊ ၾကာလာရင္အူမႀကီးကိုဒုကၡေပးတဲ့ အတြက္၀မ္းသြားတဲ့အခါေသြးစိမ္းေတြပါလာတတ္ပါတယ္၊ေခြးဟာသိသိသာသာႀကီးပိန္သြားေလ့ရွိပါတယ္ 
ဒီမိႈေရာဂါပိုးဟာ ကိုယ္တြင္းအဂၤါေတြျဖစ္တဲ့ အသည္း ၊ အဆုပ္ ၊ သရက္ရြက္ေတြအျပင္ အရိုးေတြနဲ႔မ်က္ေစ့ ကိုလည္းထိခိုက္ေစႏိုင္ပါတယ္ ၊ ဒီေရာဂါျဖစ္ေနတဲ့ေခြးရဲ႕စအိုထဲကို လက္နဲ႔ထိုးၿပီးစမ္းသပ္ၾကည့္ရင္ အတြင္း သားေတြဟာ ထူေခါက္ေခါက္ျဖစ္ေနတာကိုေတြ႕ႏိုင္ပါတယ္ ၊ ၀မ္းဗိုက္ပိုင္းကိုအာထရာေဆာင္းဓါတ္မွန္ ရိုက္ၾကည့္ရင္ေတာ့ ပံုမွန္ထက္ အေတာ္ေလးႀကီးေနတဲ့သရက္ရြက္နဲ႔ အသည္းကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္
ေခြးရဲ႕ဆီးထဲမွာ ေရာဂါျဖစ္ေစတဲ့မိႈေတြရွိမရွိစစ္ေဆးျခင္းအားျဖင့္လည္း ဒီေရာဂါဟုတ္မဟုတ္ သိႏိုင္ပါတယ္
ဒီေရာဂါျဖစ္ေၾကာင္းအေသအခ်ာသိႏိုင္ဖို႔ဆိုရင္ေတာ့ အူမႀကီးရဲ႕အသားစကိုယူၿပီး ဓါတ္ခြဲခန္းမွာစစ္ေဆး ၾကည့္ရမွာျဖစ္ပါတယ္
ဒီေရာဂါကို Itraconazole စားေဆး (သို႕) amphotericin B ထိုးေဆးနဲ႔ ထိထိေရာက္ေရာက္ ကုသႏိုင္ပါတယ္ ၊
ဒါေပမယ့္အခ်ိန္အေတာ္ယူရမွာျဖစ္ၿပီး အနည္းဆံုး(၄)လကေန (၆)လေလာက္ေဆးတိုက္ဖို႔ေတာ့ လိုအပ္ပါ တယ္
ေၾကာင္ေတြမွာဒီေရာဂါျဖစ္ရင္ ၀မ္းပ်က္တာမ်ိဳးသိပ္မေတြ႕ရပဲ အဖ်ားတက္ၿပီးေခ်ာင္းဆိုးတာနဲ့ အသက္ရႈ ၾကပ္တာကိုတြ႕ရပါတယ္

                                     ဆက်လက်ဖတ်ရှုရန်= = »» ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ

<

0 မှတ်ချက်များ to “မှိုကြောင့်ဖြစ်သော သွေးဝမ်းရောဂါ (Histoplasmosis)”

Post a Comment