«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

မွှားကြောင့်ဖြစ်ပွားသောခွေးရောဂါများ(Tick-born Diseases)

,
 
 
Lyme disease - ခြေထောက်နာခြင်း၊အဆစ်များယောင်ယမ်းခြင်း၊အစားအသောက်ပျက်ခြင်း၊ 
 
ကိုယ်အပူချိန်တက်၍မှိုင်နေတတ်ခြင်းတို့တွေ့ရနိုင်သည်။

 

 

 

Canine Ehrlichiosis - ကမ္ဘာအနှံ့တွင်ဖြစ်ပွားသောရောဂါတစ်ခုဖြစ်သည်၊အစားအသောက်ပျက်

ခြင်း၊ ကိုယ်အပူချိန် တက်၍မှိုင်နေတတ် ခြင်း၊နှာရည်နှင့်မျက်ရည်ယိုစီးခြင်း၊နှာခေါင်းသွေးလျှံခြင်း

နှင့် ခြေလက်များယောင်ယမ်းခြင်းတို့ကိုတွေ့ရ တတ်သည်။

 

 

 

Canine Anaplasmosis - Dog tick fever ဟုလည်းခေါ်ကြသည်၊အစားအသောက်ပျက်ခြင်း၊

ကိုယ်အပူ ချိန်တက်ခြင်း၊ ခြေထောက်နာခြင်း၊ ဝမ်းပျက်ခြင်း၊အန်ခြင်းနှင့်ရောဂါပြင်းထန်လျှင်

သတိလစ်မေ့မြော ခြင်းတို့ကိုတွေ့ရတတ်သည်။

 

 

 

Rocky Mountain Spotted Fever - ကိုယ်အပူချိန်တက်ခြင်း၊ ခြေထောက်နာခြင်း၊အရေပြားပေါ်

တွင် အနာများပေါက်လာခြင်း ၊ ရောဂါပြင်းထန်လျှင်သေဆုံးတတ်သည်။

 

 

 

Canine Babesiosis  - သွေးအားနည်းခြင်း၊ လျှာနှင့်အာခံတွင်းများရောင်ဖျော့နေတတ်ခြင်း၊

အားအင်ချည့်နဲ့ခြင်း ၊ မကြာခဏ အန်ခြင်းတို့ဖြစ်တတ်သည်။

 

 

 

Canine Bartonellosis  - မကြာခဏခြေထောက်နာ၍ ဖျားတတ်ခြင်း၊ကုသမှုမပြုပဲထားလျှင်

နှလုံးနှင့်အသည်းရောဂါတို့ ဆက်လက်ဖြစ်ပွားလာတတ်သည်။

 

 

 

Canine Hepatozoonosis - အဖျားတက်ခြင်း၊နှာရည်နှင့်မျက်ရည်ယိုစီးခြင်း၊သွေးပါသောဝမ်း

သွားခြင်း နှင့် ကြွက်သားများ နာကျင်ခြင်းတို့ဖြစ်တတ်သည်။

0 မှတ်ချက်များ to “မွှားကြောင့်ဖြစ်ပွားသောခွေးရောဂါများ(Tick-born Diseases)”

Post a Comment