«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

22 Aug 2017

အဆစ်ယောင်ပြည်ဖုပေါက်ရောဂါ (Coccidioidomycosis)

,
Coccidioides immitis ဆိုတဲ့မှိုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်၊ ဒီရောဂါဟာ မိုးနည်းပြီးပူပြင်းတဲ့ 
 
မြေပြန့်ဒေသ တွေမှာအဖြစ်များပြီး ခြောက်သွေ့နေရာကနေ ရုတ်တရက်မိုးရွာလိုက်တဲ့အချိန်မျိုး
 
တွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ဒီရောဂါဟာဒိုဘာမင်၊ဂရိတ်ဒိန်းနဲ့ဂျာမန်ရှက်ဟပ်တို့လိုခွေးကြီး
 
မျိုးတွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ် ၊ အထူးသဖြင့်အသက်ငယ်သေးတဲ့အထီးတွေမှာ 
 
ပိုဖြစ်တတ်တာတွေ့ရတယ်လို့ဆိုပါတယ် ။
 
 
ရောဂါရင့်လာတဲ့အခါခြေဆစ်လက်ဆစ်တွေယောင်ယမ်းပြီး၊လမ်းလျှောက်တဲ့အခါ ကွတတဖြစ်
 
လာတတ်ပါတယ် ၊မှိုင်နေခြင်း အသက်ရှုကျပ်ခြင်း ၊ ချောင်းဆိုးခြင်းတွေလည်းဖြစ်တတ်ပါတယ် ၊ 
 
အဆုပ်ကိုနားကြပ်နဲ့နားထောင်ကြည့်ရင် အက်ကွဲကွဲ ချွဲသံကြားရတတ်ပါတယ် ၊ တခါတစ်ရံမှာ 
 
ဝမ်းဗိုက်ယောင်တတ်ပါတယ် ၊ခြေလက်တွေရဲ့အရေပြားအောက်မှာပြည်ဖုလေးတွေပေါက်လာပြီး 
 
ပြည်စတွေစီးထွက်နေတတ်ပါတယ် ၊
 
ဒီရောဂါဖြစ်လာရင် Ketoconazole စားဆေးကို(၂)လလောက် တိုက်ကျွေးပြီးကုသနိုင်ပါတယ် ၊ 
 
Ketoconazole  နဲ့ မတည့်တဲ့ခွေးဆိုရင်တော့ Itraconazole စားဆေးကိုပြောင်း တိုက်ရပါမယ် ၊ 
 
အဲဒီဆေးတွေနဲ့ ဆေးမတိုးတာမျိုးလည်း ရှိတတ်ပါတယ် ၊ ဆေးမတိုးတဲ့အခြေအနေဆိုရင် 
 
Amphotericin B ထိုးဆေးနဲ့ပြောင်းလဲကုသပေးရပါတယ် ။
 
Zawgyi
Coccidioides immitis ဆိုတဲ့မှိုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ် မိုးနည်းပြီးပူပြင်းတဲ့မြေနိမ့်ဒေသ တွေမှာ အဖြစ်များပြီး ခြောက်သွေ့နေရာကနေ ရုတ်တရက်မိုးရွာလိုက်တဲ့ အချိန်မျိုးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ဒီရောဂါဟာ ဒိုဘာမင် ၊ ဂရိတ်ဒိန်းနဲ့ ဂျာမန်ရှက်ဟပ်တို့လိုခွေးကြီးမျိုးတွေမှာပိုပြီးအဖြစ်များတာကို
တွေ့ရပါတယ် ၊ အထူးသဖြင့်အသက်ငယ်သေးတဲ့အထီးတွေမှာ ပိုဖြစ်တတ်တာတွေ့ရတယ်လို့ဆိုပါတယ် ရောဂါရင့်လာတဲ့အခါခြေဆစ်လက်ဆစ်တွေယောင်ယမ်းပြီး လမ်းလျှောက်တဲ့အခါ ကွတတ ဖြစ်လာတတ်ပါတယ် ၊မှိုင်နေခြင်း အသက်ရှုကျပ်ခြင်း ၊ ချောင်းဆိုးခြင်းတွေဖြစ်တတ်ပါတယ် ၊ အဆုပ်ကိုနားကြပ်နဲ့နားထောင်ကြည့်ရင် အက်ကွဲကွဲ ချွဲသံကြားရတတ်ပါတယ် ၊ တခါတစ်ရံမှာ ၀မ်းဗိုက်ယောင်တတ်ပါတယ် ၊ခြေလက်တွေရဲ့ အရေပြားအောက်မှာ ပြည်ဖုလေးတွေ ပေါက်လာပြီး ပြည်စတွေစီးထွက်နေတတ်ပါတယ် ၊ Ketoconazole စားဆေးကို(၂)လလောက် တိုက်ကျွေး ကုသနိုင်ပါတယ် ၊ Ketoconazole  နဲ့ မတည့်တဲ့ခွေးဆိုရင်တော့ Itraconazole စားဆေးကိုပြောင်း တိုက်ရပါမယ် ၊ အဲဒီဆေးတွေနဲ့ ဆေးမတိုးတာမျိုးလည်း ရှိတတ်ပါတယ် ၊ ဆေးမတိုးတဲ့အခြေအနေဆိုရင် Amphotericin B ဆေးနဲ့ပြောင်းလဲ ကုသပေးနိုင်ပါတယ် ။

0 မှတ်ချက်များ to “ အဆစ်ယောင်ပြည်ဖုပေါက်ရောဂါ (Coccidioidomycosis) ”

Post a Comment