ခွေးတွေဟာပူပြင်းတဲ့ရာသီဥတုမျိုးမှာ”HeatStroke”လို့ခေါ်တဲ့အပူဒါဏ်သင့်ခြင်းကို
ခံစားရတတ်ပါတယ် ၊ အပူဒါဏ်သင့်ခြင်းဖြစ်တဲ့အခါ အသက်အန္တရာယ်အထိဖြစ်လာတတ်
တဲ့အတွက်မပေါဆသင့်ပါဘူး။
ခွေးတွေမှာထူးခြားတဲ့အချက်ကတော့ လူအပါအဝင်အခြားတိရစ္ဆာန်တွေမှာလို ချွေးကို
ထွက်စေတဲ့ချွေးဂလင်း တွေမပါရှိခြင်းပဲဖြစ်ပါတယ်၊ အဲဒါကြောင့်ပတ်ဝန်းကျင်ရာသီဥတု
ပူပြင်းလာတဲ့အခါခွေးတွေဟာခန္တာကိုယ်အတွင်းမှာစုမိလာတဲ့အပူဓာတ်ကိုချွေးထွက်စေခြင်း
အားဖြင့် စွန့်ထုတ်ပြီးအပူချိန်ကိုထိမ်းညှိနိုင်ခြင်းမရှိပါဘူး၊အဲဒီအားနည်းချက်ကြောင့်
ခွေးတွေအပူဒါဏ်သင့်တဲ့အခါအသက်အန္တရာယ်အထိရှိလာတတ် ပါတယ်။
(၂) အလွန်အမင်းမောဟိုက်လာခြင်း
(၃) လျှာရဲ့အရောင်ဟာ ပန်းရောင်ကနေနီရဲရဲ(သို့)ညိုပုပ်ပုပ်ဖြစ်လာခြင်း
(၄) လျှာရည်မထွက်တော့ခြင်း(သို့)ပျစ်တွဲတွဲဖြစ်လာခြင်း
(၅) နှာခေါင်းချွေးမထွက်တော့ခြင်း
(၆) လမ်းလျှောက်တဲ့အခါ ခယိုခယိုင်ဖြစ်လာခြင်းနဲ့
(၆) ဝမ်းလျှောဝမ်းပျက်ဖြစ်လာခြင်းစတဲ့လက္ခဏာတွေဟာအပူဒါဏ်သင့်နေတဲ့လက္ခဏာတွေ ဖြစ်ပါတယ်
မိမိရဲ့ခွေးမှာအထက်ပါလက္ခဏာများတွေ့ရှိလာပါကအောက်ပါအချက်များကိုချက်ချင်း
ဆောင်ရွက်သင့်ပါတယ်
(၁) ခွေးရဲ့ခြေဖဝါးနေရာတွေကို ချက်ချင်းအရက်ပျံဆွတ်ပေးဖို့လိုပါတယ်။
(၂) ရေအေးအေးကို အဝတိုက်ပေးရပါမယ်။
(၃) ခွေးရဲ့ခန္တာကိုယ်ပေါ်ကို ရေအေးအေးလောင်းပေးခြင်း(သို့)
ခွေးကိုရေကူးခိုင်းခြင်း။တို့ပြုလုပ်ပေးနိုင်ပါတယ်။
(၄) မိမိရဲ့ခွေးကို လှုပ်လှုပ်ရှားရှားသိပ်မလုပ်စေဖို့အတွက်တိတ်ဆိပ်ငြိမ်သက်တဲ့ အခန်းထဲကို
ပြောင်းရွှေ့ထား သင့်ပါတယ်။
(၅) အဲယားကွန်းအခန်းရှိလျှင် အဲယားကွန်းအခန်းထဲကိုပြောင်းရွှေ့ထားသင့်ပါတယ်။
(၆) အဲယားကွန်းအခန်းမရှိလျှင်တော့ အရိပ်ရပြီးလေတိုက်နေတဲ့နေရာပြောင်းရွှေ့ထားသင့်ပါတယ်။
(၇) နောက်ဆက်တွဲပြသနာတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့
တိရစ္ဆာန်ရောဂါကု ဆရာဝန်ရဲ့အကူအညီကိုရယူဖို့လိုအပ်ပါတယ်။