«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Jul 2016

မျက်စေ့နာရောဂါ (Feline bartonellosis)

,
Unicode
 
ဘာတိုနဲလားရောဂါကိုဖြစ်ပွားစေတဲ့ပိုးဟာ လေမရှိတဲ့နေရာမှာ ပေါက်ပွားနိုင်တဲ့ အနှုတ်လက္ခဏာ 
 
ဆောင် Bartonella ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။

ခွေးကြောင်တွေရဲ့ခန္တာကိုယ်ထဲကိုရောက်တဲ့အခါ ဒီပိုးတွေဟာသွေးကို အဓိကထိခိုက်ပျက်စီး
 
စေတာဖြစ်ပါတယ်။

ကြောင်တွေကိုရောဂါဖြစ်စေတဲ့ ဘာတိုနဲလားပိုးတွေကတော့
 
(၁) B.henselae (အတွေ့ရအများဆုံးဖြစ်ပါတယ်-တခါတရံ ဝမ်းပျက်စေပါတယ်)
 
(၂) B. clarridgeiae (အတွေ့ရသိပ်မများတဲ့ပိုးဖြစ်ပါတယ်)
 
(၃) B. koehlerae, နဲ့ B. bovis (တခါတရံသာတွေ့ရတဲ့ပိုးဖြစ်ပါတယ်)

ရောဂါပိုးပါတမွှားကောင်တွေကိုက်ရာကတစ်ဆင့်ကြောင်တစ်ကောင်ကနေအခြားတစ်ကောင်ဆီကို 
 
ကူးစက်သွားတာဖြစ်ပါတယ်။

ကြောင်တွေ ဒီရောဂါပိုးရှိနေရင် ဖျားတာနာတာမျိုးတော့ဖြစ်ခဲပါတယ်၊ ကြောင်တွေဟာရောဂါ
 
ရှိနေရင်ကလေးမရနိုင်တာမျိုးတော့ဖြစ်နေတတ်ပေမယ့်၊ ကျန်းကျန်းမာမာပဲရှိနေတတ်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံရောဂါပြင်းထန်ရင်တော့ အန်ပြီးဖျားတတ်ပါတယ် မျက်စေ့နာတတ်ပါတယ် 
 
မျက်စေ့ဟာနီရဲနေပြီး အလင်းရောင်ကို မကြည့်နိုင်ဖြစ်နေတတ်ပါတယ်။
 
 
 
ဘာတိုနဲလားရောဂါရှိမရှိကို သွေးရည်ကြည်စစ်ဆေးမှုပြုလုပ်တဲ့နည်းနဲ့တိတိကျကျမသိနိုင်ပါဘူး။ 
 
အကောင်းဆုံးကတော့ ကြောင်ရဲ့သွေးကိုဖောက်ယူပြီးဓါတ်ခွဲခန်းမှာ ပိုးပျိုးကြည့်တဲ့နည်းနဲ့သာ 
 
ရောဂါကိုရှာဖွေသိရှိနိုင်ပါတယ်။
 
ကြောင်မှာရောဂါရှိနေပေမယ့် ပိုးတွေကသွေးထဲမှာမနေသေးပဲ ခန္တာကိုယ်ရဲ့အခြားတစ်နေရာရာမှာ 
 
ခိုအောင်းနေချိန်မျိုးမှာ သွေးကိုဖောက်ယူမိရင်လည်းရောဂါကိုတွေ့ရမှာမဟုတ်ပါဘူး။

 
ကြောင်တွေမှာဒီရောဂါပိုးရှိနေပေမယ့်လည်း ရောဂါလက္ခဏာဘာမှမပြရင်ကုသဖို့မလိုအပ်ပါဘူး 
 
ရောဂါလက္ခဏာတွေပြသလာရင်တော့ ကုသသင့်ပါတယ်၊ ဒီရောဂါအတွက်ကတော့ ကုထုံး(၃)မျိုး
 
ရှိပါတယ်။

ကုထုံး-(၁) Enrofloxacin ဆေးကို ကြောင်ရဲ့ကိုယ်အလေးချိန်တစ်ကီလိုရှိတိုင်း(၂.၅)မီလီဂရမ်နှုန်း
 
ထိုးနှံပေးနိုင်ပါတယ်

ကုထုံး-(၂) Azithromycin ထိုးဆေးကို ကြောင်ရဲ့အလေးချိန်တစ်ကီလို ရှိတိုင်း(၁၀)မီလီဂရမ်နှုန်း 

ကုထုံး-(၃) Doxycycline ထိုးဆေးကို ကြောင်ရဲ့အလေးချိန်တစ်ကီလိုရှိတိုင်း (၁၀)မီလီဂရမ်နှုန်း
 
ထိုးနှံပေးရပါမယ်။
 
ကြောင်တွေမှာ မျက်စေ့နာတဲ့အခြားရောဂါတစ်ခုရှိပါသေးတယ် အဲဒါကတော့ ကလာမိုင်းဒီးယား
 
မျက်စေ့နာရောဂါဖြစ်ပါတယ် ကလာမိုင်းဒီးယားမျက်စေ့နာရောဂါအကြောင်းကို ဆက်လက်ဖတ်ရှု့ 
 
ရန် လင့်ကိုနှိပ်ပါ Link

ကလေးမရနိုင်သောလျူကီးမီးယားရောဂါ(Feline leukemia)အကြောင်းကိုဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ  Link

 
Zawgyi

ဖြစ်ပါတယ်၊



ရောဂါကူးစက်ပုံ
ဘာတိုနဲလားပိုးတွေဟာမွှားကောင်တွေကိုက်ရာကတစ်ဆင့် 
ဖြစ်ပါတယ်။ 

ကြောင်တွေဟာရောဂါရှိနေပေမယ့် ကလေးမရနိုင်တာမျိုးဖြစ်နေပေမယ့်

ဒါပေမယ့် တစ်ခါတစ်ရံရောဂါပြင်းထန်ရင်တော့ အန်တတ်ပါတယ်
တစ်ခါတစ်ရံဖျားတတ်ပါတယ် မျက်စေ့နာတတ်ပါတယ် မျက်စေ့ဟာနီရဲနေပြီး အလင်းရောင်ကို မကြည့်နိုင်ဖြစ်နေတတ်ပါတယ်။
 
 

ဓါတ်ခွဲခန်းမှာ ပိုးပျိုးကြည့်တဲ့နည်းသာအကောင်းဆုံးဖြစ်ပါတယ်

ကုသခြင်း 


ဒီရောဂါအတွက်ကတော့ ကုထုံးသုံးမျိုးရှိပါတယ်။ 

ကုထုံး-(၁) enrofloxacin ဆေးကိုကြောင်ရဲ့ကိုယ်အလေးချိန်
တစ်ကီလိုရှိတိုင်း(၂.၅)မီလီဂရမ်နှုန်းထိုးနှံပေးရပါတယ်

ကုထုံး-(၂) Azithromycin ထိုးဆေးကို ကြောင်ရဲ့အလေးချိန်တစ်ကီလို ရှိတိုင်း(၁၀)မီလီဂရမ်နှုန်း ထိုးနှံပေးရပါမယ်။


အဲဒါကတော့ ကလာမိုင်းဒီးယားမျက်စေ့နာရောဂါုဖစ်ပါတယ် 


                       ကလာမိုင်းဒီးယာမျက်စေ့နာရောဂါ

0 မှတ်ချက်များ to “ မျက်စေ့နာရောဂါ (Feline bartonellosis)”

Post a Comment