«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Aug 2017

သွေးယိုရောဂါ(Leptospirosis in)

,
စွတ်စိုထိုင်းမှိုင်းပြီး ရွှံ့ညွံထူထပ်တဲ့နေရာတွေမှာဖြစ်ပွားတတ်တဲ့ကြောင်ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ 
ဒီရောဂါကိုဖြစ်ပွားစေတဲ့ပိုးကတော့  L. Pomona  လို့ခေါ်တဲ့ဘက်တီးရီးယားပိုးဖြစ်ပါတယ် ၊

ဒီရောဂါရှိနေတဲ့ကြောင်ရဲ့ဆီးထဲမှာ ရောဂါပိုးတွေပါလာတတ်ပါတယ် ၊ စွတ်စိုတဲ့ဒေသတွေမှာ
ရောဂါပိုးပါတဲ့ရေကိုသောက်မိတဲ့ကြောင်တွေဟာ ရောဂါကူးစက်ခံရပါတယ်
ကြောင်ရဲ့ခန္တာကိုယ်ထဲရောက်လာတဲ့ပိုးဟာ တစ်ကိုယ်လုံးနေရာအနှံ့ကိုပြန့်နှံ့ရောက်ရှိသွားပါတယ်
အဲဒီနောက် အသည်းနဲ့ကျောက်ကပ်ထဲကိုဝင်ရောက်ခိုနားပြီး ရောဂါပိုးတွေပွားများလာတဲ့အခါ
ကြောင်ဟာ အပြင်ဖျားလာတတ်ပါတယ် ၊ ကြောင်ဟာနုံးချိမှိုင်တွေနေတတ်ပြီးဆီးခဏခဏသွားတတ် ပါတယ် ၊ တစ်ခါတရံဆီးသွားရခက်ခြင်း(သို့)ဆီးလုံးဝမသွားနိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ် ၊
ဝမ်းပျက်တတ်ပြီး ၀မ်းထဲမှာသွေးစအနည်းငယ်ပါလာတတ်ပါတယ် ၊ ကြောင်အမတွေမှာဒီရောဂါဖြစ်ရင်
အမတန်ဆာကနေ သွေးရောင်သန်းတဲ့အရည်တွေထွက်ကျနေတတ်ပါတယ် ၊ ဒီရောဂါဖြစ်တဲ့ကြောင်တွေ
အန်တဲ့အခါ သွေးစတွေပါလာတတ်ပါတယ် ၊ ပါးစပ်ပေါက်နှုတ်ခမ်းသားနေရာတွေမှာ သွေးစို့နေတာမျိုး လည်းတွေ့ရတတ်ပါတယ် ၊ နှာရည်ကျပြီးမောနေတတ်ပါတယ် ၊ ကြောင်ရဲ့ခန္တာကိုယ်ကအရည်ဓါတ်
တွေဟာ အလျှင်အမြန်ခမ်းခြောက်သွားတတ်တာကြောင့် အရည်ပြားတွေဟာပျော့ပြောင်းမှုမရှိပဲ
မာတင်းတင်းဖြစ်နေတာကိုစမ်းသပ်တွေ့ရှိနိုင်ပါတယ်

ခုခံအားကောင်းတဲ့ကြောင်တွေဆိုရင်တော့ ခုခံအားစနစ်ရဲ့တိုက်ခိုက်မှုကြောင့် အဲဒီပိုးတွေသေဆုံးကုန်ပြီး
 ပြန်လည်ကောင်းမွန်သက်သာလာနိုင်ပေမယ့်ခုခံအားမကောင်းတဲ့ကြောင်တွေမှာဆိုရင်တော့အသည်းနဲ့ ကျောက်ကပ်ကိုတိုက်ခိုက်ဖျက်ဆီးကြပါတော့တယ် ၊ အချိန်မီစနစ်တကျမကုရင်တော့သေတတ်ပါတယ်

ဒီရောဂါဖြစ်လာရင် အရေးအကြီးဆုံးကတော့ ဆုံးရှုံးသွားတဲ့အရည်ဓါတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်း ပေးဖို့လိုအပ်ပါတယ် ၊ အခြေအနေသိပ်မဆိုးသေးရင်တော့ဓါတ်ဆားရည်တိုက်ပေးရပါမယ် ၊ လိုအပ်ရင်
ဓါတ်ဆားရည်ကို အကြောကနေဖြည့်သွင်းပေးသင့်ပါတယ် 

ရောဂါပိုးကိုနှိမ်နင်းဖို့အတွက်ပင်နီစလင်စားဆေးတိုက်ကျွေးနိုင်ပါတယ် ၊ ဒါပေမယ့် ရောဂါပိုးက
အသည်းနဲ့ကျောက်ကပ်ထဲမှာခိုအောင်းနေရင်တော့ ပင်နီစလင်စားဆေးနဲ့အမြစ်ပြတ်အောင်
ကုသလို့မရနိုင်ပါဘူး

ရောဂါပိုးသယ်ဆောင်အဆင့်ကြောင်တွေကိုတော့ Tetracyclines တွေနဲ့   fluoroquinolones ဆေးတွေကို အသုံးပြုရမှာဖြစ်ပါတယ် 

ဒီရောဂါပိုးဟာ လူအပါအ၀င်နို့တိုက်သတ္တ၀ါတွေကိုလည်းကူးစက်နိုင်ပါတယ် ၊ ကူးစက်ခံရတဲ့အခါ 
ရောဂါလက္ခဏာတွေသိသိသာသာမခံစားရတာမျိုးလည်းရှိတတ်ပါတယ် ၊ ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေ
ကတော့ ဖျားတာ ခေါင်းကိုက်တာ မျက်လုံးအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်

0 မှတ်ချက်များ to “ေသြးယိုေရာဂါ(Leptospirosis in)”

Post a Comment