«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

ပါပီအဖျားရောဂါ(Puppies septicemia)

,

မိခင်ရဲ့သားအိမ်ထဲကို ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် 

သားငယ်လေးတွေဟာ မိခင်ရဲ့သားအိမ်ထဲမှာရှိနေစဉ်တုန်းကတည်းက

ရောဂါရနေခဲ့တဲ့အပြင် အချိန်အကြာကြီးမွေးရခက်နေခြင်း၊ ပြုစု 

စောင့်ရှောက်မှုညံ့တဲ့အတွက်ကြောင့်မိခင်မှာ အာဟာရချို့တဲ့ခြင်း၊ 

မိခင်မှာသန်ကောင်ရောဂါစွဲကပ်နေခြင်းစတဲ့ အခြေအနေများကြောင့် 

သားငယ်လေးတွေဟာမွေးကာစကတည်းက ချူခြာနေတတ်ပါတယ်၊ 

ဒီလိုအခြေအနေမျိုးတွေကြောင့် သားငယ်လေးတွေဟာ ပြင်ပလောက

ကို  ရောက်လာပြီးသိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်ရဲ့ အပူချိန်နဲ့ 

လိုက်လျှောညီထွေဖြစ်အောင်ထိမ်းညှိမှုမပြုနိုင်ခြင်းကိုစတင်ကြုံတွေ့

ကြပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ သားငယ်လေးတွေဟာခုခံအားအလွန်အမင်း

ကျဆင်းနေတဲ့အတွက် ပတ်ဝန်းကျင်မှာအသင့်ရှိနေတဲ့ဘက်တီးရီးယား

ရောဂါပိုးတွေရဲ့ ဒုက္ခပေးခြင်းကိုချက်ချင်းခံကြရပြီး ဝမ်းလျှောခြင်း၊

အဆုပ်ယောင်ခြင်း၊ အဖျားဝင်လာ ခြင်းတို့ဆက်တိုက်ဖြစ်လာကြပြီး

အချိန်တိုတိုအတွင်း မှာပဲ သေဆုံးသွားတတ်ကြပါတယ်။

အဲဒီလိုအချိန်မျိုးမှာဝင်ရောက်ဒုက္ခပေးတတ်တဲ့ဘက်တီးရီးယားရောဂါ

ပိုးတွေကတော့မျိုးစုံဖြစ်နေတတ်ပြီး များသောအားဖြင့် Streptococcus

canis ရောဂါပိုးကိုအများဆုံးတွေ့ရှိရပြီး Staphylococcus aureus နဲ့

Escherichia coli စတဲ့ရောဂါပိုးတွေကို့ဒုတိယအများဆုံးတွေ့ရတယ်

လို့ဆိုပါတယ်။

ဘက်တီးရီးယားပိုးတွေအပြင် herpesvirus ဗိုင်းရပ်ပိုးကလည်း 

မွေးကင်းစခွေးငယ်လေးများသေဆုံးရတဲ့အကြောင်းရင်းတစ်ခုဖြစ်နေတာ

ကိုတွေ့ရတယ်လို့ဆိုပါတယ်။

မွေးကာစခွေးပေါက်စလေးတွေမှာအဲဒီလိုရောဂါပိုးတွေဝင်ရောက်   

ဒုက္ခပေးခြင်းခံရတဲ့အခါခွေးငယ်လေးတွေဟာအဖျားဝင်လာပြီး  

အသက်ရှူကျပ်မောဟိုက်လာတတ်ပါတယ်၊ ထင်ရှားတဲ့ပြင်ပလက္ခဏာ

အနေနဲ့ချမ်းတုန်နေတတ်ပြီးတဖြည်းဖြည်းအားအင်ချည့်နဲ့လာကြပြီး

ချက်ချင်းဆိုသလိုသွေးပေါင်ကျလာတဲ့အတွက်နှလုံးခုန်နှုန်းအလွန်မြန်

လာတာကိုတွေ့ရနိုင်ပါတယ် ၊ ခွေးငယ်လေးတွေဟာသိပ်မကြာခင်မှာပဲ

သေဆုံးသွားတတ်ကြပါတယ်။

အဲလိုဖြစ်နေတဲ့ခွေးငယ်လေးတွေကို အထူးကြပ်မတ်ကုသပေးဖို့လိုအပ်

ပါတယ်၊သွေးပေါင်တက်စေတဲ့ဆေးများထိုးနှံပေးခြင်း ဓာတ်ဆားရည်

ပုလင်းကြီးချိတ်ပေးခြင်း၊ ပဋိဇီဝဆေးများထိုးနှံပေးခြင်းတို့ကို အချိန်နဲ့

တပြေးညီဆောင်ရွက်ပေးရပါတယ်၊အစာမစားနိုင်သေးရင်အာဟာရဖြစ်

စေမယ့်နို့ရည်တုတွေက်ုအစာအိမ်ပိုက်နဲ့တိုက်ရိုက်ထည့်သွင်းပေးရ 

တာမျိုးလည်းပြုလုပ်ပေးရပါတယ်၊

ဒီလို ပါပီအဖျားရောဂါ(Puppies septicemia) ဖြစ်နေတဲ့ခွေးပေါက်စ

လေးတွေကို အချိန်မီစနစ်တကျကုသပေးနိုင်မှသာ အသက်ရှင်နိုင်မှာ

ဖြစ်ပြီး များသောအားဖြင့်သေဆုံးသွားတတ်ကြပါတယ်။

0 မှတ်ချက်များ to “ပါပီအဖျားရောဂါ(Puppies septicemia) ”

Post a Comment