«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Oct 2020

အမွှေးလုံးခြင်း(FOLLICULITIS)

,

FOLLICULITIS ဆိုတာကတော့အမွှေးအမြှင်တွေရဲ့အရင်းက အရေပြားထဲမှာရှိနေတဲ့မွှေးညှင်းအိတ်

ကလေးတွေယောင်ယမ်းတာဖြစ်ပါတယ်။

အကြောင်းတစ်စုံတစ်ရာကြောင့်အရေပြားတွေယောင်ယမ်းတဲ့အခါနောက်ဆက်တွဲအနေနဲ့မွှေးညှင်း

အိတ်ကလေးတွေပါယောင်ယမ်းလာခြင်းဖြစ်ပါတယ်၊ မွှေးညှင်းအိတ်ကလေးတွေအကွက်လိုက် 

အစုလိုက်ယောင်နေတဲ့နေရာတွေမှာ အမွှေးတွေအထပ်လိုက်ဖြစ်ခြင်းအမွှေးတွေလုံးခြင်းစတာတွေ

မြင်ရတတ်ပါတယ်၊တစ်ကိုယ်လုံးကမွှေးညှင်းအိတ်လေးတွေမှာဖြစ်လာရင်တော့ကြောင်ရဲ့အပြင်ပန်း 

ပုံစံဟာသပ်သပ်ယပ်ယပ်မရှိတော့ပဲ အမွှေးတွေလုံးနေတဲ့အတွက်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေ

တတ်ပါတယ်၊ တစ်ချို့နေရာတွေမှာ ပြင်ပကဘက်တီးယားပိုးတွေထပ်ဆင့်ဝင်ရောက်တာခံရရင် 

အရေပြားရဲ့အောက်ဖက်မှာ အဖုအကြိတ်တွေတည်လာတတ်ပါတယ် ၊ အဲဒီလိုဖြစ်နေတာကိုတော့  

furunculosis  လို့ခေါ်ပါတယ်၊ တစ်ကိုယ်လုံးကအမွှေးတွေလုံးနေရင်တော့ ပဋိဇီဝဆေးပါတဲ့ရှန်ပူ

တစ်မျိုးမျိုးနဲ့ကြောင်ကိုသန့်စင်အောင်ရေချိုးပေးသင့်ပါတယ်၊  furunculosis   ဖြစ်နေတဲ့နေရာက 

အမွှေးတွေတော့ကိုရိတ်ပစ်ပြီးအဖုအကြိတ်တွေဖြစ်နေတဲ့နေရာကိုTetracyclineညှစ်ဆေးသုပ်လိမ်း

ပေးခြင်းအားဖြင့် ပြန်လည်သက်သာပျောက်ကင်းလာနိုင်ပါတယ်။

 အရေပြားအဖုအကြိတ်ဖြစ်တတ်သော MYCETOMA ရောဂါအကြောင်းကိုဆက်လက်ဖတ်ရှုရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “အမွှေးလုံးခြင်း(FOLLICULITIS)”

Post a Comment