«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Dec 2019

ဆီးခဏခဏသွားခြင်း(Cushing Disease)

,
Cushing disease ရောဂါကို hyperadrenocorticism(HAC) လို့လည်းခေါ်ပါတယ်၊ ဒီရောဂါကတော့ သွေးထဲမှာ ဟိုမုန်းတွေအရမ်းများလာ လို့ဖြစ်ပွားခြင်းဖြစ်ပါတယ် Cushing disease ရောဂါဟာခွေးတွေမှာ အတော်လေးအဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ် Miniature Poodles, Dachshunds, Boxers, Boston Terriers နဲ့ Beagles ခွေးအမျိုးအစားတွေမှာပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်၊ဒီရောဂါဖြစ်ပွားတဲ့ခွေးတွေရဲ့ 90% ဟာ ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာဖြစ်ပြီး ကျန်တဲ့ 15% ကတော့ ကျောက်ကပ်နားက အက်ဒရီနယ်ဂလင်းမှာ အကြိတ်တည်လို့ဖြစ်ပွားတာဖြစ်ပါတယ်
ဒီရောဂါဟာများသောအားဖြင့် အလယ်အလတ်အသက်အရွယ်ရှိတဲ့ခွေးတွေမှာဖြစ်ပွား လေ့ရှိပြီး ရောဂါဖြစ် လာပြီဆိုရင် ရေကိုခဏခဏ သောက်ပြီး ဆီးခဏခဏသွားတတ်တာကနေစတင်လာလေ့ရှိပါတယ် ခွေးဟာအရင်ကနဲ့မတူပဲ အစားအသောက်ကိုအရမ်းစားပြီး ဝလာတတ်ပါတယ် ဒါပေမယ့်အပူဒါဏ်ကိုမခံနိုင် တော့ပဲ မောပန်းလွယ်ပြီး အားမရှိသလိုဖြစ်လာတတ် ပါတယ် ၊တဖြည်းဖြည်းနဲ့ခန္တာကိုယ်ရဲ့အရေပြားတွေ ဟာ ပါးလာပြီး အမွှေးတွေကျွတ်လာမှာဖြစ်ပါတယ် ဝမ်းဗိုက်ပိုင်းကအရေပြားတွေကိုသေချာကြည့်ရင် အနက်ရောင်ထူခေါက်ခေါက်အကွက်လေးတွေကိုတွေ့ရရင် ရောဂါကအတော်လေး ခရီးရောက်နေပြီဆိုတာ သိနိုင်ပါတယ်
ဒီရောဂါဟုတ်မဟုတ်သေချာသိဖို့အတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုတွေလုပ်တဲ့အခါမှာ သွေးအ‌ဖြေတွေက အမြဲတန်း အမှန်ကိုမဖော်ပြတတ်တဲ့ရောဂါ ဖြစ်တဲ့အတွက်စမ်းသပ်မှုရလာဒ်တွေကိုကြည့်ပြီးအဖြေမှန်ထုတ်နိုင် ဖို့အလွန်ခက်ပါတယ်၊ 
အဖြေမှန်ထုတ်နိုင်ဖို့ဆိုရင်ဆီးစစ်တာနဲ့သွေးစစ်တာကို(၃)လကနေ(၆)လလောက်အထိ လုပ်ကြည့်နေပြီး မှသာ ဒီရောဂါဟုတ်မဟုတ်ခွဲခြား
သိရှိနိုင်တာဖြစ်ပါတယ် ဒီရောဂါဖြစ်ကြောင်းသေချာသိရှိပြီးရင်တောင်မှပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား ခွဲခြားသိရှိနိုင်ဖို့စမ်းသပ်မှုအမျိုးမျိုး ထပ်မံလုပ်ကြည့် ဖို့လိုအပ်ပါသေးတယ်
အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလားသိရှိနိုင်ဖို့အတွက်ဝမ်းဗိုက်ကိုဓာတ်မှန်ရိုက်ခြင်းနဲ့ အာလ်ထရာဆောင်းဓာတ်မှန်ရိုက်ခြင်းတို့လုပ်ရမှာဖြစ်ပြီးပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်ပွားတာလား သိရှိနိုင်ဖို့အတွက်ဆိုရင် ကွန်ပြူတာဓာတ်မှန် CT scan နဲ့ သံလိုက်ဓာတ်သုံးပုံရိပ်ဖော်စက် Magnetic Resonance Imaging (MRI)နဲ့ဓာတ်မှန်ရိုက်တာတွေကို
လုပ်ကြည့်ရမှာဖြစ်ပါတယ်
ဒီရောဂါ Hyperadrenocorticism ကိုကုသဖို့အတွက် နှစ်ပေါင်းများစွာအသုံးပြုလာတဲ့ ဆေးကတော့ Mitotane စား ဆေးပဲဖြစ်ပါတယ် ဒီဆေးကတော့ ကင်ဆာဆဲလ်တွေကိုသုပ်သင်ပေးတဲ့ဆေးဖြစ်ပြီး အက်ဒရီနယ် ဂလင်းတွေကနေ Cortisol တွေထုတ်လုပ်နေမှုကို
လျှော့ကျစေပါတယ်
Mitotane စားဆေးတိုက်မယ်ဆိုရင် (21 - 69) mg/kg နှုန်းနဲ့တိုက်ကျွေးရမှာဖြစ်ပါတယ် Mitotane ဆေးကိုတိုက်ပြီးရင်
ခွေးရဲ့အက်ဒရီနယ်ဂလင်းတွေကနေ Cortisol တွေထုတ်လုပ် နေမှုကျသွား မသွားကို ခွေးရဲ့ပြင်ပလက္ခဏာတွေဖြစ်တဲ့အစားစားနှုန်း လျှော့သွားခြင်း အန်လာတတ်ခြင်းနဲ့ဝမ်းပျက်လာ ခြင်းတွေရှိမရှိကြည့်ရုံနဲ့သိနိုင်ပါတယ်
(၇)ရက်လောက်ဆေးကုပြီးရင် ခွေးကိုသွေးပြန်စစ်ကြည့်သင့်ပါတယ် သွေးထဲမှာ Cortisol ပါဝင်မှုကို   ACTH stimulation test နည်းနဲ့ဖြစ်စေ Radio-immunossay နည်းနဲ့ဖြစ်စေ စစ်ဆေးနိုင်ပါတယ် သွေးထဲမှာ Cortisol တွေ များနေသေး ရင်တော့ ဆေးကိုဆက်တိုက်ပေးနေရမှာ ဖြစ်ပါတယ် နည်းသွားပြီဆိုရင်တော့ ဆေးကိုဆက်မတိုက်တော့ပဲ နေနိုင်ပေမယ့် ခွေးကို (၄)လတစ်ကြိမ်လောက်သွေးပြန်စစ်ကြည့်ပြီး
အခြေအနေကိုစောင့်ကြည့်နေဖို့လိုအပ် ပါတယ်
အကယ်၍သွေးစစ်ပြန်ကြည့်တဲ့အခါ Cortisol တွေနည်းမသွားပဲများနေသေးရင် Mitotane ဆေးကို ပမာဏတိုးပြီးတိုက်ကျွေးသင့်ရင်တိုက်ပေးရ
မှာဖြစ်ပါတယ် ၊ Mitotane ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအဖြစ် အစားအသောက်မစားတော့ခြင်းဒယီးဒယိုင်ဖြစ်ခြင်းအားကုန်အားပြတ်ဖြစ်ခြင်း နဲ့အန်ခြင်းစတာတွေဖြစ်တတ်တဲ့အတွက် တစ်နေ့လုံးအတွက်တိုက်ရမယ့် mitotane ဆေးပမာဏကို နှစ်ကြိမ်(သို့)သုံးကြိမ်ခွဲပြီးတိုက်ကျွေး ပေးခြင်း အားဖြင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို အနည်းဆုံးဖြစ်အောင်ရှောင်ရှားနိုင်ပါတယ်
အခုနောက်ဆုံးလေ့လာတွေ့ရှိချက်အရ ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing DiseaseရောဂါကိုTrilostaneဆေးနဲ့ ထိထိရောက်ရောက်ကုသနိုင်ပြီးဘေးထွက်ဆိုးကျိုးလည်းနည်းတယ်လို့ ဆိုပါတယ်
ဒီရောဂါကိုကုသတဲ့အခြားကုထုံးတစ်ခုကတော့ဓာတ်ကင်ပေးတဲ့နည်းဖြစ်ပါတယ် ဓာတ်ကင်ပေးခြင်းဟာလည်း အလွန်ထိရောက်ပြီး ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုပါတယ် ဒါပေမယ့် ဓာတ်ကင်ပေးပြီးရင်လည်း (၁-၂)လောက်ဆေးဆက်ထိုးဖို့တော့ လိုအပ်ပါတယ်
အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင်တော့ဆေးနဲ့ကုသနိုင်ဖို့ မလွယ်တဲ့အတွက် ခွဲစိပ်ပြီး အကြိတ်နှစ်ခုအနက် တစ်ခုကိုဖြတ်ထုတ်ပစ်ဖို့လိုအပ်ပါတယ်
ပီကျူထရီဂလင်းမှာအကြိတ်တည်လို့ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင် (၂-၅)နှစ်လောက် ဆက်လက်အသက်ရှင်နိုင်ပြီး အက်ဒရီနယ်ဂလင်းမှာအကြိတ်တည်လို့ ဖြစ်လာရတဲ့ Cushing Disease  ရောဂါဆိုရင်တော့ (၁၈)လလောက်သာ ဆက်လက်အသက်ရှင် နိုင်မှာဖြစ်ပါတယ်
အမွှေးကျွတ်ခြင်းအကြောင်းဆက်လက်လက်ဖတ်ရှုရန် ==»»

0 မှတ်ချက်များ to “ဆီးခဏခဏသွားခြင်း(Cushing Disease)”

Post a Comment