ခွေးတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့နောက်ထပ်အဖြစ်အများဆုံးရောဂါတစ်မျိုးက
တော့CanineParvovirus infection လို့ခေါ်တဲ့ ခွေးသွေးဝမ်းရောဂါဖြစ်ပါတယ်။
ဒီရောဂါကလည်းဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီးခွေးတွေမှာသွေးဝမ်းသွားခြင်းအန်
ခြင်းစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ရောဂါဖြစ်စမှာဝမ်းပျက်လာတတ်ပြီးမဲညစ်ညစ်
အရောင်ဝမ်းအရည်တွေသွားတတ်ပါတယ်။
ခြောက်လသားအောက်ခွေးငယ်လေးတွေမှာအဖြစ်များပြီး ရောဂါဖြစ်တဲ့ခွေးလေးတွေ
ဟာတစ်ရက်နှစ်ရက် အတွင်းသေဆုံးသွားတတ်ကြပါတယ်ဖြစ်လာရင်ကုသဖို့
မလွယ်တဲ့အတွက်သက်ဆိုင်ရာကာကွယ်ဆေးကိုစနစ်တကျထိုးနှံထားသင့်ပါတယ်။
ခွေးသွေးဝမ်းရောဂါကာကွယ်ဆေးဟာအနည်းဆုံး(၃)ကြိမ်ထိုးထားမှကာကွယ်မှုအဆင့်
ကိုရရှိတဲ့ကာကွယ်ဆေးဖြစ်ပါတယ်ကာကွယ်ဆေးကိုခွေးအသက်တစ်လခွဲသားအရွယ်မှာ
စတင်ထိုးနှံပေးနိုင်ပါတယ်။
ပထမအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာဒုတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
ဒုတိယအကြိမ် ထိုးနှံပြီး(၁၄)ရက်မြောက်မှာတတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်
အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုသေသေချာချာမှတ်သားထားဖို့လိုပါတယ်
နှစ်စဉ်အဲဒီရက်ကိုရောက်တိုင်း ခွေးသွေးဝမ်းရောဂါကာကွယ်ဆေးကိုမပျက်မကွက်ထိုးနှံ
ပေးရမှာဖြစ်ပါတယ်၊ တစ်ချို့နိုင်ငံတွေမှာတော့(၂)ကြိမ်ထိုးရင်လည်းလုံလောက်တယ်လို့
ယူဆကြပါတယ်။