ဒီရောဂါလက္ခဏာမျိုးဖြစ်စေတတ်တဲ့အကြောင်းရင်းကတော့မျိုးစုံရှိနိုင်ပါတယ်
အဲဒီအကြောင်းရင်းတွေအနက် အစာချေဟိုမုန်းထွက်ရှိမှု အလွန်များနေခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်
၊ အူလမ်းကြောင်းရဲ့အစပိုင်းနေရာမှာရှိပြီး သရက်ရွက်လို့ခေါ်ကြတဲ့ ပန်ကရိယဂလင်းမှာအကြိတ်တည်နေတဲ့အခါမျိုးမှာ
ပန်ကရိယဂလင်းကနေအစာချေရည် တွေ ထွက်လာအောင်လှုံဆွပေးနိုင်တဲ့ ဟိုမုန်းတွေအများကြီးထုတ်ပေးတတ်ပါတယ်
အဲဒီလိုအစာချေဟိုမုန်းတွေအများကြီးထွက်လာတဲ့အတွက်ကြောင့်
အစာအိမ်ထဲမှာ အစာချေ ရည်တွေဟာ လိုအပ်တာထက်အများကြီးပိုပြီးထွက်လာပါတော့တယ် အဲလိုများပြားလာတဲ့
အစာချေရည်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအစပိုင်းက အတွင်းနံရံတွေကို ချေဖျက်ပစ်ကြတဲ့အတွက်
အနာခွက်တွေဖြစ်လာစေပါတယ်
အဲဒီအနာတွေဟာ တဖြည်းဖြည်းနဲ့ပိုဆိုးလာပြီး အတွင်းနံရံကသွေးကြောတွေအထိ ရောက်သွားတဲ့အခါ သွေးကြောလေးတွေပေါက်ထွက်ပြီး
အမြဲမပြတ်သွေးယိုစိမ့်မှုဖြစ်လာ ပါတယ် အဲဒီအခါမှာဝမ်းထဲမှာသွေးတွေပါလာပါတော့တယ် သွေးတွေဟာ
အစာချေရည်နဲ့ ထိတွေမိတဲ့အခါဓာတ်ပြုမှုဖြစ်ပြီးအမည်းရောင်ပြောင်းသွားတတ်တဲ့အတွက် သွားတဲ့ဝမ်းဟာ
အမည်းရောင်ဖြစ်နေတတ်ပါတယ်
ဒီလိုဖြစ်နေတဲ့ ကြောင်ဟာ လန်းဆန်းတက်ကြွမှုမရှိတော့တဲ့အပြင်
တဖြည်းဖြည်းနဲ့ပိန်ချုံးလာ တတ်ပါတယ် ဗိုက်နာတဲ့လက္ခဏာကိုမကြာခဏပြသနေတတ်ပြီး မျက်လုံးအတွင်းသား
တွေကိုလှန်ကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတာကိုတွေ့ရနိုင်ပါတယ်
အဲဒီအခါမှာသွေးကိုဖောက်ယူပြီး အစာချေဟိုမုန်းတွေပါဝင်နေခြင်းရှိမရှိစစ်ဆေးကြည့်ခြင်း
အားဖြင့် ဒီဝေဒနာဟုတ်မဟုတ်ကိုခွဲခြားသိရှိနိုင်ပါတယ်
ဤအဲဒီလိုအခြေအနေမျိုးဖြစ်နေတဲ့ကြောင်ကို ဆေးကုသတဲ့အခါ
Nizatidine စားဆေးကို
ကြောင်ရဲ့ ခန္တာကိုယ် အလေးချိန်(၁)ကီလိုရှိလေတိုင်း(၂)မီလီဂရမ်နှုန်း နဲ့ တွက်ချက်ပြီး
တစ်နေ့လျှင်(၁)ကြိမ် တိုက်ကျွေးပေးနိုင်ပါတယ်။