ခန္တာကိုယ်မှာရှိတဲ့ကြွက်သားမျှင်တွေယောင်ယမ်းတာကို
Myositisလို့ခေါ်ပါတယ်၊Myositisဖြစ်လာ
ရတာက ရောဂါပိုးတွေကြောင့်ဖြစ်တတ်သလိုခုခံအားစနစ်ဖောက်ပြန်မှုကြောင့်လည်းဖြစ်လာတတ်
ပါတယ်၊ ဒီနေရာမှာသတိပြုသင့်တာကတော့ခုခံအားစနစ်ဟာ
အကြောင်းမဲ့ဖောက်ပြန်လေ့မရှိပဲ
ရောဂါပိုးတစ်မျိုးမျိုး ဝင်ရောက်လာမှသာဖောက်ပြန်လေ့ရှိတယ်ဆိုတာပါပဲ
ရောဂါပိုးတွေကြောင့်ကြွက်သားမျှင်တွေယောင်ယမ်းတာက(၂)မျိုးရှိပါတယ်။
(၁)
နေရာအလိုက်ကွက်ပြီးယောင်ယမ်းခြင်းနဲ့
(၂)
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းခြင်းတို့ဖြစ်ပါတယ်
နေရာအလိုက်ကွက်ပြီးယောင်ယမ်းလာမှုကတော့
ထိခိုက်ရှနာတွေကနေ ရောဂါပိုးတွေဝင်ရောက်
လာတဲ့အတွက် အဲဒီအနီးအနားကကြွက်သားမျှင်တွေယောင်ယမ်းလာတာဖြစ်ပါတယ်၊
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းလာတာကတော့
ခန္တာကိုယ်ထဲကိုရောဂါဖြစ်စေတဲ့
ဘက်တီးရီးယားပိုးတွေဝင်ရောက်နေခြင်းကြောင့်ဖြစ်လာတာကများပါတယ်။
ကြောင်တွေမှာ ဖြစ်ပွားတတ်တဲ့
- Feline immunodeficiency virus
infection
- Clostridial and Spirochetal
infections Hepatozoonosis
- Toxoplasmosis နဲ့
- Neosporosis
စတဲ့ရောဂါတွေမှာတစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းမှုကိုတွေ့ရလေ့ရှိပါတယ်၊
ကြောင်တွေမှာ
ကြွက်သားမျှင်တွေယောင်ယမ်းလာတဲ့အခါ နာကျင်ကိုက်ခဲမှုကိုခံစားရလေ့မရှိပဲ
ခွေးတွေမှာဆိုရင်တော့
Neosporosisရောဂါကလွဲရင်နာကျင်ကိုက်ခဲမှုဒါဏ်ကိုခံစားရလေ့ရှိပါတယ်
ခွေးတွေမှာတစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းလာတတ်တဲ့ရောဂါတွေကတော့
Neosporosis
Leptospirosis နဲ့
Hepatozoonosis (သို႔) Toxoplasmosis စတဲ့ရောဂါတွေဖြစ်ပါတယ်
ရောဂါကြောင့်ကြွက်သားမျှင်တွေယောင်ယမ်းမှုရှိမရှိသိချင်ရင်တော့
သွေးကိုဖောက်ယူပြီး
သွေးရည်ကြည် ထဲမှာပါဝင်နေတဲ့ Creatine
kinase [CK]လို့ခေါ်တဲ့အင်ဇိုင်းဓာတ်ကိုစစ်ဆေးကြည့်
ရမှာဖြစ်ပါတယ် Creatine kinase [CK] ဓာတ်ဆိုတာကတော့ကြွက်သားမျှင်တွေထဲမှာရှိနေတဲ့
အင်ဇိုင်းဓာတ်တစ်မျိုးဖြစ်ပါတယ်
စစ်ဆေးချက်အဖြေအရ
သွေးရည်ကြည်ထဲမှာ Creatine kinase [CK]ဓာတ်ပါဝင်မှုများနေရင်တော့
ကြွက်သားမျှင်တွေယောင်ယမ်းနေပြီလို့ပြောနိုင်ပါတယ်။
တစ်ကိုယ်လုံးကကြွက်သားမျှင်တွေယောင်ယမ်းနေရင်ကြွက်သားတွေအားနည်းလာတဲ့အတွက်
ကောင်းကောင်း လမ်းမလျှောက်နိုင်တော့ပဲ ခွေယိုင်လာတတ်တဲ့အပြင်
ပါးစပ်ကိုကောင်းကောင်း
မဟနိုင်တော့တဲ့အပြင် အစာကိုမျိုချဖို့ခက်လာပြီးအသံဝင်သလိုဖြစ်လာတာကိုတွေ့ရတတ်ပါတယ်
အသံထွက်ရင်လည်း ကွဲအက်အက်အသံမျိုးဖြစ်နေတတ်ပါတယ်၊အခြေအနေပိုမိုဆိုးရွားလာတဲ့အခါ
လေဖြတ်သလိုမျိုးခြေထောက်တွေက တရွတ်ဆွဲလာတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးကိုပျောက်ကင်းသက်သာသွားအောင်ကုသနိုင်ဖို့ဆိုတာကတော့ဖြစ်လာရခြင်းရဲ့
အကြောင်းရင်းကိုတိတိကျကျရှာဖွေနိုင်ဖို့လိုအပ်ပါတယ်။
အချို့တိရစ္ဆာန်ရောဂါကုဆရာဝန်များကတော့ဒီလိုဖြစ်လာရင် Prednisone ကုထုံးနဲ့ကုသပေးလေ့
ရှိကြပါတယ် ၊ ပထမ(၁၄)ရက်မှာအဲဒီဆေးကိုနေ့စဉ် 2
mg/kg နှုန်း၊ဒုတိယ(၁၄)ရက်မှာနေ့စဉ်
1 mg/kg နှုန်းနဲ့နောက်ထပ်(၁)လခန့်အထိ0.5mg/kgနှုန်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်း
သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုရန်
= = »» ကြွက်သားယောင်ခြင်း