«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

18 Sept 2017

နားရောဂါ (Candidiasis)

,
Candida albicans  လို့ခေါ်တဲ့မှိုတစ်မျိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ် ၊ အဲဒီမှိုဟာခွေးတွေရဲ့ နှာခေါင်း ၊ ပါးစပ်နဲ့ စအိုနေရာတွေမှာ သဘာဝအတိုင်းရှိနေတတ်တဲ့မှိုအမျိုးအစားဖြစ်ပါတယ်ခွေးတွေမှာရှိတတ်တဲ့အဲဒီမှိုဟာ ခုခံအားကျဆင်းနေတဲ့ကြောင်တွေမှာ ၀င်ရောက်ဒုက္ခပေးတတ်ပါတယ် ၊ အဲဒီမှိုဝင်ရောက်ခြင်းခံရတဲ့ကြောင်တွေမှာဆိုရင် အလွယ်တကူမပျောက်ကင်းနိုင်တဲ့အနာလေးတွေဖြစ်စေ တတ်ပါတယ် ၊ အထူးသဖြင့် နားအုံရဲ့အပြင်ပိုင်းနေရာတွေမှာ အနာတွေဖြစ်တတ်ပါတယ် ၊ အဲဒီအနာတွေကနေ အနံပြင်းတဲ့ ညိုညစ်ညစ်အရည်တွေ တစ်စီစီထွက်နေတတ်ပါတယ် ၊ အခန့်မသင့်လို့ ဒီရောဂါဖြစ်စေတဲ့မှိုမျိုးစေ့တွေဟာ သွေးနဲ့အတူ ခန္တာကိုယ်အနှံ့ကိုရောက်သွားရင်တော့ ပဋိဇီဝဆေးတွေနဲ့ မတိုးတော့တဲ့ နာတာရှည်ဝမ်းပျက်ရောဂါဖြစ်လာတတ်ပါတယ် ၊ ဒီရောဂါဝေဒနာခံစားနေရတဲ့ကြောင်ရဲ့နားအုံကအနာတွေကို gentian violet လိမ်းဆေး(သို့) nystatin လိမ်းဆေးသုပ်လိမ်းပေးရပါမယ် ၊ တိုက်ဆေးအနေနဲ့ဆိုရင်တော့ ketoconazole ဆေးကို ခန္တာကိုယ် အလေးချိန် တစ်ကီလိုရှိလေတိုင်း (၅)မီလီဂရမ်နှုန်းနဲ့ တစ်နေ့ကိုသုံးကြိမ်တိုက်ကျွေးပေးသင့်ပါတယ်

0 မှတ်ချက်များ to “နားေရာဂါ (Candidiasis)”

Post a Comment