Unicode
ဒီရောဂါကတော့ Clostridium piliformis. လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါ
ဖြစ်ပြီးအသေအပျောက်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါပိုးတွေဟာ ကြောင်ရဲ့အူထဲမှာ
ရှင်သန်ပွားများကြပြီး အကြောင်းကြောင်းကြောင့်အသည်းထဲကိုရောက်သွားရင် ၊ အသည်းကို
ဆိုးဆိုးရွားရွားပျက်စီးစေတဲ့အတွက် အသေအပျောက်များရခြင်းဖြစ်ပါတယ်။
အသည်းပျက်စီးမှုများလွန်းရင်တော့ တစ်ရက်နှစ်ရက်အတွင်းသေဆုံးတတ်ပါတယ် ၊ အသည်း
ပျက်စီးမှုသိပ်မများတဲ့ကြောင်တွေမှာတော့ ဝမ်းပျက်ပြီး မှိုင်တွေနေတတ်ပါတယ် ၊ ကြောင်ဟာ
ဗိုက်နာနေတတ်တဲ့အတွက်မအီမသာဖြစ်တတ်ပါတယ် ၊ ဝမ်းဗိုက်ယောင်ပြီး ခန ္တာကိုယ်ရဲ့အပူချိန်
ဟာပုံမှန်ထက်အောက်လျှော့နည်းနေတတ်ပါတယ်။
ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့သွေးကိုဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်တဲ့အခါ အသည်းကထုတ်လုပ်တဲ့
အင်ဇိုင်းပမာဏဟာ မြင့်တက်နေတာကိုတွေ့ရတတ်ပါတယ် ၊ ရောဂါအခြေအနေဆိုးလာလေလေ
အင်ဇိုင်းပမာဏပိုမိုမြင့်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီရောဂါအတွက် ထိရောက်တဲ့ကုထုံးမတွေ့သေးပါဘူး ၊ ခံစားနေရတဲ့ဝေဒနာကိုသက်သာအောင်
သာပြုလုပ်ပေးနိုင်ပါတယ်။
Zawgyi
Clostridium
ဝမ်းပျက်ပြီး မှိုင်တွေနေတတ်ပါတယ် ၊ ဗိုက်နာနေတတ်တဲ့အတွက်မအီမသာဖြစ်တတ်ပါတယ် ၊
ဒီရောဂါအတွက်
ခံစားနေရတဲ့ဝေဒနာကို