«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Aug 2012

သက်ကြီးကြောင်များ(geriatrics cat)

,
အသက်အရွယ်ကြီးရင့်တဲ့ ကြောင်များနဲ့ပတ်သက်တဲ့ သိကောင်းစရာများ(geriatrics cat)

အချိန်မှန်ကာကွယ်ဆေးတွေထိုးနှံပြီး အိမ်မှာစနစ်တကျ ပြုစုမွေးမြူထားတဲ့ကြောင်တွေဟာ 
 
များသောအားဖြင့် အသက်(၁၅)နှစ်လောက်အထိ အသက်ရှင်နိုင်ကြပါတယ် … တစ်ချို့ကြောင် 
 
တွေဆို အသက်(၂၀)လောက်အထိ ရှင်နိုင်ကြပေမယ့် အင်မတန်ရှားပါတယ်။
 
 
ဖြစ်သလိုဂရုမစိုက်ပဲမွေးထားတဲ့ကြောင်တွေကတော့ မတော်တဆ ထိခိုက်မှုတွေ၊ရောဂါဖြစ်ပွားမှု 
 
တွေ ကပ်ပါးရောဂါစွဲကပ်ခံစားရမှုတွေနဲ့ .. ပိုးသတ်ဆေးအဆိပ်သင့်မှုတွေ ကြောင့် ပျမ်းမျှအားဖြင့် 
 
အသက်(၆)နှစ်လောက်မှာပဲ သေဆုံးကြရတာကများပါတယ် ။
 
 
ကြောင်ရဲ့အသက်(၇)နှစ် အရွယ် ရောက်လာပြီဆိုရင် အသက်အရွယ်ကြီးရင့်ပြီလို့ဆိုနိုင်ပါပြီ 
 
…ဒီအရွယ်မှာ (Premature Aging) လို့ခေါ်တဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် 
 
လုပ်ဆောင်ပြုစုပေးရမယ့် ကိစ္စလေးတွေကို ဆောင်ရွက်ပေးသင့်ပါတယ် …. ရုပ်ပိုင်းဆိုင်ရာ 
 
ဖိစီးမှုတွေမရှိအောင်ပြုလုပ်ပေးရပါမယ် …အာဟာရပြည့်ဝတဲ့ အစာကိုရွေးချယ်ကျွေးမွေး 
 
ပေးရပါမယ် … တစ်နှစ်မှာအနည်းဆုံးတစ်ကြိမ်တော့ ဆေးစစ်ပေးသင့်ပါတယ်
 
 
ကျန်းမာရေးခြူချာရင်တော့ (၃)ကြိမ်ခန့်စစ်ဆေးကြည့် သင့်ပါတယ် …(Annual Geriatric 
 
Checkup) … လို့ခေါ်တဲ့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးရင်၊တိရစ္ဆာန်ရောဂါကုဆရာဝန်က 
 
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေအပြင်၊သွေးအတွင်းပါဝင်ပစ္စည်းများရဲ့ပြောင်းလဲမှုအခြေအနေတွေ …
 
သွေးရဲ့ဓါတ်သဘာဝ ပြောင်းလဲမှုအခြေအနေတွေနဲ့ … ဆီးဝမ်းစစ်ဆေးမှုတွေကိုပြုလုပ်ပေးမှာ 
 
ဖြစ်ပါတယ်၊ တွေ့ရှိတဲ့ရလာဒ်အဖြေပေါ်မှာမူတည်ပြီးတော့ လိုအပ်ရင်အသည်းနဲ့ကျောက်ကပ်ရဲ့ 
 
လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေတွေကို စစ်ဆေးသင့်ရင်စစ်ဆေးပါလိမ့်မယ်၊ လိုအပ်ရင် 
 
ရင်ခေါင်းပိုင်းကို ဓါတ်မှန်ရိုက် ခြင်းနဲ့ နှလုံးရဲ့ဆောင်ရွက်မှုတွေမှန်မမှန်ကို (E.C.G) စက်နဲ့ 
 
စစ်ဆေးပါလိမ့်မယ် ၊ တစ်ချို့တိရစ္ဆာန်ရောဂါကုဆေးခန်းတွေမှာ သွေးပေါင်ချိန်တိုင်းတာခြင်း 
 
ကိုပါဆောင်ရွက်ပေးကြပါတယ်၊ကြောင်ရဲ့အသက်အရွယ်အိုမင်းမှုအပေါ်ထိမ်းသိမ်းစောင့်ရှောက် 
 
တဲ့လုပ်ငန်းမှာ  သွေးအတွင်းသိုင်းရွိုက်ဟော်မုန်းပမာ ဘယ်လောက်အထိမြင့်တက်နေပြီလဲ 
 
ဆိုတာကို စစ်ဆေးကြည့်ဖို့လည်းအရေးကြီးပါတယ်၊နောက်ပြီးတော့ ကြောင်တွေ အသက်ကြီး 
 
လာရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါအဖြစ်များလာတာကြောင့် Early Renal Disease 
 
Healthscreen (ERD) လို့ခေါ်တဲ့နည်းနဲ့ ဆီးအတွင်းမှာ Albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်ပါဝင် 
 
နေမှုကို စစ်ဆေးကြည့်လိုက်ရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါဖြစ်ပွားမှုရှိမရှိ ကြိုတင်သိရှိနိုင်ပါ 
 
တယ် …လိုအပ်ရင်ကြိုတင်ကာကွယ်မှုတွေကို အချိန်မီပြုလုပ်ထားနိုင်ပါတယ်၊ ဒီလိုစနစ်တကျ 
 
စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ … ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် 
 
ကျန်းမာရေးစစ်ဆေးမှုမပြုနိုင် ရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို သတိထား 
 
စောင့်ကြည့်ဖို့အကြံပြုကြပါတယ် ……..
 
ကိုယ့်ရဲ့ကြောင်ဟာ …………
 
(၁)အစားအသောက်ပျက်ပြီး ချက်ချင်းပိန်သွားရင်
 
(၂)ချောင်းဆိုးပြီး၊အသက်ရှုမြန်ပြီးမောလွယ်ရင်….
 
(၃)အားအင်ချည့်နဲ့ပြီး အသွားအလာခက်ခဲမှုရှိရင်
 
(၄)ရေခဏခဏဆာပြီး ဆီးခဏခဏသွားရင်
 
(၅)ဝမ်းချုပ်ရင်…ဝမ်းပျက်ရင်
 
(၆)ကိုယ်ခန္ဒာရဲ့ သဘာဝအပေါက်တွေကတစ်ဆင့်သွေးရောင်ပြည်ရောင်အရည်တွေထွက်ရင်
 
(၇) ကိုယ်ခန္ဒာရဲ့တစ်နေရာရာမှာ သဘာဝမဟုတ်တဲ့အဖုအကြိတ်တွေထွက်ပေါ်လာရင်
 
(၈) ထူးဆန်းတဲ့ အမူအကျင့်တွေဖြစ်လာရင် ……
 
အထက်ပါအခြေအနေမျိုးတွေ တွေ့လာရရင်တော့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ပြသပြီးလိုအပ်တဲ့ 
 
ကုသမှုတွေကိုခံယူသင့်ပါတယ် ။ ဆက်လက်လေ့လာရန်လင့်ကိုနှိပ်ပါ Link
 
 
 
Zawgyi
 

အချိန်မှန်ကာကွယ်ဆေးတွေထိုးနှံပြီး အိမ်မှာစနစ်တကျ ပြုစုမွေးမြူထားတဲ့ကြောင်တွေဟာ များသောအားဖြင့် အသက်(၁၅)နှစ်လောက်အထိ အသက်ရှင်နိုင်ကြပါတယ် … တစ်ချို့ကြောင်တွေဆို အသက်(၂၀)လောက်အထိရှင်နိုင်ကြပေမယ့် အင်မတန်ရှားပါတယ် …. ဖြစ်သလို ဂရုမစိုက်ပဲမွေးထားတဲ့ကြောင်တွေကတော့ မတော်တဆထိခိုက်မှုတွေ … ရောဂါဖြစ်ပွားမှုတွေ ကပ်ပါးရောဂါစွဲကပ်ခံစားရမှုတွေနဲ့ .. ပိုးသတ်ဆေးအဆိပ်သင့်မှုတွေကြောင့် ပျမ်းမျှအားဖြင့် အသက်(၆)နှစ်လောက်မှာပဲ သေဆုံးကြရတာကများပါတယ် …… ကြောင်ရဲ့အသက်(၇)နှစ် အရွယ် ရောက်လာပြီဆိုရင် အသက်အရွယ်ကြီးရင့်ပြီလို့ဆိုနိုင်ပါပြီ … ဒီအရွယ်မှာ (premature aging) လို့ခေါ်တဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် လုပ်ဆောင်ပြုစုပေးရမယ့်ကိစ္စလေးတွေကို ဆောင်ရွက်ပေးသင့်ပါတယ် …. ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေမရှိအောင်ပြုလုပ်ပေးရပါမယ် …… အာဟာရပြည့်ဝတဲ့ အစာကိုရွေးချယ်ကျွေးမွေးပေးရပါမယ် … တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ ဆေးစစ်ပေးသင့်ပါတယ် … ကျန်းမာရေးချူချာရင်တော့ (၃)ကြိမ်ခန့်စစ်ဆေးကြည့် သင့်ပါတယ် …
(annual geriatric checkup) … လို့ခေါ်တဲ့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးတဲ့အခါ …တိရစ္ဆာန်ရောဂါကုဆရာဝန်က … ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေအပြင် … သွေးအတွင်းပါဝင်ပစ္စည်းများရဲ့ပြောင်းလဲမှုအခြေအနေတွေ … သွေးရဲ့ဓါတ်သဘာဝ ပြောင်းလဲမှုအခြေအနေတွေနဲ့ … ဆီးဝမ်းစစ်ဆေးမှုတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ် … တွေ့ရှိတဲ့ ရလာဒ်အဖြေပေါ်မှာမူတည်ပြီးတော့ လိုအပ်ရင် အသည်းနဲ့ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေတွေကို စစ်ဆေးသင့်ရင်စစ်ဆေးပါလိမ့်မယ် … လိုအပ်ရင် .. ရင်ခေါင်းပိုင်းကို ဓါတ်မှန်ရိုက်ခြင်းနဲ့ နှလုံးရဲ့ဆောင်ရွက်မှုတွေမှန်မမှန်ကို (E.C.G) စက်နဲ့စစ်ဆေးပါလိမ့်မယ် … တစ်ချို့ တိရစ္ဆာန်ရောဂါကုဆေးခန်းတွေမှာ သွေးပေါင်ချိန်တိုင်းတာခြင်းကိုပါဆောင်ရွက်ပေးကြပါတယ် … ကြောင်ရဲ့အသက်အရွယ်အိုမင်းမှုအပေါ် ထိမ်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ  သွေးအတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏဘယ်လောက်အထိမြင့်တက်နေပြီလဲဆိုတာကို စစ်ဆေးကြည့်ဖို့လည်း အရေးကြီးပါတယ် .. နောက်ပြီးတော့ ကြောင်တွေအသက်ကြီးလာရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါအဖြစ်များလာတာကြောင့် Early Renal Disease Healthscreen (ERD) လို့ခေါ်တဲ့နည်းနဲ့ ဆီးအတွင်းမှာ Albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်ပါဝင်နေမှုကိုစစ်ဆေးကြည့်လိုက်ရင် ကျောက်ကပ်ပျက်စီးတဲ့ရောဂါဖြစ်ပွားမှုရှိမရှိ ကြိုတင်သိရှိနိုင်ပါတယ် … လိုအပ်ရင်ကြိုတင်ကာကွယ်မှုတွေကို အချိန်မီပြုလုပ်ထားနိုင်ပါတယ် ….
ဒီလိုစနစ်တကျစစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ … ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ကျန်းမာရေးစစ်ဆေးမှုမပြုနိုင်ဘူးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို သတိထားစောင့်ကြည့်ဖို့ အကြံပြုပါတယ် ……..
ကိုယ့်ရဲ့ကြောင်ဟာ …………
(၂)ချောင်းဆိုးပြီး…. အသက်ရှုမြန်ရင်…. မောလွယ်ရင်….
အထက်ပါအခြေအနေမျိုးတွေ တွေ့လာရရင်တော့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေကိုခံယူသင့်ပါတယ်လို့ အကြံပြုတင်ပြလိုက်ပါတယ် …

0 မှတ်ချက်များ to “ သက်ကြီးကြောင်များ(geriatrics cat)”

Post a Comment