«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

ခွေးချစ်သူများသို့-(၃)

,

Read in Zawgyi

ခွေးတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့နောက်ထပ်အဖြစ်အများဆုံးရောဂါတစ်မျိုးက

တော့ Canine Distemper လို့ခေါ်တဲ့ ခွေးကျောက်ရောဂါဖြစ်ပါတယ်ဒီရောဂါလည်း 

ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါပါပဲဒီရောဂါဟာအလွန်ကူးစက်မြန်တဲ့ရောဂါတစ်မျိုးဖြစ်

ပါတယ်။
 

ဒီရောဂါဖြစ်လာရင်အပြင်းဖျားတတ်ပါတယ်ဖြစ်ကာစမှာမျက်စေ့နာပြီး နှာရည်တစ်ရွှဲရွှဲ

ကျလာတတ်ပါတယ်၊ရောဂါရင့်လာရင် ဝမ်းပျက်တာတို့ အကြောဆွဲပြီးတက်တာတို့

တွေ့ရတတ်ပါတယ်တစ်ချို့ခွေး တွေမှာဆိုရင် လေဖြတ်သလိုဖြစ်ပြီးမထနိုင်ဖြစ်နေတတ်

ပါတယ် ပေါင်တွင်းပိုင်းကအရေပြားတွေမှာနှမ်းစေ့လောက်အနီရောင်အစက်အပြောက်တွေ

တွေ့ရင် ခွေးကျောက်ရောဂါဖြစ်နေတာသေချာသလောက်ပါပဲ။

ခွေးကျောက်ရောဂါကာကွယ်ဆေးထိုးရင် အမေရိကန်ပညာရှင်များရဲ့အယူအဆအရ(၃)ကြိမ်

ထိုးထားမှ သာကာကွယ်မှုအဆင့်ကိုရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

ကာကွယ်ဆေးကိုခွေးအသက်တစ်လခွဲသားအရွယ်မှာစတင်ထိုးနှံနိုင်ပါတယ်။

ပထမအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာဒုတိယအကြိမ်ထိုးနှံပေးရမှာဖြစ်ပါတယ်။

ဒုတိယအကြိမ်ထိုးနှံပြီး(၁၄)ရက်မြောက်မှာတတိယအကြိမ်ထိုးနှံပေးရမှာဖြစ်ပါတယ်။

အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုတော့သေသေချာချာမှတ်သားထားဖို့လိုပါတယ်။

နှစ်စဉ်အဲဒီရက်ရောက်တိုင်းမပျက်မကွက်ဆက်လက်ထိုးနှံပေးသွားဖို့လိုအပ်ပါတယ်။

ထိုင်းနိုင်ငံမှပညာရှင်များကတော့(၂)ကြိမ်ထိုးနှံဖို့သာအကြံပြုကြပါတယ်

0 မှတ်ချက်များ to “ ခွေးချစ်သူများသို့-(၃) ”

Post a Comment