«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

30 Nov 2019

ပိုးသတ်ဆေးအဆိပ်မိခြင်း(Organic Insecticide Poisoning)

,
မိမိရဲ့ခွေးကြောင်တွေ ပိုးသတ်ဆေးအဆိပ်သင့်တဲ့အခါမှာ အဆင့်အလိုက်ဆောင်ရွက်ရမယ့်အချက် 
 
တွေကိုမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မှသာအသက်ကိုကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အချိန်မဆိုင်း 
 
ပဲစနစ်တကျ ပြုစုပေးနိုင်ဖို့အလွန်အရေးကြီးပါတယ်။
 
အဲဒီအချက်တွေကတော့ခွေးကြောင်တွေရဲ့ခန္တာကိုယ်အရေပြားပေါ်ကိုပိုးသတ်ဆေးတွေထိမိတာ
 
ဆိုရင်  ကြမ်းကြမ်းတမ်းတမ်းကုတ်ခြစ်ပြီး ပွတ်တိုက်ဆေးကြောတာမျိုးမလုပ်သင့်ပါဘူး၊  
 
အခန်းအပူချိန်လောက်သာအေးတဲ့ရိုးရိုးရေပေါပေါနဲ့လောင်းပြီးဆပ်ပြာနဲ့ညင်ညင်သာသာပွတ်တိုက် 
 
ဆေးကြောပေးသင့်ပါတယ်
 
ပိုးသတ်ဆေးအဆိပ်ပါဝင်တဲ့အစာကိုစားမိတဲ့အခါမျိုးဆိုရင်တော့
                                                              
(၁) အစာအိမ်အူလမ်းကြောင်းအတွင်းက အန်ထုတ်ပစ်လို့ရနိုင်သေးတဲ့နေရာတွေမှာ ရှိနေသေးတဲ့
အဆိပ်တွေကို အန်ထုတ်ပစ်အောင်ပြုလုပ်ပေးခြင်း

ပိုးသတ်ဆေးပါတဲ့အစာတစ်ခုခုကိုစားမိပြီဆိုတာသိလျှင်သိချင်းအန်ဆေးတစ်မျိုးမျိုးကို(၂)နာရီခြား 
 
တိုက်ကျွေးပေးရပါမယ် ထိခိုက်ရှနာတွေကိုဆေးကြောသုပ်သင်တဲ့အခါ အသုံးပြုရတဲ့ ဟိုက်ဒြိုဂျင် 
 
ပါရောက်ဆိုက်ဆေးရည်ဟာအန်ဆေးအဖြစ်အသုံးပြုလို့ရတဲ့ဆေးရည်ဖြစ်ပါတယ်။ 
 
ပိုးသတ်ဆေးပါတဲ့အစာတစ်ခုခုကိုစားမိပြီဆိုတာသိလျှင်သိချင်းဟိုက်ဒြိုဂျင်ပါရောက်ဆိုက်ဆေးရည်
 
ကို လ္ဘက်စားဇွန်းနဲ့(၂)ဇွန်းခန့်တိုက်ကျွေးလိုက်ရင် ချက်ချင်းအန်ထုတ်ပစ်ပါလိမ့်ယ် ၊  အဲဒီဆေးရည်
 
အလွယ်တကူ မရှိတဲ့အခါမျိုးမှာ အိမ်သုံးဆားကိုရေနွေးနဲ့ဖျော်ပြီးတိုက်ရင်လည်းအန်စေနိုင်ပါတယ်၊
 
အဲဒီလိုတိုက်ပြီးတစ်မိနစ်လောက်အကြာမှာခြေထောက်နှစ်ဖက်ကနေကိုင်ပြီးဇောက်ထိုးတွဲလျှောင်း
 
ကိုင် ပေးထားလိုက်ရင် စားမိထားသမျှအရာတွေအားလုံးကို  ပြန်အန်ထုတ်ပစ်မှာဖြစ်ပါတယ်။
 
 
အကယ်၍အဆိပ်မိနေတဲ့မိမိရဲ့ခွေးကြောင်ဟာမေ့မြောနေတဲ့အဆင့်ကိုရောက်နေရင်တော့အန်ဆေး
 
ကို မတိုက်သင့်ပါဘူး ဆေးခန်းမှာအသက်ရှူစက်နဲ့အောက်ဆီဂျင်ပေးထားပြီးမှ လိုအပ်သလိုကုသ
 
ရမှာဖြစ်ပါတယ်

 
(၂) အစာအိမ်အူလမ်းကြောင်းအတွင်းရောက်နေတဲ့အဆိပ်တွေကို ခန္တာကိုယ်ကစုပ်ယူလို့ မရနိုင်
အောင် တားဆီးပေးခြင်း။
 
အဆိပ်တွေကိုအူလမ်းကြောင်းကနေစုပ်ယူမသွားနိုင်အောင်ဆိုရင်အလှဆီ(Glycerin)ကိုတိုက်ကျွေး 
 
ပေးနိုင် ပါတယ် ၊အလှဆီအလွယ်တကူမရှိရင်တော့ကြက်ဥအကာရည်ကိုနွားနို့နဲ့ဖျော်ပြီးတိုက်ကျွေး
 
နိုင်ပါတယ်
 
 
(၃) အစာအိမ်အူလမ်းကြောင်းထဲကနေ အန်ထုတ်ပစ်လို့မရနိုင်တော့တဲ့နေရာတွေကိုရောက်သွားပြီ
ဖြစ်တဲ့ အဆိပ်တွေကို မစင်ထဲကနေစွန့်ထုတ်ပစ်နိုင်အောင်ပြုလုပ်ပေးခြင်း။
 
 
အစာအိမ်အူလမ်းကြောင်းရဲ့နောက်ပိုင်းအထိရောက်နေတဲ့အဆိပ်တွေကိုတော့ အူခေါင်းထဲမှာတင် 
 
စုပ်ယူထိမ်းသိမ်းထားပြီး ဝမ်းသွားတဲ့အခါကျမှ ဝမ်းနဲ့အတူပါသွားအောင် ဆေးမီးသွေးလို့ခေါ်တဲ့  
 
Activated Charcoal အမှုန့်ကိုရေနဲ့ခပ်ပြစ်ပြစ်ဖျော်ပြီးတိုက်ကျွေးပေးနိုင်ပါတယ် ၊ဆေးခန်းတွေမှာ 
 
ဆိုရင်တော့ အစာအိမ်ပိုက်နဲ့ထည့်သွင်းပေးနိုင်ပါတယ်၊ သုံးရမယ့်ပမာဏကတော့ ဝင်သွားတဲ့ 
 
အဆိပ်ပမာဏနဲ့(၁၀)ဆရှိတဲ့ပမာဏကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်၊ဒီအမှုန့်ထည့်သွင်းပေးပြီးတဲ့ 
 
နောက် (၃၀)မိနစ်အကြာမှာ ပုံမှန်ဆားရည်ထည့်သွင်းပြီးပြန်လည်စုပ်ထုတ်ပစ်ပြီး ဆေးမှုန့်ကို
 
နောက်တစ်ကြိမ် ထပ်သွင်းပေးရပါတယ်၊  Activated Charcoal ကိုခန္တာကိုယ်က မစုပ်
 
ယူနိုင်တဲ့အပြင် အဆိပ်တွေကို စုပ်ယူထိမ်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် ဝမ်းသွားတဲ့ အခါ 
 
အပြင်ကိုပါလာမှာဖြစ်ပါတယ် ဆေးမီးသွေး Activated Charcoal အမှုန့်ကိုခန္တာကိုယ်အလေးချိန် 
 
(၁ )ကီလိုဂရမ်ရှိလေတိုင်း (၁-၂)ဂရမ်နှုန်းနဲ့တွက်ချက်ပြီး ပါးစပ်ကနေ‌ထည့်သွင်းပေးရမှာ ဖြစ်ပါ 
 
တယ်။
 
 
(၄) ခန္တာကိုယ်အတွင်းစုပ်ယူဝင်ရောက်သွားပြီဖြစ်တဲ့အဆိပ်တွေကိုပြယ်သွားအောင်ဖြေဆေးထိုး
ခြင်းနဲ့ 
 
အဆိပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ပြသနာတွေကိုကုသဖို့ကိုတော့တိရစ္ဆာန်ရောဂါကုဆရာဝန်က
 
လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်- ကြည့် >  အဆိပ်ဖြေဆေးများ
 
ဆက်လက်ဖတ်ရှုလေ့လာလိုပါကခလုပ်ကိုနှိပ်ပါ »»»
 
ဤအကြောင်းအရာကိုဒေါင်းလုပ်ရယူလိုပါက အောက်ပါခလုပ်ကိုနှိပ်ပါ
== » »


0 မှတ်ချက်များ to “ပိုးသတ်ဆေးအဆိပ်မိခြင်း(Organic Insecticide Poisoning)”

Post a Comment