«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

13 Sept 2020

ကြောင်တွေရဲ့အမွှေးအမျှင်အကြောင်း (Cat hairs)

,
 
 
အိမ်မွေးကြောင်တစ်ကောင်ကိုလှပစေတဲ့အမွှေးအမျှင်တွေဟာ အမြဲတန်းရှည်ထွက်နေကြတာ 
 
မဟုတ်ပဲ အမွှေးအမျှင်တွေရှည်ထွက်ပုံ မှာကာလအပိုင်းအခြား(၃)မျိုးရှိပြီး ၊အဲဒီကာလတွေဟာ 
 
လည်းအချိန်အတိအကျဖြစ်ပေါ်နေတာဖြစ်ပါတယ် အမွှေးအမျှင်ရှည်ထွက်ပုံမှာ- -
 
(၁) အလျှင်အမြန်ရှည်ထွက်နေတဲ့ကာလ
 
(၂) တဖြည်းဖြည်းချင်းသာရှည်ထွက်တဲ့ကာလနဲ့
 
(၃) ရှည်ထွက်ခြင်းရပ်ဆိုင်းနေတဲ့ကာလဆိုပြီး ကာလ(၃)မျိုးရှိပါတယ်
 
 
ရှည်ထွက်ခြင်းရပ်ဆိုင်းနေတဲ့ကာလတစ်ခုပြီးဆုံးသွားတဲ့အခါ ကြောင်တွေဟာသူတို့ရဲ့အမွှေးအမျှင် 
 
တွေ အဟောင်းတွေကိုကျွတ်ကျစေပြီး အမွှေးအမျှင်အသစ်တွေပြန်လည်အစားထိုး ထွက်ပေါ်လာ 
 
ပြီး မူလတိုင်းအဆင့်အလိုက်ပြန်လည်ပြောင်းလဲနေတာဖြစ်ပါတယ် ။

 
ကြောင်တွေရဲ့ အမွှေးအမျှင်တွေပြောင်းလဲခြင်းအကြောင်းလေ့လာတဲ့အခါ ထူးခြားတဲ့ကြောင် 
 
အမျိုးအစားတွေကိုလည်း တွေ့ရှိရပါသေးတယ် ၊ Peterbald ကြောင်မျိုးနဲ့ Sphynx လိုကြောင် 
 
မျိုးတွေမှာကျတော့ သူတို့ရဲ့မူလဗီဇအရအမွှေးအမျှင်မရှိပဲပြောင်ချောနေတဲ့အတွက်အဲဒီကြောင်မျိုး 
 
တွေမှာတော့ အမွှေးအမျှင်တွေပြောင်းလဲခြင်းကိုထူးထူးခြားခြားတွေ့ရလေ့မရှိပါဘူး

 
အမဟိုမုန်းလွန်ကဲနေတဲ့ကြောင်တွေမှာ အမွှေးအမျှင်ပါးနေတတ်ပြီး သိုင်းရွှိုက်ဟိုမုန်းချို့တဲ့နေတဲ့ 
 
ကြောင်တွေမှာ အမွှေးအမျှင်ပေါက်ရောက်မှုကို အဟန့်အတားဖြစ်စေပါတယ် ၊ အချုပ်ဆိုရရင် 
 
ကျန်းမာရေးချို့တဲ့ခြင်း ၊ ခန္ထာကိုယ်အတွင်းမှာရှိနေတဲ့ဟိုမုန်းဓာတ်အချိုးအစားမညီမျှခြင်း 
 
ဗီတာမင်ဓာတ်ချို့တဲ့ခြင်းနဲ့ ကပ်ပါးရောဂါများစွဲကပ်နေခြင်းစတဲ့အခြေအနေမျိုးတွေမှာသာ 
 
အမွှေးအမျှင်တွေကောင်းစွာဖွံ့ဖြိုးလာနိုင်ခြင်းမရှိတဲ့အတွက် ကြောင်တွေရဲ့အလှအပကိုလျှော့နည်း 
 
စေနိုင်ပါတယ် ၊ ဒီလိုအခြေအနေမျိုးတွေကိုပြန်လည်ကုစားနိုင်ဖို့အတွက် တိရစ္ဆာန်ရောဂါကု 
 
ဆရာဝန်နဲ့တိုင်ပင်ပြီးအဖြေရှာကာပြုပြင်ပေးနိုင်ပါတယ်။

 
ကြောင်တစ်ကောင်ရဲ့အမွှေးအမျှင်တွေသေသပ်လှပနေဖို့ဆိုတာက အထက်မှာဖော်ပြခဲ့သလို 
 
အာဟာရပြည့်ဝတဲ့အစားအသောက် ၊ ခန္ထာကိုယ် အတွင်းမှာရှိနေတဲ့ဟိုမုန်းဓာတ်အချိုးအစား ၊ 
 
ကပ်ပါးရောဂါကင်းရှင်းမှုနဲ့ ကျန်းမာရေးဆိုင်ရာအချက်တွေကောင်းမွန်ပြည့်စုံရမယ့်အပြင်  
 
Grooming လို့ခေါ်တဲ့ အမွှေးအမျှင်ဆိုင်ရာအလှပြင်ပေးခြင်းကိုလည်း အချိန်မှန်ဆောင်ရွက်ပေး 
 
ဖို့လိုအပ်ပါတယ် ၊ ဆိုင်မှာသွားပြီး Grooming လုပ်မပေးနိုင်ရင်လည်း တိရစ္ဆာန်သုံး Grooming 
 
Comb ခေါင်းဖီးလေးနဲ့ အချိန်မှန်ပွတ်တိုက်ဖီးသင်ပေးခြင်းအားဖြင့်လည်း  အမြဲတန်းလှပနေတဲ့ 
 
ကြောင်ကလေးတစ်ကောင်ကိုပိုင်ဆိုင်မွေးမြူထားနိုင်မှာဖြစ်ပါတယ်။ ကြည့် ထိမ်းသိမ်းနည်း
 
အချိန်မတိုင်မီအမွှေးအမျှင်တွေကျွတ်ပြီး ကြောင်တွေရဲ့အလှအပကိုထိခိုက်စေတဲ့အကြောင်းရင်း 
 
တွေများစွာရှိပါသေးတယ် ဗဟုသုတအဖြစ် လေ့လာလိုပါက လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “ကြောင်တွေရဲ့အမွှေးအမျှင်အကြောင်း (Cat hairs)”

Post a Comment