«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Sept 2020

အားနည်းပိန်ချုံးရောဂါ (leishmaniosis)

,

 Read in Zawgyi

ခွေးတွေမှာဖြစ်ပွားတဲ့ လစ်ရှမန်းရောဂါဟာ L. infantum ဆိုတဲ့ ပိုးကြောင့်ဖြစ်ပွား

တာဖြစ်ပြီး လူကိုလည်း ကူးစက်တတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် မြန်မာနိုင်ငံမှာ

လည်း ဒီရောဂါကအဖြစ်များပါတယ်  Rottweiler နဲ့  German shepherd(GSD)

ခွေးမျိုးတွေမှာ ဒီရောဂါပိုအဖြစ်များတာတွေ့ရပါတယ် ဒါပေမယ့်ရောဂါပိုးရှိနေတဲ့

ခွေးအများစုဟာ ရောဂါလက္ခဏာမပြပဲ ငုတ်နေတတ်ပြီး အချို့ခွေး အနည်းအကျဉ်း

သာ ရောဂါလက္ခဏာတွေပြသတတ်တာဖြစ်ပါတယ် ရောဂါကူးစက်ပုံတွေကတော့

ရောဂါရှိတဲ့ခွေးထီးနဲ့မိတ်လိုက်လို့ ခွေးမဆီကိုရောဂါကူးစက်ခြင်း မိခင်ခွေးမကြီးက

နေ ခွေးသားငယ်လေး တွေဆီကိုကူးစက်ခြင်း ရောဂါရှိတဲ့ခွေးရဲ့သွေးကိုသွင်းမိလို့  

ကူးစက်ခြင်းနဲ့ ရောဂါရှိတဲ့ခွေးကို ကိုက်ထားတဲ့ခြင်အကိုက်ခံရလို့ကူးစက်ခြင်း 

စတာတွေဖြစ်ပါတယ်။

ဒီရောဂါပိုးဝင်ရောက်ခံရတဲ့ခွေးဟာ အစားအသောက်ပျက်လာပြီး တဖြည်းဖြည်းနဲ့

ပိန်ချုံးလာတတ် ပါတယ် လှုပ်လှုပ်ရှားရှားသိပ်မလုပ်နိုင်ဖြစ်လာပါတယ်

ကြာလာရင်မျက်စေ့နာပြီးတိမ်စွဲလာတတ်ပါတယ်

ရောဂါရှိနေတဲ့ခွေးရဲ့အရေပြားအနာတွေဖြစ်တတ်ပါသေးတယ် ခွေးဟာမကြာခဏ

အန်ပြီး ဝမ်းလျှောလာတတ်ပါတယ် နားရွက်မျက်နှာပိုင်း နဲ့  ခြေလက်နေရာ

တွေကအရေပြားတွေကွက်ပြီးယောင်ရမ်းလာတဲ့အပြင် အဲဒီနေရာတွေမှာအမွှေး

တွေ ကျွတ်ပြီးပြောင်နေတတ်ပါတယ် အရိုးနဲ့ကပ်နေတဲ့ အရေပြားနေရာတွေနဲ့

ခြေဖဝါးနေရာတွေမှာ အနာတွေဖြစ်လာကိုတွေ့ရတတ်ပါတယ်။

ခွေးဟာ ဆီးခဏခဏသွားတတ်ပြီး ခြေလက်တွေအားပျော့လာတဲ့အတွက်

ခွေယိုင်ယိုင်ဖြစ်နေတတ် ပါတယ် အာလ်ထရာဆောင်းဓါတ်မှန်ရိုက်ကြည့်ရင်

တော့ မူလထက်အတော်လေးကြီးမားနေတဲ့ သရက်ရွက်ကို တွေ့မြင်နိုင်ပါတယ်

ဒီရောဂါရှိနေတဲ့ခွေးထီးတစ်ကောင်ဟာ ရောဂါမပြင်းထန်လို့ ပုံမှန်အနေအထားရှိ

နေရင်တောင်မှ သုက်ရည်ကောင်းကောင်းမထွက်နိုင်တော့တဲ့အတွက် မျိုးပွားနိုင်

မှုအလွန်နည်းပါတယ် ဒီရောဂါပိုးဟာ ကိုယ်တွင်းအင်္ဂါတွေဆီရောက်ပြီး ဒုက္ခပေး

လာချိန် မှာတော့ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ ကြုံလှီလာပြီး သိသိသာသာ

ပိန်ချုံးလာတတ်ပါတယ် တခါတရံမှာ နှာခေါင်းအတွင်းပိုင်းနံရံ အစာအိမ်နံရံနဲ့  

အူတွေမှာ အနာတွေဖြစ်တတ်ပါတယ်။

အဲလိုဖြစ်တဲ့ခွေးတွေမှာတော့ နှာခေါင်းသွေးယိုတတ်တာကိုတခါတလေတွေ့ရတတ်

ပါတယ်

ကိုယ်တွင်းအင်္ဂါတွေဆီကို လစ်ရှမန်းရောဂါပိုးရောက်လို့ ပိန်ချုံးနေတဲ့ခွေးကိုအခုလိုမြင်တွေ့ နိုင်ပါတယ်

လစ်ရှမန်းရောဂါခံစားနေရတဲ့ခွေးရဲ့နားရွက်နဲ့မျက်နှာပိုင်းက အရေပြားဟာအကွက်လိုက် ယောင်ရမ်းနေတာကိုတွေ့နိုင်ပါတယ်

ဒီရောဂါဟုတ်မဟုတ်သိနိုင်ဖို့အတွက် ဓါတ်ခွဲခန်းစစ်ဆေးတဲ့နည်းပေါင်းများစွာရှိ

ပါတယ် ခွေးရဲ့သွေးကို ဖောက်ယူပြီး အလွယ်တကူစစ်ဆေးနိုင်တဲ့ဆေးရည်ပါတဲ့ 

စမ်းသပ်ကိရိယာတွေလည်းရှိပါတယ်။

ဒီရောဂါကိုကုသမယ်ဆိုရင် Meglumine antimoniate ဆေးနဲ့ Allopurinol ဆေးကို

တွဲပြီး (-)ပတ် avmuftxdတိုက်ကျွေးရပါတယ် အဲဒီနောက် allopurinol ဆေး

တစ်မျိုးတည်းကို ()လလောက် ဆက်လက်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်။

ပရိုတိုဇွားရောဂါပိုးတွေကိုသုပ်သင်ရာမှာအသုံးပြုတဲ့ Amphotericin B ထိုးဆေး

ကိုလည်း ဒီရောဂါမှာအသုံးပြုနိုင်ပါတယ် ဒါပေမယ့် Amphotericin B ဆေးဟာ

ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့အတွက် သတိနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

နှာခေါင်သွေးယိုတတ်သော အာလီခီးယားရောဂါအကြောင်းကိုဖတ်ရန် လင့်ကို

နှိပ်ပါ   Link

0 မှတ်ချက်များ to “အားနည်းပိန်ချုံးရောဂါ (leishmaniosis) ”

Post a Comment