«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

ကြောင်ချေးဖြူရောဂါ (Coccidiosis)

,
Unicode 
 
ကြောင်ချေးဖြူရောဂါ (Coccidiosis)ဟာ မွေးကင်းစကြောင်ငယ်လေးတွေမှာအဖြစ်များတဲ့ ရောဂါ 
 
တစ်ခုပါ …အလွန်ကူးစက်မြန်ပါတယ် .. ရောဂါခံစားရတဲ့အချိန်တိုတောင်းပြီးပြန်လည် သက်သာ 
 
သွားပေမယ့် ရောဂါကိုသယ်ဆောင်ထားပြီး ..ဝမ်းထဲကနေတစ်ဆင့် ရောဂါပိုးတွေကိုပြန်လည် 
 
ထုတ်လွှတ်ပေးနေလေ့ရှိပါတယ် … သေသေချာချာမကုသရင် ကြောင်ကလေးဟာဒီရောဂါကြောင့် 
 
ပိန်ပိန်လှီလှီဖြစ်နေပါလိမ့်မယ်…
 
ဒီရောဂါက Coccidia  ဆိုတဲ့ ပရိုတိုဇွားရောဂါပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် … အခြား 
 
ပိုးမျိုးကွဲတွေလည်းရှိပါသေးတယ် … Cystoisospora felis ကတော့ အဖြစ်များပါတယ် …
 
 
ရောဂါရထားတဲ့ကြောင်ရဲ့မစင်ထဲမှာ ရောဂါပိုးဟာ အမြဲပါရှိနေတာကြောင့် အဲဒီမစင်နဲ့ထိစပ် 
 
ပတ်သက်မှုရှိတဲ့အခါ ကြောင်တစ်ကောင်မှတစ်ကောင်ကိုဆက်လက်ကူးစက် သွားတာဖြစ်ပါ 
 
တယ်…ဒီရောဂါပိုးသယ်ဆောင်ထားတဲ့မိခင်ကနေပြီးတော့ သားငယ်ကိုလည်းကူးစက်နိုင်ပါတယ် 
 
… ရောဂါပိုးပါရှိတဲ့အစာကို စားမိရင်် … ပိုးတွေဟာ စားမိတဲ့ကြောင်ရဲ့ အူနံရံတွေမှာကပ်တွယ်ပြီး 
 
ပွားများလာပါတယ် .. (ရ)ရက်လောက်နေတော့ အဲဒီကြောင်ရဲ့မစင်ထဲမှာပါလာတာကို တွေ့နိုင် 
 
ပါတယ် …

 
ကြောင်ငယ်လေးများတွင်တွေ့ရတတ်တဲ့ရောဂါလက္ခဏာတွေကတော့ဝမ်းပျက်ခြင်းဟာအထင်ရှား 
 
ဆုံးရောဂါလက္ခဏာပါပဲ … အဝါရောင်လိုလိုအဖြူရောင်လိုလို ဝမ်းလျှောတတ်ပါတယ်.ဝမ်းထဲမှာ 
 
အကျိအချွဲတွေ သွေးစတွေပါလာတတ်ပါတယ် … ရောဂါပြင်းထန်ရင် သွေးဝမ်းသွားတတ်ပါတယ်  
 
နောက်တော့ အားအင်ချည့်နဲ့လာပြီး … ခန္တာကိုယ်အရည်ဓါတ် ခန်းခြောက်ခြင်းနဲ့ သွေးအားနည်း
 
ခြင်းတို့ဖြစ်လာပါမယ် … ရောဂါမပြင်းထန်ရင်တော့ ကြောင်ငယ်လေးတော်တော်များများဟာ 
 
(ရ)ရက်လောက်     ကြာလာတဲ့အခါ ခံနိုင်ရည်ရှိလာပြီးတော့ အလိုလို ပြန်ကောင်းသွားတတ်ပါ
 
တယ်
 
 
ဒီရောဂါဖြစ်နေတဲ့ကြောင်လေးကို အာဟာရပြည့်ဝတဲ့အစာတွေကျွေးရပါမယ် … ရေကို အလုံ 
 
အလောက်သောက်နိုင်အောင်စီစဉ်ပေး ထားရပါမယ် … ရောဂါပြင်းထန်လွန်းရင်တော့ ဆေးရုံတင် 
 
ပြီး စနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ် …ခန္တာကိုယ်မှာ အရည်ဓါတ်ခန်းခြောက် နေတာကို 
 
ပြုပြင်ပေးနိုင်ဖို့ ဓါတ်ဆားရည်ပုလင်းကြီးကို အကြောထဲကနေသွင်းပေးရပါမယ်
 
ဆာလဖာဆေးတွေ နဲ့  နိုက်ထရိုဖျူရာဇုန်းဆေး(Furazolidone)တွေကို တွဲဖက်တိုက်ကျွေးပေးရ
 
ပါမယ်..ကြောင်ကလေးနေတတ်တဲ့နေရာ အိပ်တတ်တဲ့နေရာတွေကို ပိုးသတ်ဆေးပက်ဖျန်းခြင်း 
 
ရေနွေးနဲ့ဆေးကြောပေးခြင်းတို့ပြုလုပ်ပေးခြင်းအားဖြင့် အဲဒီနေရာတွေမှာရှိနေတဲ့ရောဂါပိုးတွေကို 
 
သုပ်သင်ပစ်ရပါမယ် … ဒါမှသာရောဂါဖြစ်ပွားမှုနူန်းကိုလျျှော့ပါးသွားစေနိုင်မှာဖြစ်ပါတယ်။

Zawgyi
 
 
((( ချေးဖြူရောဂါအကြောင်း )))
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
((( ကူးစက်ပုံ )))
ရောဂါရထားတဲ့ကြောင်ရဲ့မစင်ထဲမှာ ရောဂါပိုးဟာ အမြဲပါရှိနေတာကြောင့် အဲဒီမစင်နဲ့ထိစပ်ပတ်သက်မှုရှိတဲ့အခါ ကြောင်တစ်ကောင်မှတစ်ကောင်သို့ ဆက်လက်ကူးစက်သွားတာဖြစ်ပါတယ်…ဒီရောဂါပိုးသယ်ဆောင်ထားတဲ့မိခင်ကနေပြီးတော့ သားငယ်ကိုလည်းကူးစက်နိုင်ပါတယ် … ရောဂါပိုးပါရှိတဲ့အစာကို စားမိရင် … ပိုးတွေဟာ စားမိတဲ့ကြောင်ရဲ့ အူနံရံတွေမှာကပ်တွယ်ပြီးပွားများလာပါတယ် .. (ရ)ရက်လောက်နေတော့ အဲဒီကြောင်ရဲ့မစင်ထဲမှာပါလာတာကိုတွေ့နိုင်ပါတယ် …

((( ကြောင်ငယ်လေးများတွင်တွေရသော ရောဂါလက္ခဏာများ )))
ကြောင်ငယ်လေးများတွင်တွေ့ရသော ရောဂါလက္ခဏာများ

((( ကုသခြင်း )))
အာဟာရပြည့်ဝတဲ့အစာတွေကျွေးရပါမယ် … ရေကို အလုံအလောက်သောက်နိုင်အောင်စီစဉ်ပေး ထားရပါမယ် … ရောဂါပြင်းထန်လွန်းရင်တော့ ဆေးရုံတင်ပြီး စနစ်တကျစောင့်ကြပ်ကုသသင့်ပါတယ် …ခန္တာကိုယ်မှာ အရည်ဓါတ်ခန်းခြောက် နေတာကိုပြုပြင်ပေးနိုင်ဖို့ ဓါတ်ဆားရည်ပုလင်းကြီးကို အကြောထဲကနေသွင်းပေးရပါမယ် ဆာလဖာဆေးတွေ နဲ့  နိုက်ထရိုဖျူရာဇုန်းဆေး(Furazolidone)တွေကို တွဲဖက်တိုက်ကျွေးပေးရပါမယ်..ကြောင်ကလေးနေတတ်တဲ့နေရာ အိပ်တတ်တဲ့နေရာတွေကို ပိုးသတ်ဆေးပက်ဖျန်းခြင်း ရေနွေးနဲ့ဆေးကြောပေးခြင်းတို့ပြုလုပ်ပေးခြင်းအားဖြင့် အဲဒီနေရာတွေမှာရှိနေတဲ့ရောဂါပိုးတွေကို သုပ်သင်ပစ်ရပါမယ် … ဒါမှသာရောဂါဖြစ်ပွားမှုနူန်းကိုလျှော့ပါးသွားစေနိုင်မှာဖြစ်ပါတယ်

0 မှတ်ချက်များ to “ကြောင်ချေးဖြူရောဂါ (Coccidiosis)”

Post a Comment