«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Dec 2018

ရုတ်တရက်အပြင်းအထန်ဗိုက်နာခြင်း(Acute Abdominal Pain)

,
Unicode
 
ခွေးကြောင်တွေမှာ ရုတ်တရက်အပြင်းအထန်ဗိုက်နာတဲ့အခါစနစ်တကျကုသမှုမလုပ်ပေးခဲ့ရင် 
 
အသက်ဆုံးရှုံးတတ်ပါတယ်။
 
ရုတ်တရက်အပြင်းအထန်ဗိုက်နာတဲ့အခါ ဂဏှာမငြိမ်ဖြစ်နေတတ်ပြီး အန်တတ်ပါတယ်  
 
ခွေးကြောင်တွေဟာသက်သာလိုသက်သာငြား ပုံစံအမျိုးမျိုးပြောင်းထိုင်ခြင်း လှဲအိပ်ခြင်းတွေ 
 
လုပ်ကြည့်နေပေမယ့် ချက်ချင်းဆိုသလိုပြန်ပြီးလှဲအိပ်တာမျိုး ပုံစံပြောင်းထိုင်ကြည့်တာမျိုးစတဲ့ 
 
အမူအရာတွေကိုတွေ့နိုင်ပါတယ်။
 
အသက်ရှုတာကိုခက်ခက်ခဲခဲရှုနေရပြီး အော်ညဉ်းနေတာကိုလည်းတွေ့နိုင်ပါတယ် ဝမ်းဗိုက်ပိုင်းကို 
 
လက်နဲ့စမ်းသပ်တဲ့အခါ အထိမခံနိုင်တဲ့အမူအယာကိုမြင်တွေ့ရနိုင်ပါတယ်။
 
အဲဒီခွေးကြောင်ဟာဘတ်နဲ့ကြမ်းပြင်ကိုထိထားပြီးခါးကိုကော့ထားတဲ့အနေအထားနဲ့တင်ပါးပိုင်းကို 
 
ကောင်းကင်ဖက်မော့ထားရင် ဗိုက်နာနေတယ်ဆိုတာသေချာပါတယ်။
 
ဗိုက်နာခြင်းဟာ အခြေအနေအရမ်းဆိုးလွန်းလို့ မခံနိုင်လွန်းတဲ့အနေအထားအထိပြင်းထန်လာရင် 
 
Pain shock လို့ခေါ်တဲ့အခြေအနေကိုရောက်လာပါတယ်၊အဲ့ဒီအခါမှာတော့သွေးခုန်မှုဟာအားနည်း
 
လာပြီး မျက်တွင်းသားနဲ့ အာခေါင်ကအရေပြားတွေဟာ သွွေးရောင်မရှိတော့ပဲ ဖြူရော်ရော်အရောင်
 
ဖက်ကိုပြောင်းလာပါလိမ့်မယ် သိပ်မကြာခင်ကြောင်ရဲ့မျက်လုံးတွေပြာပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ
 
အကြောဆွဲပြီးတက်သွားတတ်ပါတယ်။
 
ရုတ်တရက်အပြင်းအထန်ဗိုက်နာတတ်တဲ့အခြေအနေမျိုးတွေကတော့ -
 
(၁) ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေခြင်း
 
(၂) ဝမ်းဗိုက်ပိုင်းကို အရှိန်ပြင်းစွာထိခိုက်မိခြင်း
 
(၃) ဗိုက်ခေါင်းအတွင်းမှာသွေးထွက်နေခြင်း
 
(၄) ဆီးအိမ်ကွဲနေခြင်း
 
(၅) အစာအိမ်(သို့)အူနံရံပေါက်ပြဲဒါဏ်ရာရနေခြင်း
 
(၆) အဆိပ်မိနေခြင်း
 
(၇) ကလေးရှိနေတဲ့သားအိမ်နံရံကြွက်သားများပျက်စီးခြင်း
 
(၈) ကိုယ်တွင်းခေါင်းနံရံ ယောင်ယမ်းနေခြင်း နဲ့
 
(၉) အူခေါက်ခြင်း(သို့)အူလမ်းကြောင်းပိတ်ဆို့နေခြင်းစတဲ့အခြေအနေမျိုးတွေမှာရုတ်တရက်  
 
အပြင်းအထန်ဗိုက်နာတတ်ပါတယ်။
 
ဒီလိုဖြစ်လာရင် အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ 
 
စနစ်တကျစစ်ဆေးပြီး သင့်လျှော်တဲ့ကုသမှုမပြုခဲ့ရင်အသက်ဆုံးရှုံးတတ်ပါတယ်။
 
Zawgyi
 
 
ရုတ်တရက်အပြင်းအထန်ဗိုက်နာတဲ့အခါ ဂဏှာမငြိမ်ဖြစ်နေတတ်ပြီး အန်တတ်ပါတယ် ကြောင်ဟာသက်သာလိုသက်သာငြား ပုံစံအမျိုးမျိုးပြောင်းထိုင်ခြင်း လှဲအိပ်ခြင်းတွေလုပ်ကြည့်နေပေမယ့် ချက်ချင်းဆိုသလိုပြန်ပြီးလှဲအိပ်တာမျိုး ပုံစံပြောင်းထိုင်ကြည့်တာမျိုးအမူအရာတွေကိုတွေ့နိုင်ပါတယ်
အသက်ရှုတာကိုခက်ခက်ခဲခဲရှုနေရပြီး အော်ညဉ်းနေတာကိုလည်းတွေ့နိုင်ပါတယ် ကြောင်ရဲ့ဝမ်းဗိုက်ပိုင်းကို လက်နဲ့စမ်းသပ်တဲ့အခါ အထိမခံနိုင်တဲ့အမူအယာကိုမြင်ရပါလိမ့်မယ်
ကြောင်ကလေးဟာ သူ့ရဲ့ရင်ဘတ်နဲ့ကြမ်းပြင်ကိုထိထားပြီး ခါးကိုကော့ထားတဲ့အနေအထားနဲ့ တင်ပါးပိုင်းကို ကောင်းကင်ဖက်မော့ထားရင် ဗိုက်နာနေတယ်ဆိုတာသေချာပါတယ်
ဗိုက်နာခြင်းဟာ အခြေအနေအရမ်းဆိုးလွန်းလို မခံမရပ်နိုင်လွန်းတဲ့အနေအထားအထိပြင်ထန်လာရင် pain shock လို့ခေါ်တဲ့အခြေအနေကိုရောက်လာပါတယ် အဲ့ဒီအခါမှာတော့ သွေးခုန်မှုဟာအားနည်းလာပြီး မျက်တွင်းသားနဲ့ အာခေါင်ကအရေပြားတွေဟာ သွေးရောင်မရှိတော့ပဲ ဖြူရော်ရော်အရောင်ဖက်ပြောင်းလာပါလိမ့်မယ် သိပ်မကြာခင်ကြောင်ရဲ့မျက်လုံးတွေပြာပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ
ရုတ်တရက်အပြင်းအထန်ဗိုက်နာတတ်တဲ့အခြေအနေမျိုတွေကတော့
(၄) ဆီးအိမ်ကွဲနေခြင်း
(၆) အဆိပ်မိနေခြင်း
(၉) အူခေါက်ခြင်း(သို့)အူလမ်းကြောင်းပိတ်ဆို့နေခြင်းစတဲ့အခြေအနေမျိုးေ
တွမှာ ရုတ်တရက်အပြင်းအထန်ဗိုက်နာတတ်ပါတယ်
ဒီလိုဖြစ်လာရင် အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့ စနစ်တကျစစ်ဆေးပြီး သင့်လျှော်တဲ့    ကုထုံးနဲ့ကုသမပေးခဲ့ရင်အသက်ဆုံးရှုံးတဲ့အထိဖြစ်တတ်ပါတယ်

0 မှတ်ချက်များ to “ရုတ်တရက်အပြင်းအထန်ဗိုက်နာခြင်း(Acute Abdominal Pain)”

Post a Comment