«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Sept 2020

ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ (Infectious canine hepatitis)

,
ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis)ဟာ Adenovirus-1 
 
ဆိုတဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီးအမည်နဲ့လိုက်အောင်ကူးစက်နှုန်းမြန်တဲ့ခွေးရောဂါ 
 
တစ်ခုဖြစ်ပါတယ် ဒီရောဂါဟာ (၁)နှစ်သားအောက်ခွေးငယ်လေးတွေမှာအဖြစ်များလေ့ရှိပါတယ် 
 
ဒီရောဂါဖြစ်ပွားနေတဲ့ခွေးရဲ့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်တဲ့ လျှာရည်၊နှာရည်နဲ့ ဆီးတွေ 
 
ဝမ်းတွေထဲမှာ ရောဂါဖြစ်စေတဲ့ဗိုင်းရပ်ပိုးတွေ အမြောက်အများပါရှိနေတတ်ပါတယ်
 
 
အဲဒီအရာတွေနဲ့ထိတွေမိတဲ့ အခြားခွေး တွေဆီကို အလွယ်တကူဆက်လက်ကူးစက်သွားလေ့ရှိပါ
 
တယ် ၊ ကူးစက်ခံရတဲ့ခွေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်တာနဲ့ ရောဂါပိုးဟာအဲဒီခွေးရဲ့တစ်သျူးတွေထဲ
 
ကိုဝင်ရောက်ပြီး ထပ်မံပွားများလာကြပါတယ် အဲဒီနောက်မကြာခင်မှာပဲ သူ့ရဲ့ လျှာရည်၊နှာရည်နဲ့ 
 
ဆီးတွေဝမ်းတွေထဲကတဆင့် ဗိုင်းရပ်ပိုးတွေ အမြောက်အများ ပြန်ထွက်လာပြန်ပြီး အခြားခွေး
 
တွေဆီကိုဆက်လက်ကူးစက်စေပြန်တာဖြစ်ပါတယ် ၊သုတေသနပြုထားချက်တွေအရရောဂါဖြစ်ရာ
 
ကနေပျောက်ကင်းသက်သာလာတဲ့ခွေးတွေဟာ ကိုယ်တိုင်နေကောင်းကျန်းမာလာကြပေမယ့် 
 
ရောဂါပိုးတွေကို သူတို့ရဲ့ဆီထဲကနေ နောက်ထပ်(၉)လလောက်အထိ ထုတ်လွှတ်နေဆဲဖြစ်တဲ့
 
အတွက် အခြားခွေးတွေဆီကိုဆက်လက်ကူးစက်စေနိုင်နေသေးတယ်လို့သိရပါတယ် ။ 
 
 
ဒီရောဂါပိုးဟာ ခွေးတွေရဲ့အသည်း၊ ကျောက်ကပ်နဲ့ သွေးကြောနံရံတွေကိုထိခိုက်ပျက်စီးစေတဲ့
 
အတွက် သာမန် ဖျားနာတာလောက်အပြင် အသက်သေဆုံးစေသည်အထိ ပြင်းပြင်းထန်ထန်
 
ဖြစ်တာမျိုးအထိ ခွေးကိုပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးတတ်ပါတယ် ။ 
 
 
သာမန်ဖျားနာတာလောက်ဆိုရင်တော့ အစားအသောက်ပျက်ပြီးမှိုင်နေတာလောက်ကနေ 
 
တဖြည်းဖြည်းပြန်လည် သက်သာလာတတ်ပေမယ့် ပြင်းပြင်းထန်ထန်ဖြစ်တာမျိုးဆိုရင်တော့ 
 
ကိုယ်ခန္တာအပူချိန်အရမ်းတက်လာပြီး သွေးဝမ်းတွေသွားလာတတ်တဲ့အပြင် နာရီပိုင်းအတွင်းမှာပဲ 
 
လဲကျသေဆုံးသွားတတ်ပါတယ် ခွေးပေါက်စလေးတွေကူးစက်ခံရရင်တော့ ဘာလက္ခဏာမှတောင်
 
ထူးထူးခြားခြားမပြတော့ပဲ ရုတ်တရက်သေဆုံး တတ်ပါတယ်
 
 
ခံနိုင်ရည်အတန်အသင့်ရှိလာတဲ့အရွယ်ကိုရောက်နေတဲ့ခွေးတွေမှာတော့ အစားမစားတော့တာနဲ့ 
 
သွေးပါတဲ့ဝမ်းပျစ်ပျစ်တွေသွားတာ ၊ အန်တဲ့အခါသွေးစသွေးနလေးတွေပါလာတာမျိုးတွေဖြစ်တတ်
 
ပါတယ် (ကြည့် -လက်ပတိုစပိုင်ရိုးစစ်ရောဂါ) ကိုယ်အပူချိန်တိုင်းကြည့်ရင် (41.1°C) လောက်အထိ အပူချိန်
 
တက်နေတာမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။
 
ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့အသည်းဟာယောင်ယမ်းနေပြီးထိမိရင်နာကျင်တာကြောင့် ခွေးဟာ 
 
ရင်ဘတ်ပေါ်မှာ ဝပ်ပြီးအိပ်နေတတ်ပါတယ် ၊ အလင်းရောင်ကိုမကြည့်နိုင်တဲ့အတွက် ခွေးကို
 
အလင်းရောင်ထဲမှာထားရင် မျက်ရည်တွေစီးကျလာတတ်ပါတယ်
 
 
အခြားတွေ့ရတတ်တဲ့လက္ခဏာတွေကတော့ မျက်တွင်းသားတွေဝါတာမျိုးသွားဖုံးကနေမကြာခဏ 
 
သွေးယိုတတ်တာမျိုးစတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ် ကျွမ်းကျင်ပြီးအတွေ့အကြုံရှိတဲ့တိရစ္ဆာန် 
 
ရောဂါကုဆရာဝန်တစ်ယောက်အနေနဲ့ ခွေးရဲ့လက္ခဏာတွေကိုကြည့်ရုံနဲ့ ဒီရောဂါဖြစ်ကြောင်း 
 
အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ် ၊ ဒါပေမယ့်တိတိကျကျသိနိုင်ဖို့အတွက် ရောဂါနမူနာတွေကို 
 
ဓာတ်ခွဲခန်းမှာ (Virus Isolation Tests) တွေလုပ်ကြည့်သင့်ပါတယ်
 
 
ဒီရောဂါဖြစ်ပြီးပြန်လည်သက်သာ ကောင်းမွန်လာတဲ့ ခွေးတွေရဲ့ (၂၅%)ဟာမျက်လုံးမှာတိမ်စွဲသလို 
 
မျိုး အပြာရောင်အခိုးတွေပေါ်လာတတ်ပါတယ်ဒါပေမယ့်စိုးရိမ်စရာမရှိပါဘူးအဲဒီအပြာရောင်တိမ်ခိုး
 
တွေဟာ မကြာခင်မှာပဲတဖြည်းဖြည်းချင်းပြန်လည် ပျောက်ကင်းသွားလေ့ရှိပါတယ်
 
 
အဲဒီအချက်ဟာလည်း ခွေးအသည်းယောင်ရောဂါရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ် ၊ ရောဂါအလွန် 
 
ပြင်းထန်တဲ့ အခြေအနေဆိုရင်တော့ တိရစ္ဆာန်ရောဂါကုဆရာဝန်နဲ့အနီးကပ်ကြီးကြပ် ကုသပေးဖို့ 
 
လိုအပ်ပါတယ် ၊ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ပုဂ္ဂလိကဆေးရုံတွေရှိတဲ့အတွက် ဒီရောဂါဖြစ်တဲ့ 
 
ခွေးတွေကိုဆေးရုံတင်ပြီးကုသ လေ့ရှိပါတယ် ဒီရောဂါမဖြစ်စေဖို့အတွက် ခွေးအသည်းယောင် 
 
ရောဂါကာကွယ်ကို အချိန်မှန်မှန်စနစ်တကျထိုးနှံထားခြင်းအားဖြင့် ထိထိရောက်ရောက်ကာကွယ် 
 
ထားနိုင်ပါတယ် ၊ ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ (Infectious canine hepatitis) 
 
ဟာ လူတွေကိုကူစက်နိုင်းခြင်းမရှိပါကြောင်းတင်ပြလိုက်ပါတယ် ။ 
 
ကာကွယ်ဆေးထိုးနှံပုံအားဖတ်ရှုရန် LINK ကိုနှိပ်ပါ  Link

0 မှတ်ချက်များ to “ကူးစက်တတ်သောခွေးအသည်းယောင်ရောဂါ (Infectious canine hepatitis)”

Post a Comment