«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Oct 2020

မှိုရောဂါကုသဆေးများ(Antifungal drugs)

,

မှိုရောဂါကိုကုသတဲ့ဆေးတွေဟာ တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ Aspergillosis , Candidiasis, 

Cryptococcosis,Histoplasmosisစတဲ့ရောဂေါတွေကိုကုသနိုင်တဲ့ဆေးတွေဖြစ်ပြီးမှိုကြောင့်ဖြစ်တဲ့ 

ရောဂါတွေကိုကုသတဲ့အခါ သုံးရမယ့်ဆေးပမာဏကိုစနစ်တကျတွက်ချက်ပြီးမှ ကုသရတာဖြစ် 

ပါတယ်။

 

မှိုရောဂါကိုကုသတဲ့ဆေးတွေကို အုပ်စု(၃)ခုခွဲခြားထားပါတယ်၊ အဲဒါတွေကတော့

 

(၁) Polyene antifungal အုပ်စု

(၂) Imidazole antifungal အုပ်စုနဲ့

(၃) Triazole antifungal အုပ်စုတို့ဖြစ်ပါတယ်။

 

(၁) Polyene antifungal အုပ်စုမှာ Amphotericin နဲ့ Nystatin တို့ပါဝင်ပါတယ်၊ 

 

Amphotericin က အကြောဆေးဖြစ်ပြီး တစ်ကိုယ်လုံးပြန့်နှံ့ဖြစ်ပွားတဲ့မှိုရောဂါအပြင် Yeast 

ပိုးတွေကိုပါ နှိမ်နင်း နိုင်တဲ့ဆေးဖြစ်ပါတယ်၊Fungilin(ဆေးပြား),Fungizone(အကြောဆေး),

Abelcet(အကြောဆေး),AmBisome(အကြောဆေး),Amphocil(အကြောဆေး)စတဲ့အမည်တွေနဲ့

ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

Nystatin ဆေးကိုတော့ အရေပြား‌ပေါ်နဲ့ အာခေါင်အတွင်းပိုင်းတွေလိုအသားနုတွေမှာဖြစ်ပွားတဲ့ 

မှိုစွဲရောဂါ တွေကိုကုသတဲ့အခါအသုံးပြုပါတယ်၊ Nystan(ဆေးပြား)အမည်နဲ့ ဈေးကွက်ထဲကို 

ဝင်ရောက်ပါတယ်။

 

(၂) Imidazole antifungal အုပ်စုမှာပါဝင်တဲ့ Clotrimazole,Econazole,Fenticonazole, 

Sulconazole  Tioconazole, Ketoconazole နဲ့ Miconazole တို့ပါဝင်ပါတယ်။

 

Clotrimazole,Econazole,Fenticonazole,Sulconazole နဲ့ Tioconazole ဆေးတွေကိုတော့ 

အရေပြားပေါ်မှာဖြစ်ပွားတဲ့ မှိုစွဲရောဂါတွေကိုကုသတဲ့အခါအသုံးပြုပါတယ်။

 

Ketoconazole ဆေးကတော့ပါးစပ်ကနေတိုက်ကျွေးရတဲ့ဆေးဖြစ်ပြီး ဆေးပမာဏများသွားရင် 

အသည်းကိုထိခိုက်ပျက်စီးပြီးသေတတ်တဲ့အတွက် ဒီဆေးကိုအသုံးမပြုခင်ကိုယ်အလေးချိန်အတိုင်း

သုံးရမယ့်ဆေးပမာဏကိုသေချာတွက်ချက်ပြီးမှတိုက်ကျွေးရမယ့်ဆေးဖြစ်ပါတယ်၊ Ketoconazole 

ဆေးကို အရေပြား‌ပေါ် မှာဖြစ်ပွားတဲ့ မှိုစွဲရောဂါ တွေကိုကုသတဲ့အခါအသုံးပြုပါတယ်၊ Nizoral 

(ဆေးတောင့်) နဲ့ Kezole (ဆေးတောင့်) စတဲ့အမည်တွေနဲ့ ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

Miconazole ဆေးကတော့ပါးစပ်နဲ့အူလမ်းကြောင်ထဲမှာဖြစ်ပွားတဲ့ မှိုစွဲရောဂါ တွေကိုကုသတဲ့အခါ 

အသုံးပြုပါတယ်၊ Daktarin(ဆေးပြား)အမည်နဲ့ ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

 

(၃) Triazole antifungal အုပ်စုထဲမှာ Fluconazole နဲ့ Itraconazole တို့ပါဝင်ပါတယ်၊ 

 

Fluconazole ဆေးကတော့ပါးစပ်ကနေတိုက်ကျွေးရတဲ့ဆေးဖြစ်ပြီး ဦးနှောက်နဲ့ပတ်သက်တဲ့ 

မှိုရောဂါတွေကိုကုသတဲ့ အခါအသုံးပြုပါတယ်၊ lucon-150(ဆေးပြား), Diflucan (ဆေးတောင့်) 

စတဲ့အမည်တွေနဲ့ ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

 

Itraconazole ဆေးကတော့ မှိုရောဂါပိုးအတော်များများကိုနှိမ်နင်းနှိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်၊ 

ဆေးတောင့်ပုံစံနဲ့လာတာဖြစ်ပြီးတိုက်ဆေးအနေနဲ့အသုံးပြုရပါတယ်၊ဒီဆေးကလည်းအသည်းကိုထိခိုက်ပျက်စီးစေတတ်တဲ့အတွက် 

သေချာတွက်ချက်ပြီးမှအသုံးပြုရမှာဖြစ်ပါတယ်၊ Sporanox (ဆေးတောင့်)အမည်နဲ့ဈေးကွက်ထဲကို

ဝင်ရောက်ပါတယ်။

 

မှိုရောဂါပိုးတွေကိုနှိမ်နင်းနိုင်တဲ့အခြားဆေးတွေလည်းရှိပါသေးတယ်အဲဒါတွေကတော့Flucytisine

Griseofulvin နဲ့ Turbinafine တို့ဖြစ်ပါတယ်။

 

Flucytisine ဆေးကိုတော့ အုပ်စု(၁)ထဲကAmphotericin နဲ့တွဲပြီးAmphotericinဆေးရဲ့အာနိသင်

ကိုပိုမိုထက်မြက်လာစေဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုရတာဖြစ်ပါတယ်၊ဒီဆေးကိုကြာရှည်အသုံးပြုရင်

တော့ဆေးယဉ်ပါးမှုပြသနာတွေကိုကြုံ လာရတတ်ပါတယ်၊ Ancotil (အကြောဆေး) အမည်နဲ့ 

ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

 

Griseofulvin ဆေးကလည်းမှိုရောဂါပိုးအတော်များများကိုနှိမ်နင်းနှိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်၊ 

ကုသရခက်နေတဲ့ အရေပြားမှိုစွဲရောဂါတွေမှာ အတော်အားကိုးရတဲ့ဆေးဖြစ်ပါတယ်၊ ဒီဆေးဟာ 

ဘေးထွက်ဆိုးကျိုးသိပ်မရှိတဲ့အတွက်အသက်အရွယ်ငယ်လွန်းတဲ့ခွေးကြောင်လေးတေွမှာမှိုရောဂါ

ဖြစ်ရင် Griseofulvin ဆေးကိုအသုံးပြုလေ့ရှိကြပါတယ်၊ ဒီဆေးနဲ့ကုသမယ်ဆိုရင်တော့ လပေါင်း

အနည်းငယ်ကြာတဲ့အထိကုသပေးဖို့လိုအပ်ပါတယ်၊ Grisovin(ဆေးပြား)အမည်နဲ့ ဈေးကွက်ထဲကို

ဝင်ရောက်ပါတယ်။

 

Turbinafine ဆေးကိုတော့ အကွင်းမှိုစွဲရောဂါ(ringworms in dogs) ကိုကုသတဲ့အခါအသုံးပြုလေ့

ရှိပါတယ်၊ Lamisil(ဆေးပြား)အမည်နဲ့ဈေးကွက်ထဲကိုဝင်ရောက်ပါတယ်။

0 မှတ်ချက်များ to “မှိုရောဂါကုသဆေးများ(Antifungal drugs)”

Post a Comment