«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Jul 2016

နှာခေါင်းသွေးယိုခြင်း

,
 Unicode
 
ခွေးပိုင်ရှင်အများစုဟာ ခွေးနှာခေါင်းသွေးယိုရင် လူတွေလိုပဲထင်ပြီးပေါ့ပေါ့ဆဆသဘောထားတတ်
ကြပါ တယ်၊ တိရစ္ဆာန်တွေဟာ လူတွေလိုမတ်တပ်ရပ်နေတာမဟုတ်တဲ့အတွက်ကြောင့်
သွေးပို့လွှတ်ပေးနေတဲ့နှလုံးနဲ့  သွေးထွက်နေရာအပေါက်ဟာ တစ်တန်းထဲနီးပါးလောက်မှာ တည်ရှိနေတဲ့အတွက်ခွေးတွေနှာခေါင်းသွေးယိုရင် လူတွေထက်အသက်အန္တရာယ်ပိုနီးပါတယ်
ခွေးတွေခေါင်းသွေးယိုရခြင်းဟာ အကြောင်းအမျိုးမျိုးဖြစ်နိုင်ပါတယ်......Coagulopathy ဆိုတာကတော့ သွေးထဲမှာသွေးကိုခဲစေတတ်တဲ့ ပစ္စည်းတွေ ပုံမှန်အတိုင်းမရှိတာကြောင့် နှာခေါင်းသွေးထွက်တာပါ။

မမြင်ရတဲ့ထိခိုက်ဒဏ်ရာမျိုး နှာခေါင်းထဲမှာဖြစ်နေတာမျိုးဖြစ်နိုင်သလို ၊ ခန္တာကိုယ်အတွင်းပိုင်းက
အသည်းလို ကိုယ်တွင်းအင်္ဂါတစ်ခုမှာကင်ဆာအကြိတ်ဖြစ်နေရင်လည်းနှာခေါင်းသွေးယိုတတ်
ပါတယ်။

Lukemia လို့ခေါ်တဲ့ သွေးဖြူဥရောဂါရှိတဲ့ခွေးတွေဟာ မကြာခဏဆိုသလိုနှာခေါင်းသွေးယိုတတ်
ပါတယ်. . Rocky Mountain Spotted Fever ရောဂါနဲ့Canine Erlichoisisလိုမျိုးတစ်ချို့ခွေးရောဂါ
တွေဟာ နှာခေါင်းသွေးယိုတတ်ပါတယ်။

နှာခေါင်းအရိုးခွေထဲမှာ အကြိတ်ဖြစ်နေတာမျိုး လည်ပင်းမှာရှိတဲ့သိုင်းရွိုက်အကြိတ် အလုပ်မလုပ်
တာမျိုး ဆိုရင်လည်းရင် နှာခေါင်းသွေးယိုတတ်ပါတယ်. .
တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်ဒီလိုအခြေအနေမျိုးတွေအထိ အတိအကျသိနိုင်ဖို့အတွက် (CAT)လို့
ခေါ်တဲ့ကွန်ပြူတာဓါတ်မှန် (Computerized axial tomography) ရိုက်ကြည့်ပြီးရောဂါရှာဖွေမှုကို တိတိကျကျ လုပ်နိုင်ကြပါတယ်။

အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းနှာခေါင်းသွေးယိုနိုင်ပါသေးတယ်ဘယ်လိုအကြောင်း
ကြောင့်နှာခေါင်းသွေးယိုသည်ဖြစ်စေ သွေးထွက်လွန်သွားရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် တိရစ္ဆာန်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ပြသပြီး ဆေးဘက်ဆိုင်ရာအကူအညီရယူဖို့တော့ 
အရေးကြီးပါတယ် . . . . .

နှာခေါင်းသွေးယိုရတဲ့အကြောင်းရင်းတွေဟာ ခွေးနဲ့ကြောင်မှာအတော်များများကအတူတူပါပဲ
ဘာ့ကြောင့်နှာခေါင်းသွေးယိုရတယ်ဆိုတာကို ဖော်ထုတ်သိရှိနိုင်ဖို့အတွက်ကဓါတ်မှန်ရိုက်ကြည့်ဖို့
လိုအပ်သလို ၊ ဓါတ်ခွဲခန်းမှာ သွေးစစ်ဆေးမှုတွေလည်းလုပ်ရမှာဖြစ်တာမို့အဖြေရဖို့က ရက်အနည်း
ငယ်ကြာတတ်ပါတယ်။

ဓါတ်ခွဲခန်းအဖြေမရခင်မှာတိရစ္ဆာန်ရောဂါကုဆရာဝန်ကလိုအပ်တဲ့အသက်ကယ်လုပ်ငန်းတွေကို
လုပ်ပေး ထားရမှာဖြစ်ပါတယ် သွေးအမြန်တိတ်ဖို့ဆောင်ရွက်ပေးပါလိမ့်မယ်…ဒီအထဲမှာ သွေးတိတ်ဆေး ထိုးပေး တာ ၊ နှလုံးခုန်နှုန်းမမြန်အောင်ထိမ်းပေးတာ ၊ သွေးပေါင်တက်ပြီး သွေးတွေဒလဟော ထွက်သွားတာမျိုးမဖြစ်အောင်ထိမ်းပေးထားဖို့အတွက် စိတ်ငြိမ်ဆေးထိုးပေး ခြင်းစသဖြင့် ဆောင်ရွက်ပေးရပါတယ်။

သွေးထွက်များပြီးသွေးအားနည်းနေတာဟာအသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အခြေအနေမျိုး
ဖြစ်နေရင် သွေးသွင်းကုသမှုဆောင်ရွက်ရမှာဖြစ်ပါတယ်။

အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အခြေအနေမျိုးမဟုတ်သေးရင်တော့ သွေးအားတိုးစေမယ့်
ဆေးတွေ ထိုးပေးတာအပြင် လိုအပ်မယ့်တိုက်ဆေးနဲ့ ကျွေးသင့်တဲ့အစာကို ညွှန်ကြားပေးမှာဖြစ်ပါ တယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်ဆီအလွယ်မရောက်နိုင်သေးရင်တော့(Doxycycline)စားဆေးအတောင့်
ကိုတိုက်ထားနိုင်ပါတယ် … ခွေးကိုလှုပ်လှုပ်ရှားရှားသိပ်မလုပ်စေပဲ အေးမြတဲ့နေရာမှာထားသင့်ပါ
တယ်. . .ဓါတ်ဆားရည်တိုက်တာမျိုးကိုဆရာဝန်ကမညွှန်ကြားပဲ ကိုယ့်သဘောနဲ့ကိုယ် မတိုက်သင့်
ပါဘူး
နှာခေါင်းသွေးယိုတာဟာအသက်အန္တရာယ်အထိရှိနိုင်တဲ့အတွက် မပေါ့ဆပါဘူး။
                                
နှာခေါင်းသွေးလျှံရောဂါအကြောင်းဆက်လက်ဖတ်ရှုလေ့လာလိုပါက လင့်ကိုနှိပ်ပါ - Link
 
 
 Zawgyi
 
ေခြးပိုင္ရွင္အမ်ားစုဟာ ေခြးႏွာေခါင္းေသြးယိုရင္ လူေတြလိုပဲထင္ၿပီးေပါ့ေပါ့ဆဆသေဘာထားတတ္ၾကပါ တယ္
တိရစာၦန္ေတြဟာ လူေတြလိုမတ္တပ္ရပ္ေနတာမဟုတ္တဲ့အတြက္ေၾကာင့္ေသြးပို႔လႊတ္ေပးေန
တဲ့ႏွလံုးနဲ႔  ေသြးထြက္ေနရာအေပါက္ဟာ တစ္တန္းထဲနီးပါးေလာက္တည္ရွိေနတဲ့အတြက္ေခြးေတြႏွာေခါင္းေသြးယိုရင္ လူေတြထက္အသက္အႏၱရာယ္ပိုနီးပါတယ္ 
ေခြးေတြခါင္းေသြးယိုရျခင္းဟာ အေၾကာင္းအမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္......Coagulopathy ဆိုတာကေတာ့ ေသြးထဲမွာေသြးကိုခဲေစတတ္တဲ့ ပစၥည္းေတြ ပံုမွန္အတိုင္းမရွိတာေၾကာင့္ ႏွာေခါင္းေသြးထြက္တာပါ။
မျမင္ရတဲ့ထိခိုက္ဒဏ္ရာမ်ိဳး ႏွာေခါင္းထဲမွာျဖစ္ေနတာမ်ိဳးျဖစ္ႏိုင္သလိုခႏာၱကိုယ္အတြင္းပိုင္းကအသည္း
လို ကိုယ္တြင္းအဂၤါတစ္ခုမွာ ကင္ဆာအႀကိတ္ျဖစ္ေနရင္လည္းႏွာေခါင္းေသြးယိုတတ္ပါတယ္။

Lukemia လို႔ေခၚတဲ့ ေသြးျဖဴဥေရာဂါရွိတဲ့ေခြးေတြဟာ မၾကာခဏဆိုသလိုႏွာေခါင္းေသြးယိုတတ္ပါတယ္. . Rocky Mountain Spotted Fever ေရာဂါနဲ႔ Canine Erlichoisis လိုမ်ိဳး တစ္ခ်ိဳ႕ေခြးေရာဂါေတြဟာ ႏွာေခါင္းေသြးယိုတတ္ပါတယ္။

ႏွာေခါင္းအရိုးေခြထဲမွာ အႀကိတ္ျဖစ္ေနတာမ်ိဳး လည္ပင္းမွာရွိတဲ့သိုင္းရိြဳက္အႀကိတ္ အလုပ္မလုပ္တာမ်ိဳး ဆိုရင္လည္းရင္ ႏွာေခါင္းေသြးယိုတတ္ပါတယ္. .
တိုးတက္တဲ့ႏိုင္ငံေတြမွာဆိုရင္ဒီလိုအေျခအေနမ်ိဳးေတြအထိ အတိအက်သိႏိုင္ဖို႔အတြက္ (CAT)လို႔ေခၚတဲ့
ကြန္ျပဴတာဓါတ္မွန္ (Computerized axial tomography) ရိုက္ၾကည့္ၿပီးေရာဂါရွာေဖြမႈကို တိတိက်က် လုပ္ႏိုင္ၾကပါတယ္။

အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လည္းႏွာေခါင္းေသြးယိုႏိုင္ပါေသး
တယ္ဘယ္လိုအေၾကာင္းေၾကာင့္ႏွာေခါင္းေသြးယိုသည္ျဖစ္ေစ ေသြးထြက္လြန္သြားရင္အသက္အႏၱရာယ္ရွိႏိုင္တဲ့အတြက္ တိရစာၦန္ေရာဂါကုဆရာ၀န္တစ္ေယာက္နဲ့႔
ျပသၿပီး ေဆးဘက္ဆိုင္ရာအကူအညီရယူဖို႔ေတာ့ အေရးႀကီးပါတယ္ . . . . .

ႏွာေခါင္းေသြးယိုရတဲ့အေၾကာင္းရင္းေတြဟာ ေခြးနဲ႔ေၾကာင္မွာအေတာ္မ်ားမ်ားကအတူတူပါပဲ

ဘာ့ေၾကာင့္ႏွာေခါင္းေသြးယိုရတယ္ဆိုတာကို ေဖာ္ထုတ္သိရွိႏိုင္ဖို႔အတြက္ကဓါတ္မွန္ရိုက္ၾကည့္ဖို႔လိုအပ္ သလိုဓါတ္ခဲြခန္းမွာ ေသြးစစ္ေဆးမႈေတြလည္းလုပ္ရမွာျဖစ္တာမို႔အေျဖရဖို႔ကရက္အနည္းငယ္ၾ
ကာတတ္ပါ တယ္။

ဓါတ္ခဲြခန္းအေျဖမရခင္မွာ တိရစာၦန္ေရာဂါကုဆရာ၀န္ကလိုအပ္တဲ့အသက္ကယ္လုပ္ငန္းေတြကိုလုပ္ေပး ထားရမွာျဖစ္ပါတယ္ ေသြးအျမန္တိတ္ဖို႔ေဆာင္ရြက္ေပးပါလိမ့္မယ္…ဒီအထဲမွာ ေသြးတိတ္ေဆး ထိုးေပး တာ ၊ ႏွလံုးခုန္ႏႈန္းမျမန္ေအာင္ထိမ္းေပးတာ ၊ ေသြးေပါင္တက္ၿပီး ေသြးေတြဒလေဟာ ထြက္သြားတာမ်ိဳး
မျဖစ္ေအာင္ထိမ္းေပးထားဖို႔အတြက္ စိတ္ၿငိမ္ေဆးထိုးေပးတာ စသျဖင့္ ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္။

ေသြးထြက္မ်ားၿပီးေသြးအားနည္းေနတာဟာ အသက္အႏၱရာယ္ထိခိုက္ႏိုင္ေလာက္တဲ့အေျခအေနမ်ိဳးျဖစ္ေန ရင္ ေသြးသြင္းကုသမႈေဆာင္ရြက္မွာျဖစ္ပါတယ္။

အသက္အႏၱရာယ္ထိခိုက္ႏိုင္ေလာက္တဲ့အေျခအေနမ်ိဳးမဟုတ္ေသးရင္ေတာ့ေသြးအား
တိုးေ
စမယ့္ေဆးေတြ ထိုးပးတာအျပင္ လိုအပ္မယ့္တိုက္ေဆးနဲ႔ ေကၽြးသင့္တဲ့အစာကို ညႊန္ၾကားေပးမွာျဖစ္ပါတယ္။

တိရစာၦန္ေရာဂါကုဆရာ၀န္ဆီအလြယ္မေရာက္ႏိုင္ေသးရင္ေတာ့(Doxycycline)စားေဆး
အေတာင့္ကိုတိုက္ ထားႏိုင္ပါတယ္ … ေခြးကိုလႈပ္လႈပ္ရွားရွားသိပ္မလုပ္ေစပဲ ေအးျမတဲ့ေနရာမွာထားသင့္ပါတယ္. . .ဓါတ္ဆားရည္တိုက္တာမ်ိဳးကိုဆရာ၀န္ကမညႊန္ၾကားပဲ ကိုယ့္သေဘာနဲ႔ကိုယ္ မတိုက္သင့္ပါဘူး 

ႏွာေခါင္းေသြးယိုတာဟာအသက္အႏၱရာယ္အထိရွိႏိုင္တဲ့အတြက္ မေပါ့ဆသင့္ေၾကာင္း တင္ျပအပ္ပါတယ္။
                                 
                                ဆက်လက်ဖတ်ရှုရန် = = »»ႏွာေခါင္းေသြးလွ်ံေရာဂါ (ehrlichiosis)

1 မှတ်ချက်များ:

  • 19 July 2016 at 15:33
    Anonymous says:

    Thank

Post a Comment