«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Jun 2018

အရေပြားမှိုစွဲရောဂါ(Malassezia)

,
Unicode
 
Malassezia pachydermatitis လို့ခေါ်တဲ့ yeast အမျိုးအစားမှိုဟာကြောင်တွေရဲ့ခန္တာကိုယ်ပေါ်မှာ 
 
အမြဲလိုလိုရှိနေတတ်ပါတယ်။
 
 
အဲဒီလိုရှိနေပေမယ့်လည်း သာမန်အားဖြင့်ဒုက္ခပေးလေ့မရှိပါဘူး ၊ ဒါပေမယ့်ကြောင်ရဲ့
 
ခုခံအားကျဆင်းသွားရင်ဖြစ်စေ ဘက်တီးရီးယားရောဂါပိုးတွေဝင်ရောက်ခြင်းကြောင့်ဖြစ်စေ
 
Malassezia pachydermatitis မှိုလေးတွေဟာ အဆမတန်ပွားများလာပြီး ကြောင်ကိုဒုက္ခပေးနိုင်
 
တဲ့အဆင့်ကိုရောက်လာတတ်ပါတယ်။
 
အဲဒီအခါမှာကြောင်ဟာအမွှေးတွေကျွတ်လာပြီး အမွှေးကျွတ်တဲ့နေရာတွေမှာအရေပြားနီရဲရဲကြီး
 
ဖြစ်လာတတ်ပါတယ် ။
 
ဒီလိုဖြစ်လာခြင်းဟာ Malassezia pachydermatitis  မှိုပိုးကြောင့်ဖြစ်တာ ဟုတ်မဟုတ်သိနိုင်ဖို့
 
အမွှေးကျွတ်တဲ့နေရာက အရေပြားကိုခြစ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ ရှာဖွေကြည့်ရ 
 
ပါတယ် ၊
 
ဒီမှိုကြောင့်ဖြစ်တာသေချာပြီဆိုရင်တော့ အမွှေးကျွတ်နေတဲ့နေရာတွေကို Benzoyl peroxide ဆေး
 
ရည် နဲ့ဖြစ်စေ Chlorhexidine ဆေးပါတဲ့ ရှန်ပူနဲ့ဖြစ်စေ သေသေချာချာဆေးကြောပေးရပါမယ် ၊ 
 
အဲဒီနောက် Miconazole ointment ညှစ်ဆေးကိုသုပ်လိမ်းပေးရပါမယ် ၊ တစ်ကိုယ်လုံးမှာဖြစ်နေ 
 
တာဆိုရင်တော့ Itraconazole စားဆေး(သို့) Ketoconazole စားဆေးတစ်ခုခုကိုတိုက်ကျွေးပေးနိုင်
 
ပါတယ်။
 

 
Zawgyi
 
Malassezia pachydermatitis လို႔ေခၚတဲ့မိႈအမ်ိဳးအစားဟာ ေၾကာင္ေတြရဲ႕ခႏၱာကိုယ္ေပၚမွာ အၿမဲလိုလိုရွိေနတတ္ပါတယ္
အဲဒီလိုရွိေနေပမယ့္လည္း သာမန္အားျဖင့္ဒုကၡေပးေလ့မရွိပါဘူး ၊ ဒါေပမယ့္ေၾကာင္ရဲ႕
ခုခံအားက်ဆင္းသြားရင္ျဖစ္ေစ ဘက္တီးရီးယားေရာဂါပိုးေတြဝင္ေရာက္ျခင္းေၾကာင့္ျဖစ္ေစ
Malassezia pachydermatitis မိႈေလးေတြဟာ အဆမတန္ပြားမ်ားလာၿပီး 
ေၾကာင္ကိုဒုကၡေပးႏိုင္တဲ့အဆင့္ကိုေရာက္လာတတ္ပါတယ္။
အဲဒီအခါမွာေၾကာင္ဟာအေမႊးေတြကၽြတ္လာၿပီး အေမႊးကၽြတ္တဲ့ေနရာေတြမွာအေရျပားနီရဲရဲႀကီး
ျဖစ္လာတတ္ပါတယ္ ။
ဒီလိုျဖစ္လာျခင္းဟာ Malassezia pachydermatitis မိႈေၾကာင့္ျဖစ္တာဟုတ္မဟုတ္သိႏိုင္ဖို႔
အေမႊးကၽြတ္တဲ့ေနရာက အေရျပားကိုျခစ္ယူၿပီး အဏုၾကည့္မွန္ေျပာင္းေအာက္မွာ ရွာေဖြၾကည့္ရပါတယ္ ၊ 
ဒီမိႈေၾကာင့္ျဖစ္တာေသခ်ာၿပီဆိုရင္ေတာ့ အေမႊးကၽြတ္ေနတဲ့ေနရာေတြကို  
benzoyl peroxide ေဆးရည္နဲ႔ျဖစ္ေစ chlorhexidine ေဆးပါတဲ့ ရွန္ပူနဲ႔ျဖစ္ေစ
ေသေသခ်ာခ်ာေဆးေၾကာေပးရပါမယ္ ၊ အဲဒီေနာက္ miconazole ointment ညွစ္ေဆးကိုသုပ္လိမ္းေပးရပါမယ္ ၊ 
တစ္ကိုယ္လံုးမွာျဖစ္ေနတာဆိုရင္ေတာ့ itraconazole စားေဆး(သို႔) ketoconazole စားေဆးတစ္ခုခုကို
တိုက္ေကၽြးေပးႏိုင္ပါတယ္။

0 မှတ်ချက်များ to “အရေပြားမှိုစွဲရောဂါ(Malassezia)”

Post a Comment