«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 May 2018

မိခင်နို့ရည်အဆိပ်သင့်ခြင်း (Toxic milk syndrome)

,
ကြောင်ကလေးတွေမွေးဖွားလာပြီးတဲ့နောက် မိခင်ကြောင်မကြီးက ကလေးတွေကိုနို့တိုက်ပါတယ်

အဲဒီလိုအချိန်မှာ မိခင်ကြောင်မကြီးရဲ့နို့ရည်ဟာ ကြောင်ကလေးတွေအဖို့ အဆိပ်သဖွယ်

အန္တရာယ်ပေးတဲ့အဖြစ်မျိုးကို ကြောင်တွေမှာတခါတရံတွေ့ရတတ်ပါတယ်

အဲဒါကို TOXIC MILK SYNDROME  လို့ခေါ်ပါတယ် ၊ ဒီလိုဖြစ်လာရခြင်းမှာအကြောင်းရင်းအမျိုးမျိုးရှိတတ်

ပါတယ် ၊ မိခင်ရဲ့နို့အုံထဲကို ရောဂါပိုးမွှားဝင်ရောက်ခြင်း ၊ မိခင်ရဲ့နို့အုံထဲမှာပြည်တည်နာရှိနေခြင်း ၊

မိခင်ရဲ့သားအိမ်ယောင်နေခြင်း ၊ စတဲ့အခြေအနေမျိုးတွေမှာ ကြောင်သားငယ်လေးတွေမှာ 

မိခင်နို့ရည်အဆိပ်သင့်တဲ့လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

TOXIC MILK SYNDROME လို့ခေါ်တဲ့ မိခင်နို့ရည်အဆိပ်သင့်မှုဟာ ကြောင်သားငယ်လေးတွေ

(၇)ရက်သားအရွယ်ကနေ (၁၄)ရက်သားအရွယ်ကြားအချိန်မှာ ဖြစ်ပွားတတ်တာများပါတယ်

ဒီလိုဖြစ်နေတဲ့ ကြောင်သားငယ်လေးတွေဟာ ၀မ်းဗိုက်ပိုင်းမှာ ဖောင်းကားနေပြီး ၀မ်းပျက်နေတတ်ပါတယ်

သူတို့ရဲ့စအိုပေါက်ဟာ နီရဲပြီး ယောင်ကားနေတတ်ပါတယ် ၊ ကြောင်ကလေးတွေဟာ မှိုင်တွေနေပြီး

အချိန်တိုင်း အော်ညဉ်းနေတတ်ပါတယ်။
   
အဲဒီလိုဖြစ်နေရင် ကြောင်ကလေးတွေကို မိခင်ကြောင်မကြီးနဲ့ ချက်ချင်းခွဲပြီး အနွေးပေးသေတ္တာ

(incubator)ထဲကိုရွှေ့ထားရပါမယ် ၊ အနွေးပေးသေတ္တာ မရှိရင် အအေးမပတ်အောင်

နွေးနွေးထွေးထွေးရှိပြီး လေစိမ်းမတိုက်တဲ့အခန်းထဲမှာ ပြောင်းရွှေ့ထားပေးရပါမယ်။

ဓါတ်ဆားရည်နဲ့ ၀မ်းပိတ်စေမယ့်ဆေးအပျော့စားတွေကို တိုက်ကျွေးပေးရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “မိခင်နို့ရည်အဆိပ်သင့်ခြင်း (Toxic milk syndrome)”

Post a Comment