«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Aug 2017

အဆစ်ယောင်ရောဂါ(Mycoplasmosis)

,
 ဒီရောဂါကတော့ စွတ်စိုတဲ့ပတ်ဝန်းကျင်မှာအမြဲလိုလိုရှိနေတတ်တဲ့ M. canis, M. spumans, and 
 
M. maculosum စတဲ့ဘက်တီရီးယာပိုးတွေကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ် ၊ကိုယ်ခံစွမ်းအား
 
ကောင်းနေတဲ့ခွေးတွေမှာ ဖြစ်ခဲလှပေမယ့် ခွေးရဲ့ကိုယ်ခံစွမ်းအားလျှောနည်းကျဆင်းနေချိန်မှာ
 
ဒီရောဂါပိုးတွေနဲ့ထိတွေမိရင်တော့ MYCOPLASMOSIS  အဆစ်ယောင်ရောဂါရလာတတ်ပါတယ်

 
ခန္တာကိုယ်မှာရှိတဲ့အဓိကအဆစ်ကြီးတွေဖြစ်တဲ့ ပေါင်ထိပ်အဆစ် ၊ ဒူးဆစ် ၊ လက်မောင်းအဆစ်နဲ့ 
 
ခြေကျင်းဝတ်အဆစ်လိုအဆစ်ကြီးတွေယောင်ယမ်းလာတတ်ပါတယ်၊ခွေးဟာလမ်းလျှောက်တဲ့အခါ 
 
ကွတတဖြစ်နေတတ်ပါတယ် ၊ မျက်ရည်လည်နေတတ်ပြီး မျက်တောင်ပုတ်ခပ်ပုတ်ခပ်ဖြစ်နေတာ 
 
ကိုလည်းတွေ့ရတတ်ပါတယ် မျက်စေ့နာသလိုမျက်လုံးတစ်ခုလုံးနီရဲနေတတ်ပါသေးတယ်။
 
 
ရောဂါရင့်လာတဲ့အခါမှာတော့ မျက်လုံးတွေယောင်ပြီးပြူးထွက်လာတတ်ပါတယ် ၊ဒီလိုအခြေအနေ 
 
မျိုးဖြစ်ပေါ်လာရင်းတော့ ယောင်နေတဲ့အဆစ်ထဲကအရည်ကိုစုပ်ယူပြီး ဘယ်ပိုးကြောင့်ဖြစ်တာလဲ 
 
ဆိုတာ စစ်ဆေးပြီးသင့်လျှော်တဲ့ပဋိဇီဝဆေးတွေကို အချိန်အတော်ကြာတိုက်ကျွေးပေးရပါမယ် ၊ 
 
ခွေးကအလွန်ဝနေရင် အစားကိုလျှော့ကျွေးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုလျှော့ကျသွား
 
အောင်လုပ်ပေးသင့်ပါတယ်၊ကိုယ်အလေးချိန်လျှော့သွားတဲ့အခါအရိုးအဆစ်တွေပေါ်မှာသက်ရောက်
 
နေတဲ့ဖိအားကလည်း လျှော့ကျသွားတဲ့အတွက် အဆစ်တွေထဲကကြွေသားတွေပွန်းပဲ့ထိခိုက်မှု 
 
နည်းသွားပြီးမြန်မြန်သက်သာလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဒီရောဂါကို
moxifloxacin azithromycin ၊ doxycycline စတဲ့ဆေးများနဲ့ကုသပေးနိုင် 
 
ပါတယ်။


Zawgyi
 
 

ခန္တာကိုယ်မှာရှိတဲ့အဓိကအဆစ်ကြီးတွေဖြစ်တဲ့ ပေါင်ထိပ်အဆစ် ၊ ဒူးဆစ် ၊ လက်မောင်းအဆစ်နဲ့ ခြေကျင်းဝတ်အဆစ်လိုအဆစ်ကြီးတွေယောင်ယမ်းလာတတ်ပါတယ် ခွေးဟာလမ်းလျှောက်တဲ့အခါ ကွတတဖြစ်နေတတ်ပါတယ် ၊ မျက်ရည်လည်နေတတ်ပြီး မျက်တောင်ပုတ်ခပ်ပုတ်ခပ်ဖြစ်နေတာကိုလည်းတွေ့ရတတ်ပါတယ် မျက်စေ့နာသလိုမျက်လုံးတစ်ခုလုံးနီရဲနေတတ်ပါသေးတယ် ၊ ရောဂါရင့်လာတဲ့အခါမှာတော့ မျက်လုံးတွေယောင်ပြီးပြူးထွက်လာတတ်ပါတယ် ၊ ဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာရင်းတော့ ယောင်နေတဲ့အဆစ်ထဲကအရည်ကိုစုပ်ယူပြီး ဘယ်ပိုးကြောင့်ဖြစ်တာလဲဆိုတာ စစ်ဆေးပြီးသင့်လျှော်တဲ့ပဋိဇီဝဆေးတွေကို အချိန်အတော်ကြာတိုက်ကျွေးပေးရပါမယ် ၊ ခွေးကအလွန်ဝနေရင် အစားကိုလျှော့ကျွေးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုလျှော့ကျသွားအောင်လုပ်ပေးသင့်ပါတယ်၊ ကိုယ်အလေးချိန်လျှော့သွားတဲ့အခါ အရိုးအဆစ်တွေပေါ်မှာသက်ရောက်နေတဲ့ဖိအားလည်း လျှော့ကျသွားတဲ့အတွက် အဆစ်တွေထဲကကြွေသားတွေပွန်းပဲ့ထိခိုက်မှုနည်းသွားပြီးမြန်မြန်သက်သာလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်
ဒီရောဂါကိုအောက်ပါဆေးများနဲ့ကုသပေးနိုင်ပါတယ်

Your doctor will prescribe an antibiotic to treat the infection. Choices may include:
  • Fluoroquinolones like moxifloxacin
  • Macrolides such as azithromycin
  • Tetracyclines like doxycycline

0 မှတ်ချက်များ to “အဆစ်ယောင်ရောဂါ(Mycoplasmosis)”

Post a Comment