«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Jul 2016

ခွေး ကျောက်ရောဂါ ရှိမရှိစစ်ဆေးခြင်း(Canine Distemper Test Kit)

,
Canine Distemper Virus Test Kit ဆိုတာဟာ ခွေးကျောက်ရောဂါရှိမရှိကို အလျှင်အမြန်စစ်ဆေး 
 
နိုင်တဲ့ကိရိယာဘူးလေးဖြစ်ပါတယ်၊တစ်ဘူးမှာခွေး(၁၀)ကောင်ကို စစ်ဆေးနိုင်ဖို့အတွက်ပါဝင်တာ
 
တွေကတော့
 
- စမ်းသပ်အပြား (၁၀)ခု
 
- ဖျော်ရည်(buffer)ပုလင်း (၁၀)ပုလင်း
 
- တစ်ခါသုံးအစက်ချပိုက်(၁၀)ခု နဲ့
 
- ရောဂါနမူနာယူရန်အတွက် တို့ဖတ်တံ (၁၀)ချောင်းပါဝင်ပါတယ်

 
စမ်းသပ်အပြား
 
ဒီစမ်းသပ်အပြားအပေါ်ကိုကြည့်ရင် ရောဂါနမူနာကိုထည့်ရမယ့်တွင်းချိုင့်ကလေး(specimen well
 
တစ်ခုကို လက်ယာဖက်အစွန်မှာတွေ့ရပါလိမ့်မယ်။
 

အလည်တည့်တည့်နေရာမှာတော့ အဖြေကိုပြသပေးမယ့် နေရာအကွက်ကလေးဖြစ်ပါတယ်၊
 
စစ်ဆေးမှုလုပ်တဲ့အခါအဲဒီအကွက်ကလေးထဲမှာ (Test Line)လို့ခေါ်တဲ့ ကန့်လန့်ဖြတ်အနီရောင် 
 
မျဉ်းကြောင်းလေးတွေ ပေါ်လာမှာဖြစ်ပါတယ်။
 
အဲဒီအကက်ကလေးရဲ့ဘေးနားမှာ အင်္ဂလိပ်အက္ခရာ”C” နဲ့”T”ကိုရေးထားတာကိုတွေ့ရမှာဖြစ်ပါ
 
တယ်။
 
”C” ဆိုတာက ”Control”ဖြစ်ပါတယ် နှိုင်းယှဉ်ကြည့်ရှုရမယ့် မျဉ်းကြောင်းလေးပေါ်လာမယ့်နေရာ
 
ဖြစ်ပါတယ်၊ ရောဂါနမူနာကို တွင်းချိုင့်ကလေးထဲထည့်လိုက်တာနဲ့ ”Control” နေရာမှာ 
 
ကန့်လန့်ဖြတ်အနီရောင် ”Control”လိုင်းကလေးက ချက်ချင်းပဲပေါ်လာပါတယ်။
 
”Control”လိုင်း မပေါ်လာဘူးဆိုရင် အသုံးပြုနေတဲ့စမ်းသပ်ပစ္စည်းမှာ ချို့ယွင်းချက်ရှိနေလို့
 
ဖြစ်တဲ့အတွက် . . . နောက်အသစ်တစ်ခုပြောင်းသုံးရပါမယ်။

 ”Control”လိုင်းပေါ်လာပြီးနောက် သိပ်မကြာခင်မှာ ခွေးကျောက်ရောဂါရှိမရှိဖော်ပြမယ့်
 
 ”Test”လိုင်းပေါ်လာမှာဖြစ်ပါတယ် . . . ရောဂါကင်းစင်ရင် ပေါ်လာမှာမဟုတ်ပါဘူး။

”T” ဆိုတာက ”Test”ဖြစ်ပါတယ် ရောဂါရှိမရှိ အဆုံးအဖြတ်ပေးမယ့် မျဉ်းကြောင်းလေးပေါ်လာ 
 
မယ့်နေရာဖြစ်ပါတယ် . . . အဲဒီလိုင်းကိုတော့ ”Test”လိုင်းလို့ခေါ်ပါတယ်။

 
”Control”လိုင်းရဲ့အနေအထားဟာ ရောဂါရှိကြောင်းပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်
 
ပေါ်လာမယ့် ”Test”လိုင်းရဲ့ အရောင်စွဲထင်မှုအတိုင်းအဆကို ”Control”လိုင်းနဲ့ယှဉ်ကြည့်ပြီး
 
ခွေးကျောက်ရောဂါရှိနေမှုရှိရဲ့အတိုင်းအဆကိုလည်း ဆုံးဖြတ်နှိုင်မှာဖြစ်ပါတယ်
 
 
ခွေးကျောက်ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးတော့မယ်ဆိုရင်  ခွေးရဲ့နှာရည်ကိုဖြစ်စေ ၊မျက်ရည်ကို
 
 
ဖြစ်စေ အသင့်ပါတဲ့တို့ဖတ်တံကလေးနဲ့ နှံ့စပ်အောင်တို့ယူရပါမယ်။   
 
 
အဲဒီလို တို့ယူတဲ့အခါမှာ မဆိုင်တဲ့အရာတွေနဲ့မထိမိအောင်သတိထားရပါမယ် ၊ထိမိသွားရင် 
 
 
အဖြေမှားသွားနိုင်လို့ဖြစ်ပါတယ်။
 
 
ပြီးရင်တို့ဖတ်တံကလေးကို အသင့်ပါလာတဲ့ ဖျော်ရည်(buffer)ပုလင်းထဲက အရည်ထဲကိုနှစ်ပြီး
 
 
ညင်ညင်သာသာလေး သေသေချာချာမွှေပေးရပါမယ်။

 
 
အဲလိုမွှေပြီးတာနဲ့ စမ်းသပ်ဖို့အဆင်သင့်ဖြစ်တဲ့ ဖျော်ရည်ကိုရရှိပြီဖြစ်ပါတယ် အဲဒီအရည်ကို 
 
 
မစမ်းသပ်ဖြစ်သေးလို့ သိမ်းထားချင်ရင် အပူချိန် (2-8) ‘C ရှိတဲ့ ရေခဲသေတ္တာထဲမှာ (၇)ရက်
 
 
လောက်အထိသိမ်းဆည်းထားနိုင်ပါတယ်။
 
 
စမ်းသပ်တော့မယ်ဆိုရင် စမ်းသပ်အပြားလေးကို စားပွဲပေါ်မှာရေပြင်ညီအောင်ချထားရပါမယ်၊

 
ပြီးရင် ဖျော်ရည်(buffer)ပုလင်းထဲမှာသိမ်းထားတဲ့အရည်ကို တစ်ခါသုံးအစက်ချပိုက်ကလေးနဲ့
 
 
စုပ်ယူလိုက်ရပါမယ်။

 
ပြီးတာနဲ့စမ်းသပ်အပြား ရဲ့အပေါ် လက်ယာဖက်အစွန်မှာရှိတဲ့ရောဂါနမူနာကိုထည့်ရမယ့်တွင်းချိုင့် 
 
 
ကလေးထဲ ကို အစက်(၄)စက်တိတိ ထည့်လိုက်ရပါမယ်၊ဒါဆိုရင်စမ်းသပ်တဲ့လုပ်ငန်းစဉ်ပြီးသွားပါပြီ

 
ရောဂါရှိမရှိအဖြေဟာ (၅)မိနစ်ကနေ(၁၀)မိနစ်အတွင်းမှာ စမ်းသပ်ပြားရဲ့ အလည်တည့်တည့်နေရာ
 
 
က၊ အဖြေပြသပေးမယ့် အခွက်ကလေးမှာ ပေါ်လာတော့မှာဖြစ်ပါတယ်

 
ရောဂါမရှိရင် “ C “ နေရာမှာ အနီရောင်မျဉ်းပေါ်လာပြီး “ T “နေရာမှာ အနီရောင်မျဉ်းမပေါ်ပါဘူး
 
 
ရောဂါရှိနေရင်တော့ “ C “ နေရာမှာရော “ T “ နေရာမှာရေည  အနီရောင်မျဉ်း 
 
 
ပေါ်လာမှာဖြစ်ပါတယ်။
 
သတိထားရမှာက . . . (၁၀)မိနစ်အတွင်းပေါ်လာတဲ့အဖြေကိုသာအမှန်အဖြစ်မှတ်ယူရမှာဖြစ်ပါ
 
တယ်၊ (၁၀)မိနစ်ကျော်မှပေါ်လာတဲ့အဖြေကို အဖြေအမှန်အဖြစ် မှတ်ယူလို့ မရပါဘူး

 
Canine Distemper Virus Test Kit နဲ့စစ်ဆေးတဲ့အခါ စမ်းသပ်ပစ္စည်းအထုပ်ကို ဖောက်ပြီးတာနဲ့
 
(၁၀)မိနစ်အတွင်းအသုံးပြုဖို့လိုပါတယ်၊(၁၀)မိနစ်ကျော်ရင်ပတ်ဝန်းကျင်လေထုထဲကရေငွေ့ကြောင့်
 
စမ်းသပ်ပစ္စည်းပျက်စီးသွားတဲ့ အတွက် စစ်ဆေးမှုရလာဒ်ကမှားယွင်းသွားနိုင်ကြောင်းကိုသတိပြု
 
ရပါမယ်။

 
Canine Distemper Virus Test Kit နဲ့စစ်ဆေးနေတဲ့အခါအသုံးပြုပြီးတဲ့ပစ္စည်းတွေကိုလက်အိတ်နဲ့
 
သာ ကိုင်တွယ်ဖို့နဲ့၊အသုံးပြုပြီးတဲ့ပစ္စည်းတွေကို  အပူချိန်(၁၂၁)ဒီဂရီစင်တီဂရိတ် အထိအပူပေးနိုင် 
 
တဲ့(Oven)ထဲမှာပိုးသတ်ပြီးမှ စွန့်ပစ်သင့်ပါတယ်

0 မှတ်ချက်များ to “ခွေး ကျောက်ရောဂါ ရှိမရှိစစ်ဆေးခြင်း(Canine Distemper Test Kit)”

Post a Comment