ဒီရောဂါကတော့ Brucella canis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတာ
များပါတယ်၊ မွေးမြူရေးတိရစ္ဆာန်တွေနဲ့အနေနီးတဲ့ခွေးတွေမှာ တစ်ခါတရံ
ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ နွားနဲ့ဝက်တွေမှာဖြစ်ပွားတတ်တဲ့ B. abortus, B. suis, နဲ့
B. melitensis ရောဂါပိုးတွေကြောင့်လည်းသားလျှောသားပျက်ရောဂါဖြစ်ပွား
တာမျိုးလည်းရှိတတ်ပါတယ်။
Brucella canis ရောဂါပိုးတွေဟာခွေးထီးရဲ့သုက်ရည်နဲ့ခွေးမရဲ့တန်ဆာကထွက်တဲ့
အရည်တွေထဲမှာအများအပြားပါရှိနေတတ်တာမို့အဲဒါတွေနဲ့ ခန္တာကိုယ်မှာရှိတဲ့
အပျော့ကာတွေဖြစ်တဲ့ မျက်လုံးအိမ်အတွင်းသားတို့ ၊ နှာခေါင်းအတွင်းသားတို့
ဆီးသွားပေါက်အတွင်းသားတို့နဲ့ထိတွေ့မိတဲ့အခါရောဂါပိုးတွေဟာ ခန္တာကိုယ်ထဲကို
အလွယ်တကူထိုးဖောက်ဝင်ရောက်သွားပြီး ရောဂါရစေတာဖြစ်ပါတယ်။
ဒီရောဂါပိုးတွေဟာ ခန္တာကိုယ်ထဲကိုဝင်ရောက်လာပြီဆိုတာနဲ့ခွေးထီးဆိုရင်
ဂွေးဥအဆံထဲနဲ့ သုက်ရည်လှောင်ဂလင်းတွေထဲမှာသွားရောက်ခိုအောင်းနေ
တတ်ပြီး၊ခွေးအမဆိုရင်တော့သားအိမ်ထဲမှာ ခိုအောင်းနေတတ်ပါတယ်တစ်ခါတရံ
မျက်လုံးအိမ်ထဲမှာခိုအောင်းနေတတ်ပြီး နာတာရှည်မျက်စေ့နာရောဂါကိုဖြစ်စေ
ပါတယ်။
တခါတရံကျောက်ကပ်ထဲမှာခိုအောင်းနေတဲ့အခါမျိုးလည်းရှိတတ်ပါတယ်အဲဒီအခါမျိုး
မှာတော့ ကျောက်ကပ်ယောင်ယမ်းလာတတ်ပါတယ်၊ ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုး
ထဲမှာ ရောဂါပိုးတွေဟာ အရိုးအဆစ်တွေရဲ့ထိပ်ပိုင်းကြွေပါးတွေအောက်ကိုရောက်ရှိ
ခိုအောင်းနေတာမျိုးလည်းရှိတတ်ပါတယ် အဲဒီအခါမျိုးမှာတော့အဆစ်ယောင်ရောဂါဖြစ်
လာပြီး၊ခွေးဟာလမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ဖြစ်တတ်ပါတယ်။
ဒီရောဂါရလာပြီဆိုရင်တော့ခွေးတွေမှာဖျားတာနာတာမျိုးသိပ်မဖြစ်တဲ့အတွက်
ပိုင်ရှင်တွေအဖို့သတိထားမိဖို့ခက်ပါတယ်၊ အဓိကအရေးကြီးတာကတော့ ရောဂါပိုးရှိနေရင်
သားမအောင်နိုင်တာပဲဖြစ်ပါတယ်၊ ခွေးအထီးတွေမှာဒီရောဂါရရင် ဂွေးဆံယောင်ယမ်းလာ
တတ်ပါတယ် ၊ သူ့ရဲ့သုက်ရည်ကို ဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်ရင် စံမမီတာကိုတွေ့ရမှာ
ဖြစ်ပါတယ် ၊ သုက်ရည်မှာပါဝင်တဲ့သုက်ကောင်လေးတွေရဲ့(၈၀%)ဟာ ပုံသဏ္ဍာန်မမှန်တဲ့
သုက်ကောင်လေးတွေဖြစ်နေတာကိုတွေ့ရပါတယ်။
အဲဒီခွေးထီးနဲ့မိတ်လိုက်တဲ့ခွေးမတွေဟာမျိုးမအောင်နိုင်တော့ပါဘူး ၊ ခွေးအမတွေဗိုက်ကြီးနေ
ချိန်မှာဒီရောဂါရရင် ကလေးပျက်ကျတာမျိုးနဲ့ ကိုယ်ဝန်ဆောင်ကာလ ရက်ပေါင်း(၄၀-၆၀)
လောက်မှာကလေးအသေလေးတွေမွေးတာမျိုးဖြစ်တတ်ပါတယ် ၊ ဖျားတာနာတာမျိုး
သိပ်မဖြစ်ပေမယ့် ကလေးမွေးပြီးတစ်လလောက်အထိ အမတန်ဆာကနေ မကောင်းတဲ့
အယိအချွဲတွေဆင်းနေတတ်ပါတယ်အဲဒီခွေးမကို နောက်ထပ်သားတင်ရင်လည်း
သားမအောင်တာတွေ့ရပါလိမ့်မယ်။
ဒီရောဂါဖြစ်နေတဲ့ခွေးတွေကို ဆေးကုသတဲ့အခါ ပဋိဇီဝဆေးတစ်မျိုးတည်းနဲ့ကုသရင်
သိပ်မထိရောက်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်စေတဲ့ပိုးဖြစ်တဲ့ Brucella ပိုး
တွေဟာ ပဋိဇီဝဆေးတွေကိုသိပ်မကြာခင်မှာပဲ ခံနိုင်ရည်ရှိလာတတ်လို့ဖြစ်ပါတယ်။
ပဋိဇီဝဆေးအများစုဟာလည်း ဒီရောဂါပိုးတွေခိုအောင်းနေတတ်တဲ့ဂွေးဆံအလုံးထဲတို့ ၊
မျက်လုံးအိမ်နဲ့ ပင်မအာရုံကြောစနစ်စတဲ့နေရာတွေကို အလွယ်တကူမဝင်ရောက်နိုင်တာ
ကလည်းဒီရောဂါကိုဖြစ်ပွားစေတဲ့ Brucella ရောဂါပိုးတွေရဲ့အားသာချက်တစ်ခဖြစ်တဲ့
အပြင် ကုသဖို့ခက်ခဲစေတဲ့အချက်ဖြစ်ပါတယ်။
ဒီရောဂါကိုကုသတဲ့အခါပုံမှန်အားဖြင့် Doxycycline စားဆေးကိုတိုက်ကျွေးပြီး
Gentamicin ထိုးဆေး ထိုးပေးတဲ့ကုထုံးကို (၇)ရက်ဆက်တိုက်ပြုလုပ်ပေးလေ့ရှိကြ
ပါတယ်။
ရောဂါဖြစ်ပွားမှုအခြေအနေဟာ ဆေးမတိုးတဲ့အခြေအနေဖြစ်နေရင်တော့
Fluoroquinolone (သို့မဟုတ်)Rifampin စတဲ့ဆေးတစ်မျိုးမျိုးထပ်ပေါင်းပြီး
ဆေး(၃)မျိုးပူးတွဲကုထုံးနဲ့ကုသပေးရပါတယ်။
ဒါတောင်မှ ရောဂါပိုးက ပြန်ပြန်ထကြွလာတာမျိုးလည်းရှိတတ်ပါတယ်အဲဒီလိုအခါမျိုးမှာ
ဆေး(၃)မျိုးပူးတွဲကုထုံးကို(ရရက်ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။
များသောအားဖြင့် ဆေး(၃)မျိုး(၇)ရက်ကုထုံးကို (၄-၅)ကြိမ်လောက်လုပ်ပြီးမှသာ
ရောဂါပျောက်ကင်းသွားလေ့ရှိပါတယ်။
(CANINE BRUCELLOSIS ) ခွေးသားလျှောသားပျက်ရောဂါဟာလူကိုလည်းကူးစက်နိုင်
တဲ့အတွက်ရောဂါဖြစ်နေတဲ့ခွေးကထွက်တဲ့အရည်တွေကိုကိုင်တွယ်တဲ့အခါ လက်အိတ်နဲ့သာ
ကိုင်တွယ်သင့်ပါတယ်။