«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Mar 2019

အမိုင်နိုဂလိုင်ကိုဆိုက်အုပ်စုဝင်ပဋိဇီဝဆေးများ(Aminoglycosides)

,
Unicode
 
အမိုင်နိုဂလိုင်ကိုဆိုက်တွေဟာ အဓိကအားဖြင့် လေရှိမှအသက်ရှင်နိုင်တဲ့ အနှုတ်လက္ခဏာဆောင် 
 
ဘက်တီးရီယားပိုးတွေကိုသုပ်သင်နိုင်တဲ့ပဋိဇီဝဆေးတွေဖြစ်ပါတယ်၊အမိုင်နိုဂလိုင်ကိုဆိုက်တွေကို 
 
သူ့ချည်းသက်သက်အသုံးမပြုသင့်ပဲ အုပ်စုမတူတဲ့အခြားပဋိဇီဝဆေးတွေနဲ့ တွဲဖက်အသုံးပြုသင့် 
 
ပါတယ်။
 
 
အမိုင်နိုဂလိုင်ကိုဆိုက်တွေဟာ ဘက်တီးရီးယားပိုးရဲ့ခန္တာကိုယ်ဆဲလ်တွေအတွင်းမှာ အသားဓါတ်
 
တည်ဆောက်လို့မရအောင်နှောက်ယှက်တဲ့နည်းနဲ့သုပ်သင်တာဖြစ်ပါတယ်၊သွေးထဲမှာအမိုင်နိုဂလိုင် 
 
ကိုဆိုက်တွေပြင်းအားများလာလေလေ ရောဂါပိုးတွေသေနှုန်းများလေလေဖြစ်ပေမယ့် အများကြီး 
 
အသုံးပြုပြန်ရင်လည်း ဆေးအဆိပ်သင့်ပြီး နားမကြားတာတို့ ကျောက်ကပ်ထိခိုက်တာတို့စတဲ့ 
 
ဘေးထွက်ဆိုးကျိုးတွေဖြစ်လာတတ်တာမို့ သွေးထဲမှာရှိနေတဲ့ဆေးပမာဏကိုတိုင်းတာပြီးမှ 
 
လိုအပ်သလောက်ကိုသာတွက်ချက်အသုံးပြုမှသာအကောင်းဆုံးဖြစ်ပါတယ်။

 
ဘေးထွက်ဆိုးကျိုးနည်းတဲ့ပဋိဇီဝဆေးတွေနဲ့ကုသလို့မရတဲ့အခါမျိုးမှသာ အမိုင်နိုဂလိုင်ကိုဆိုက်
 
တွေကိုအသုံးပြုဖို့ ပညာရှင်တွေကအကြံပြုကြပါတယ်၊အမိုင်နိုဂလိုင်ကိုဆိုက်ဆေးတွေကိုအစာအိမ် 
 
အူလမ်းကြောင်းကနေ ကောင်းကောင်းစုပ်ယူလို့မရတဲ့အတွက်  ထိုးဆေးအဖြစ်သာထုတ်လုပ်သုံးစွဲ
 
လေ့ရှိကြပါတယ်။

 
အမိုင်နိုဂလိုင်ကိုဆိုက်အုပ်စုထဲမှာပါဝင်တဲ့ဆေးတွေကတော့
 
- ပရိုမိုမိုင်စင်(paromomycin)
 
- တိုဘရာမိုင်စင်(tobramycin)
 
- ဂျင်တာမိုင်စင်(gentamicin)
 
- အေမီကာစင်(amikacin)
 
- အေမီကာစင် လစ်ပိုစုမ်း(amikacin liposome)
 
- ကင်နာမိုင်စင်(kanamycin)
 
- နီယိုမိုင်စင်(neomycin)
 
- ပလာဇိုမိုင်စင်(plazomicin)နဲ့
 
- စထရက်ပတိုမိုင်စင်(streptomycin)တို့ဖြစ်ပါတယ်
အခြားသောပဋိဇီဝဆေးများကိုလေ့လာရန်LINK ကိုနှိပ်ပါ ===>> LINK
 
Zawgyi
 
အမိုင္ႏိုဂလိုင္ကိုဆိုက္ေတြဟာ အဓိကအားျဖင့္ ေလရွိမွအသက္ရွင္ႏိုင္တဲ့ အႏႈတ္လကၡဏာေဆာင္ဘက္တီးရီယားပိုးေတြကိုသုပ္သင္ႏိုင္တဲ့ပဋိဇီဝေဆးေတြျဖစ္ပါတယ္
အမိုင္ႏိုဂလိုင္ကိုဆိုက္ေတြကို သူ႔ခ်ည္းသက္သက္အသံုးမျပဳသင့္ပဲ အုပ္စုမတူတဲ့အျခားပဋိဇီဝေဆးေတြနဲ႔တြဲဖက္အသံုးျပဳသင့္ပါတယ္
အမိုင္ႏိုဂလိုင္ကိုဆိုက္ေတြဟာ ဘက္တီးရီးယားပိုးရဲ႕ခႏၲာကိုယ္ဆဲလ္ေတြအတြင္းမွာ အသားဓါတ္တည္ေဆာက္လို႔မရေအာင္ေႏွာက္ယွက္တဲ့နည္းနဲ႔သုပ္သင္တာျဖစ္ပါတယ္
ေသြးထဲမွာအမိုင္ႏိုဂလိုင္ကိုဆိုက္ေတြျပင္းအားမ်ားလာေလေလ ေရာဂါပိုးေတြေသႏႈန္းမ်ားေလေလျဖစ္ေပမယ့္ အမ်ားႀကီးအသံုးျပဳျပန္ရင္လည္း ေဆးအဆိပ္သင့္ၿပီး နားမၾကားတာတို႔ ေက်ာက္ကပ္ထိခိုက္တာတို႔စတဲ့ေဘးထြက္ဆိုးက်ိဳးေတြျဖစ္လာတတ္တာမို႔ ေသြးထဲမွာရွိေနတဲ့ေဆးပမာဏကိုတိုင္းတာၿပီးမွ လိုအပ္သေလာက္ကိုသာတြက္ခ်က္အသံုးျပဳႏိုင္ရင္အေကာင္းဆံုးျဖစ္ပါတယ္
ေဘးထြက္ဆိုးက်ိဳးနည္းတဲ့ပဋိဇီဝေဆးေတြနဲ႕ကုသလို႔မရတဲ့အခါမ်ိဳးမွသာ အမိုင္ႏိုဂလိုင္ကိုဆိုက္ေတြကိုအသံုးျပဳဖို႔ ပညာရွင္ေတြကအႀကံျပဳၾကပါတယ္
အမိုင္ႏိုဂလိုင္ကိုဆိုက္ေဆးေတြကို အစာအိမ္အူလမ္းေၾကာင္းကေန ေကာင္းေကာင္းစုပ္ယူလို႔မရတဲ့အတြက္  ထိုးေဆးအျဖစ္သာထုတ္လုပ္သံုးစြဲေလ့ရွိၾကပါတယ္
အမိုင္ႏိုဂလိုင္ကိုဆိုက္အုပ္စုထဲမွာပါဝင္တဲ့ေဆးေတြကေတာ့
- ပရိုမိုမိုင္စင္(paromomycin)
- တိုဘရာမိုင္စင္(tobramycin)
- ဂ်င္တာမိုင္စင္(gentamicin)
- ေအမီကာစင္(amikacin)
- ေအမီကာစင္ လစ္ပိုစုမ္း(amikacin liposome)
- ကင္နာမိုင္စင္(kanamycin)
- နီယိုမိုင္စင္(neomycin)
- ပလာဇိုမိုင္စင္(plazomicin)နဲ႔
- စထရက္ပတိုမိုင္စင္(streptomycin)တို႔ျဖစ္ပါတယ္
အျခားေသာပဋိဇီဝေဆးမ်ားကိုေလ့လာရန္LINK ကိုႏွိပ္ပါ ===>> LINK

0 မှတ်ချက်များ to “အမိုင်နိုဂလိုင်ကိုဆိုက်အုပ်စုဝင်ပဋိဇီဝဆေးများ(Aminoglycosides)”

Post a Comment