«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

2 Jun 2018

ပြည်တည်နာရောဂါ (Actinomycosis)

,
Unicode
 
 
ဒီရောဂါကိုဖြစ်စေတဲ့ ပိုးတွေကတော့  Actinomyces canis  ,  Actinomyces  bowdenii , 
 
Actinomyces odontolyticus, Actinomyces coleocanis, Actinomyces israelii, Actinomyces 
 
bovis , and Actinomyces naeslundii လို့အမည်ရတဲ့ဘက်တီးရီးယား ပိုးတွေဖြစ်ပြီးသက်ဆိုင်ရာ
 
သတ္တဝါတွေရဲ့အာခေါင်ပိုင်း ၊ အစာလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါပိုင်းတွေမှာ သဘာဝအတိုင်းကို
 
ရှိနေတတ်တဲ့ပိုးတွေဖြစ်ပါတယ် ၊ Actinomyces coleocanis ဆိုရင် ခွေးမတွေရဲ့အင်္ဂါမှာ သဘာဝ
 
အတိုင်း ရှိတဲ့ပိုးဖြစ်ပါတယ် ဒါပေမယ့်ရောဂါအဆင့်အထိဖြစ်လေ့မရှိပါဘူး။

 
Actinomycosis ရောဂါဟာ retriever လိုခွေးကြီးမျိုးတွေမှာအဖြစ်များတာတွေ့ရပြီး သက်ငယ်ပိုင်း
 
နဲ့ သက်လတ်ပိုင်းတွေမှာပိုပြီးဖြစ်ပွားတတ်ပါတယ်၊

 
 
ဒီရောဂါပိုးပါတဲ့အစာကိုစားမိရင်ဖြစ်စေဒီရောဂါပိုးပါတဲ့လေကိုရှုသွင်းမိရင်ဖြစ်စေခွေးရဲ့လည်ချောင်း
 
ထဲကို အများအပြားရောက်လာပြီး အခြားကိုယ်တွင်အင်္ဂါတွေဆီကို ဆက်လက်ပြန့်ပွားရောက်ရှိ
 
သွားပြီး ရောဂါအဆင့်အထိဖြစ်လာတတ်ပါတယ် ၊

 
ကြောင်တွေမှာကျတော့ စားမိလို့ ၊ ရှုသွင်းမိလို့ရောဂါဖြစ်တာနည်းပြီး ကြောင်အချင်းချင်းကိုက်တဲ့
 
ဒါဏ်ရာတွေကနေ ဒီရောဂါပိုးအများအပြားဝင်ပြီးဖြစ်တာကပိုများပါတယ် ၊ကြောင်တွေမှာဒီရောဂါ 
 
ဖြစ်လာတဲ့အခါ ရင်ခေါင်းထဲမှာပြည်တည်တာတို့ ကိုယ်တွင်းခေါင်းအမှေးယောင်တာတို့ ဖြစ်တတ် 
 
ပါတယ် ၊

 
ရောဂါအဆင့်အထိဖြစ်လာရင်တော့ ဒီရောဂါပိုးဟာ ခန္တာကိုယ်အနှံ့က အင်္ဂါအသီးသီးဆီကိုရောက်ရှိ 
 
သွားနိုင်ပြီး ရောဂါပိုးရောက်ရှိဒုက္ခပေးတဲ့ နေရာအလိုက်အင်္ဂါအလိုက် ရောဂါလက္ခဏာမျိုးစုံတွေ့ရ
 
တတ်ပါတယ်။

 
ကြောင်တွေခွေးတွေရဲ့ မျက်နှာပိုင်းနဲ့လည်ပင်းပိုင်းတွေမှာထူခေါက်ခေါက်ယောင်ယမ်း နေပြီး၊ 
 
ပြည်ဖုတွေ ပြည်ပေါက်နာတွေဖြစ်နေရင် ဒီရောဂါဖြစ်ဖို့များပါတယ် ၊ကြောင်တွေဆိုရင် အမြီးရင်းမှာ
 
ပြည်ဖုတွေ ဖြစ်နေတတ်ပါတယ်။

 
ဒီရောဂါရဲ့လက္ခဏာတွေဟာ ပုံသေမရှိပဲ ရောဂါပိုးရောက်ရှိဒုက္ခပေးတဲ့နေရာအလိုက် အင်္ဂါအလိုက် 
 
ရောဂါလက္ခဏာမျိုးစုံတွေ့ရတတ်ပါတယ်၊ရောဂါပိုးကမျက်စေ့ထဲရောက်တဲ့အခါမှာမျက်စေ့နာတတ် 
 
ပါတယ် ၊
 
 
ခြေထောက်ကြွက်သားတွေဆီရောက်ပြီးဒုက္ခပေးတဲ့အခါမှာထော့နဲ့ထော့နဲ့လမ်းလျှောက်တာ
 
မျိုးလေဖြတ်သလို ခြေတရွတ်ဆွဲတာမျိုးလည်းဖြစ်တတ်ပါတယ် ၊

 
ဝမ်းခေါင်းထဲ ရောဂါပိုးရောက်ခြင်း (abdominal actinomycosis )ရောဂါပိုးဟာ ဝမ်းခေါင်းထဲကို
 
ရောက်သွားရင် သိသိသာသာပိန်ချုံးသွားတတ်ပါတယ် ၊ ဝမ်းဗိုက်ပိုင်းဟာဖောင်းကားနေပြီး 
 
လက်နဲ့စမ်းကြည့်ရင် မာကျောကျောအလုံးတွေကို စမ်းမိတတ်ပါတယ် ။

 
ကိုယ်တွင်းခေါင်းအမှေး၏နောက်ဖက်သို့ ရောဂါပိုးရောက်ခြင်း(Retroperitoneal actinomycosis )
 
ဒီလိုဖြစ်လာရင် ကျောရိုးထဲကနာကျင်တဲ့အတွက် လှုပ်ရှားလိုက်တဲ့အခါတိုင်း မခံမရပ်နိုင်အော်နေ
 
တတ်ပါတယ် ၊ တစ်ခါတရံ နောက်ခြေထောက်တွေ လေဖြတ်သွားတတ်ပါတယ်။
 
 
ရောဂါပိုးက ရင်ခေါင်းထဲရောက်ပြီး အဆုပ်နဲ့ နှလုံးကို ဒုက္ခပေးတာလည်းရှိပါတယ် အဲဒီအခါမျိုးမှာ 
 
ချောင်းဆိုးသွေးပါဖြစ်လာတတ်ပါတယ် ။

 
ဒီရောဂါဖြစ်လာရင် ပြည်ဖုဖြစ်တဲ့နေရာတွေကို ခွဲစိပ်ထုတ်ပစ်ရပါမယ် ၊ ရင်ခေါင်းထဲမှာ ပြည်ဖြစ်နေ
 
တဲ့အခြေအနေဆိုရင်တော့အကြီးစားခွဲစိပ်မှုပြုလုပ်ရမှာဖြစ်တဲ့အတွက်အလားအလာကောင်းမယ်လို့
 
ပြောဖို့ခက်လှသလို ပိုင်ရှင်ကကုသပေးနိုင်ဖို့လည်းလိုပါတယ် ။

 
ဒီရောဂါကို ကုသဖို့ကတော့ ပင်နီစလင်ဆေးကို အချိန်အဆများများနဲ့ ရေရှည်စွဲပြီး ပေးမှသာ
 
ပျောက်ကင်း  နိုင်မှာဖြစ်ပါတယ် ၊ တခါတရံ တစ်နှစ်ကျော်ကျော်လောက်အထိ ဆေးတိုက်ရတာမျိုး
 
လည်းရှိပါတယ် ၊ စားဆေးအနေနဲ့တိုက်မယ်ဆိုရင် အစားမကျွေးမီ (၁)နာရီအလိုမှာဖြစ်စေ 
 
အစာကျွေးပြီးနောက်(၂)နာရီ ကြာပြီးမှဖြစ်စေ  တိုက်ကျွေးနိုင် ပါတယ် ၊ အစာနဲ့နီးနေရင် ဆေးကို
 
ခန္တာကိုယ်ကကောင်းကောင်းမစုပ်ယူ  နိုင်လို့ဖြစ် ပါတယ်။

ပင်နီစလင်ဆေးနဲ့မတည့်တဲ့ခွေးကြောင်တွေဆိုရင် Erythromycin, Clindamycin, Doxycycline, 
 
Ceftriaxone. စတဲ့ဆေးတွေတိုက်ကျွေးပေးလို့လည်း ရပါတယ်။
 
ဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ Link
 
 
Zawgyi
 
ဒီေရာဂါကိုျဖစ္ေစတဲ့ပိုးေတြကေတာ့ Actinomyces canis, Actinomyces bowdenii, Actinomyces odontolyticus, Actinomyces coleocanis, Actinomyces israelii, Actinomyces bovis , and Actinomyces naeslundii လို႔အမည္ရတဲ့ဘက္တီးရီးယား ပိုးေတြျဖစ္ၿပီးသက္ဆိုင္ရာသတၱ၀ါေတြရဲ႕အာေခါင္ပိုင္း ၊ အစာလမ္းေၾကာင္းနဲ႔ မ်ိဳးပြားအဂၤါပိုင္းေတြမွာ သဘာ၀အတိုင္းကိုရွိေနတတ္တဲ့့ပိုးေတြ ျဖစ္ပါတယ္ ၊ Actinomyces coleocanis ဆိုရင္ ေခြးမေတြရဲ႕အဂၤါမွာ သဘာ၀အတိုင္း ရွိတဲ့့ ပိုးျဖစ္ပါတယ္ ဒါေပမယ့္ ေရာဂါအဆင့္အထိျဖစ္ေလ့မရွိပါဘူး။
Actinomycosis ေရာဂါဟာ retriever လိုေခြးႀကီးမ်ိဳးေတြမွာအျဖစ္မ်ားတာေတြ႕ရၿပီး သက္ငယ္ပိုင္းနဲ႔ သက္လတ္ပိုင္းေတြမွာပိုၿပီးျဖစ္ပြားတတ္ပါတယ္၊

ဒီေရာဂါပိုးပါတဲ့အစာကိုစားမိရင္ျဖစ္ေစ ဒီေရာဂါပိုးပါတဲ့ေလကိုရႈသြင္းမိရင္ျဖစ္ေစ ေခြးရဲ႕လည္ေခ်ာင္းထဲကို အမ်ားအျပားေရာက္လာၿပီး အျခားကိုယ္တြင္အဂၤါေတြဆီကို ဆက္လက္ျပန္႔ပြားေရာက္ရွိသြားၿပီး ေရာဂါအဆင့္အထိျဖစ္လာတတ္ပါတယ္ ၊

ေၾကာင္ေတြမွာက်ေတာ့ စားမိလို႔ ၊ရႈသြင္းမိလို႔ေရာဂါျဖစ္တာနည္းၿပီး ေၾကာင္အခ်င္းခ်င္းကိုက္တဲ့ 
ဒါဏ္ရာေတြကေန ဒီေရာဂါပိုးအမ်ားအျပား၀င္ၿပီးျဖစ္တာကပိုမ်ားပါတယ္ ၊ ေၾကာင္ေတြမွာဒီေရာဂါျဖစ္လာ တဲ့အခါ ရင္ေခါင္းထဲမွာျပည္တည္တာတို႔ ကိုယ္တြင္းေခါင္းအေမွးေယာင္တာတို႔ျဖစ္တတ္ပါတယ္ ၊

ေရာဂါအဆင့္အထိျဖစ္လာရင္ေတာ့ ဒီေရာဂါပိုးဟာ ခႏာၱကိုယ္အႏွံ႔ကအဂၤါအသီးသီး ဆီကို ေရာက္ရွိသြား ႏိုင္ၿပီး ေရာဂါပိုးေရာက္ရွိဒုကၡေပးတဲ့ ေနရာအလိုက္အဂၤါအလိုက္ ေရာဂါလကၡဏာမ်ိဳးစံုေတြ႕ရတတ္ပါတယ္။

ေၾကာင္ေတြေခြးေတြရဲ႕ မ်က္ႏွာပိုင္းနဲ႔လည္ပင္းပိုင္းေတြမွာထူေခါက္ေခါက္ေယာင္ယမ္း ေနၿပီး၊ ျပည္ဖုေတြ ျပည္ေပါက္နာေတြျဖစ္ေနရင္ ဒီေရာဂါျဖစ္ဖို႔မ်ားပါတယ္ ၊ေၾကာင္ေတြဆိုရင္ အၿမီးရင္းမွာျပည္ဖုေတြ ျဖစ္ေန 
တတ္ပါတယ္။

ဒီေရာဂါရဲ႕လကၡဏာေတြဟာ ပံုေသမရွိပဲ ေရာဂါပိုးေရာက္ရွိဒုကၡေပးတဲ့ေနရာအလိုက္ အဂၤါအလိုက္ ေရာဂါလကၡဏာမ်ိဳးစံုေတြ႕ရတတ္ပါတယ္။ ေရာဂါပိုးက မ်က္ေစ့ထဲ ေရာက္တဲ့အခါမွာ မ်က္ေစ့နာတတ္ ပါတယ္ ၊ ေျခေထာက္ၾကြက္သားေတြဆီေရာက္ၿပီး ဒုကၡေပးတဲ့အခါမွာ ေထာ့နဲ့ေထာ့နဲ႔လမ္းေလွ်ာက္တာမ်ိဳး
ေလျဖတ္သလို ေျခတရြတ္ဆြဲတာမ်ိဳးလည္းျဖစ္တတ္ပါတယ္ ၊

၀မ္းေခါင္းထဲ ေရာဂါပိုးေရာက္ျခင္း (abdominal actinomycosis )
ေရာဂါပိုးဟာ ၀မ္းေခါင္းထဲကိုေရာက္သြားရင္ သိသိသာသာပိန္ခ်ံဳးသြားတတ္ပါတယ္ ၊ ၀မ္းဗိုက္ပိုင္းဟာေဖာင္းကားေနၿပီး လက္နဲ႔စမ္းၾကည့္ရင္ မာေက်ာေက်ာအလံုးေတြကို စမ္းမိတတ္ပါတယ္ ။

ကိုယ္တြင္းေခါင္းအေမွး၏ေနာက္ဖက္သို႔ ေရာဂါပိုးေရာက္ျခင္း(Retroperitoneal actinomycosis )
ဒီလိုျဖစ္လာရင္ ေက်ာရိုးထဲကနာက်င္တဲ့အတြက္ လႈပ္ရွားလိုက္တဲ့အခါတိုင္း မခံမရပ္ႏိုင္ေအာ္ေနတတ္     ပါတယ္ ၊ တစ္ခါတရံ ေနာက္ေျခေထာက္ေတြ ေလျဖတ္သြားတတ္ပါတယ္။
ေရာဂါပိုးက ရင္ေခါင္းထဲေရာက္ၿပီး အဆုပ္နဲ႔ ႏွလံုးကို ဒုကၡေပးတာလည္းရွိပါတယ္ အဲဒီအခါမ်ိဳးမွာ ေခ်ာင္းဆိုးေသြးပါျဖစ္လာတတ္ပါတယ္ ။

ဒီေရာဂါျဖစ္လာရင္ ျပည္ဖုျဖစ္တဲ့ေနရာေတြကို ခြဲစိပ္ထုတ္ပစ္ရပါမယ္ ၊ ရင္ေခါင္းထဲမွာ ျပည္ျဖစ္ေနတဲ့ အေျခအေနဆိုရင္ေတာ့ အႀကီးစားခြဲစိပ္မႈျပဳလုပ္ရမွာျဖစ္တဲ့အတြက္ အလားအလာေကာင္းမယ္လို႔ေျပာဖို႔ ခက္လွသလို ပိုင္ရွင္ကကုသေပးႏိုင္ဖို႔လည္း လိုပါတယ္ ။

ဒီေရာဂါကို ကုသဖို႔ကေတာ့ ပင္နီစလင္ေဆးကို အခ်ိန္အဆမ်ားမ်ားနဲ႔ ေရရွည္စြဲၿပီး ေပးမွသာေပ်ာက္ကင္း  ႏိုင္မွာျဖစ္ပါတယ္ ၊ တခါတရံ တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္အထိ ေဆးတိုက္ရတာမ်ိဳးလည္းရွိပါတယ္ ၊ စားေဆးအေနနဲ႔တိုက္မယ္ဆိုရင္ အစားမေကၽြးမီ (၁)နာရီအလိုမွာျဖစ္ေစ အစာေကၽြးၿပီးေနာက္(၂)နာရီ ၾကာၿပီးမွျဖစ္ေစ  တိုက္ေကၽြးႏိုင္ ပါတယ္ ၊ အစာနဲ႔နီးေနရင္ ေဆးကိုခႏာၱကိုယ္ကေကာင္းေကာင္းမစုပ္ယူ  ႏိုင္လို႔ျဖစ္ ပါတယ္။
ပင္နီစလင္ေဆးနဲ႔မတည့္တဲ့ေခြးေၾကာင္ေတြဆိုရင္ Erythromycin, Clindamycin, Doxycycline, Ceftriaxone. စတဲ့ေဆးေတြတိုက္ေကၽြးေပးလို႔လည္း ရပါတယ္။

0 မှတ်ချက်များ to “ပြည်တည်နာရောဂါ (Actinomycosis)”

Post a Comment