«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

ခွေးချစ်သူများသို့-(၅)

,

 Read in Zawgyi

(DHPP)နဲ့(DHPPL)လို့ခေါ် တဲ့လေးမျိုးစပငါးမျိုးစပ်ကာကွယ်ဆေးဆိုတာကတော့

 

D=Canine Distemper (ခွေးကျောက်ရောဂါ)

 

H=Infectious CanineHepatitis(ခွေးအသည်းယောင်ရောဂါ)

 

P=Canine Parvovirus(ခွေးသွေးဝမ်းရောဂါ)

 

P=Canine influenza(ခွေးတုတ်ကွေးရောဂါ)နဲ့

 

L=Leptospirosis စတဲ့ရောဂါတွေကို တစ်ပြိုင်နက်တည်းကာကွယ်ပေးနိုင်တဲ့ကာကွယ်ဆေး

    ဖြစ်ပါတယ်။

 

(DHPP)နဲ့(DHPPL)ကာကွယ်ဆေးထိုးနှံမှုပုံစံဟာနိုင်ငံအလိုက် တိရစ္ဆာန်ဆေးပညာဆိုင်ရာအဖွဲ့ 

 

အစည်းများအလိုက် အကြံပြုချက်အမျိုးမျိုးကွဲလွဲမှုရှိတာကိုတွေ့ရပါတယ်

 

အမေရိကန်တိရစ္ဆာန်ရောဂါကုဆရာဝန်များအသင်းမှ အကြံပြုထားတဲ့စနစ်ကိုတင်ပြရရင်

 

- ခွေးအသက်(၆-၈)ပတ်သားမှာ ပထမအကြိမ်

 

- ခွေးအသက်(၉-၁၁)ပတ်သားမှာ ဒုတိယအကြိမ်

 

- ခွေးအသက်(၁၂-၁၄)ပတ်သားမှာတတိယအကြိမ်ထိုးနှံဖို့အကြံပြုပါတယ်

 

တတိယအကြိမ်မြောက်ထိုးနှံတဲ့နေ့ကနေတစ်နှစ်ပြည့်မြောက်တိုင်းနှစ်စဉ်ထိုးနှံဖို့အကြံပြုထား

 

တယ်

 

(၃)နှစ်ပြည့်မြောက်တဲ့ရက်ရောက်ပြီးနောက်မှာတော့ နှစ်စဉ်ထိုးနှံခြင်းမပြုတော့ပဲ (၃)နှစ်ခြား

 

ဆက်လက်ထိုးနှံသွားဖို့ အကြံပြုကြပါတယ်။

 

အောက်ပါအတိုင်း အလွယ်မှတ်သားနိုင်ပါတယ်

 

- ခွေးအသက်တစ်လခွဲသားမှာ ပထမအကြိမ်

 

- ပထမအကြိမ်ထိုးနှံပြီးထိုးနှံပြီး(၂-၃)ပတ်မြောက်မှာ ဒုတိယအကြိမ်

 

- ဒုတိယအကြိမ် ထိုးနှံပြီး(၂-၃)ပတ်မြောက်မှာတတိယအကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်

 

အဲဒီတတိယအကြိမ်ထိုးနှံတဲ့ရက်ကိုတော့သေသေချာချာမှတ်သားထားပြီး 

 

- နှစ်စဉ်အဲဒီရက်ရောက်တိုင်းမပျက်မကွက်(၃)နှစ်တိတိဆက်လက်ထိုးနှံပေးသွားဖို့လိုအပ်ပါတယ်။

 

- (၃)နှစ်ပြည့်မြောက်ပြီးနောက်မှာတော့နှစ်စဉ်ထိုးနှံခြင်းမပြုတော့ပဲ(၃)နှစ်ခြားဆက်လက်ထိုးနှံ

 

    သွားရမှာဖြစ်ပါတယ်- ကာကွယ်ဆေးအကြောင်းကိုလေ့လာရန် လင့်ကိုနှိပ်ပါ Link

 

အငယ်စားခွေးမျိုးလေးတွေမှာတော့ ပထမဦးဆုံးအကြိမ်ထိုးနှံခြင်းကိုအသက်(၃)လအရွယ်ရောက်မှ

 

သာစတင်ထိုးနှံဖို့အကြံပြုထားပါကြောင်းတင်ပြလိုက်ပါတယ်။

 

ထိုင်းနိုင်ငံမှပညာရှင်များကတော့(၂)ကြိမ်ထိုးနှံဖို့သာအကြံပြုကြပါတယ်။

0 မှတ်ချက်များ to “ခွေးချစ်သူများသို့-(၅)”

Post a Comment