«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Sept 2020

အရေပြားမှိုစွဲရောဂါ(Malassezia pachydermatis)

,
 
ခွေးတွေမှာဖြစ်ပွားတဲ့ အရေပြားမှိုစွဲရောဂါဟာ သူတို့ရဲ့အရေပြားပေါ်ကို Malassezia 
 
pachydermatis.လို့ ခေါ်တဲ့ yeast ပိုးတစ်မျိုးလာရောက် စွဲကပ်နေလို့ဖြစ်လာရခြင်းဖြစ်ပါတယ်
 
 
ခွေးတိုင်းရဲ့ခန္တာကိုယ်ပေါ်မှာဒီအကောင်လေးတွေဟာသဘာဝအတိုင်းအနည်းအကျဉ်းရှိနေတတ် 
 
ပါတယ် ဒါပေမယ့် ခွေးကိုဘာမှအန္တရာယ်မဖြစ် စေပါဘူးအဲဒီ yeast ပိုးကောင်လေးတွေဟာ 
 
သာမန်သဘာဝပတ်ဝန်းကျင်ရဲ့အခြေအနေမပေးမှုကြောင့်အများကြီး ပေါက်ပွားလာနိုင်ဖို့မလွယ် 
 
ပါဘူး ဒါကြောင့်လည်းရောဂါအဆင့်အထိ အလွယ်တကူဖြစ်မလာနိုင်တာဖြစ်ပါတယ်
 
 
ဒါပေမယ့်သူတို့ပွားများလာနိုင်တဲ့အခြေအနေတစ်ခုကိုရလိုက်ရင်လည်းအလွန်လျှင်မြန်စွာပွားများ 
 
လာတတ် တဲ့အတွက် ရက်ပိုင်းအတွင်းမှာ ကောင်ရေအများကြီးဖြစ်လာပြီး အရေပြားမှိုစွဲရောဂါကို
 
ဖြစ်ပွားစေပါတယ်ခွေးတွေရဲ့သဘာဝမှာ လူတွေလိုချွေးထွက်တာမျိုးမရှိပဲ သူတို့ရဲ့အရေပြားကနေ 
 
အနံ့အသက်ဆိုးတဲ့ အဆီတစ်မျိုးဟာ နည်းနည်းချင်း ထွက်နေလေ့ရှိပါတယ် အဲဒီလိုခွေးဆီထွက်
 
နေတာဟာပုံမှန်အတိုင်း ထွက်နေရာက ရုတ်တရက်အများကြီးထွက်လာခြင်းကို Seborrhea လို့
 
ခေါ်ပါတယ် ခွေးတွေမှာ Seborrhea ဖြစ်လာတဲ့အခါမျိုးမှာ အရေပြားမှိုစွဲရောဂါဖြစ်ပွားလာတတ်
 
ပါတယ်
 
 
ခွေးကိုပုံမှန်ရေချိုးသန့်ရှင်းရေးလုပ်မပေးခြင်း၊ အာဟာရချို့တဲ့လို့ခုခံစွမ်းအားကျဆင်းသွားခြင်းနဲ့
 
လေထဲကအမှုန်အမွှားတွေအရေပြားပေါ်လာရောက် ကပ်ငြိတာများလာရင်လည်း အရေပြားမှိုစွဲ
 
ရောဂါဖြစ်ပွားလာတတ်ပါတယ်
 
 

 
အရေပြားမှိုစွဲခြင်းကိုကုသတဲ့အခါဖြစ်ပွားရခြင်းအကြောင်းရင်းကိုသိထားဖို့က အလွန်အရေးကြီး
 
ပါတယ်၊အကြောင်းရင်းကိုမသိပဲကုသရင် ပျောက်ကင်းသက်သာဖို့မလွယ်တဲ့အတွက်အရေပြားမှို
 
စွဲလာရင်ရောဂါရှာဖွေရေးအတွက်ဓာတ်ခွဲခန်းမှာစစ်ဆေးမှုတွေကို သေသေခြာခြာ စနစ်တကျ
 
ပြုလုပ်ရပါတယ်
 
 
Malasseziapachydermatisလို့ခေါ်တဲ့yeastပိုးကြောင့်ဖြစ်ပွားတဲ့အရေပြားမှိုစွဲရောဂါ ဟုတ်မဟုတ်
 
သိရှိနိုင်ဖို့အတွက်ရောဂါဖြစ်နေတဲ့နေရာကအရေပြားကိုခြစ်ပြီး ဆေးရည်တစ်မျိုးစွတ်ထားတဲ့
 
ဂွမ်းစနဲ့သုပ်ယူရပါတယ်၊ အဲဒီအခါမှာပါလာတဲ့အရာတွေကို အဏုကြည့် မှန်ပြောင်း microscope 
 
အောက်မှာကြည့်ရင် ဒီရောဂါပိုးဟုတ်မဟုတ်သိရှိနိုင်ပါတယ် ၊ တစ်ချို့အရေပြားရောဂါတွေမှာတော့
 
အရေပြားကိုလှီးဖြတ်ယူပြီးမှရောဂါပိုးကိုစစ်ဆေးနိုင်တဲ့ရောဂါမျိုးတွေလည်းရှိပါတယ် Malassezip 
 
achydermatis လို့ခေါ်တဲ့yeastပိုးကြောင့်ဖြစ်ပွားတဲ့ အရေပြားမှိုစွဲရောဂါဆိုရင်တော့စားဆေးတွေ 
 
နဲ့လည်းကုသပေးလို့ရပါတယ်ဒီရောဂါပိုးကိုသုပ်သင်ပေးနိုင်တဲ့ လိမ်းဆေးတွေလည်းရှိပါတယ်
 
 
မိမိခွေးမှာဖြစ်ပွားနေတဲ့အခြေအနေကခန္တာကိုယ်အနှံ့တစ်ကိုယ်လုံးမှာဆိုးဆိုးရွားရွားဖြစ်ပွားနေ
 
တာဆိုရင် လိမ်းဆေးနဲ့စားဆေး(၂)မျိုးစလုံးအသုံးပြုသင့်ပါတယ်အခြေအနေကတအားမဆိုးပဲ
 
တစ်နေရာနှစ်နေရာလောက်မှာသာကွက်ပြီးဖြစ်နေတာဆိုရင်တော့လိမ်းဆေးလောက်နဲ့သာကုသ
 
သင့်ပါတယ် အခြေအနေဆိုးလို့တိုက်ဆေးကျွေးမယ်ဆိုရင်တော့ Ketoconazoleစားဆေး နဲ့ 
 
Itraconazole စားဆေးတွေကိုတိုက်ကျွေးကုသနိုင်ပါတယ်
 
 
ဘယ်ဆေးတိုက်သင့်တယ် ၊ ဘယ်လောက် ပမာဏတိုက်မယ် ၊ အချိန်ဘယ်လောက်ကြာကြာ
 
တိုက်ရမယ်ဆိုတာကိုတော့ တိရစ္ဆာန်ရောဂါကု ဆရာဝန်က ခွေးရဲ့ကျန်းမာရေးအခြေအနေအပြင်
 
ရောဂါရဲ့ပြင်းထန်မှုအခြေအနေကိုကြည့်ပြီးချိန်ဆဆုံးဖြတ်ပေးမှာဖြစ်ပါတယ် 
                   
 
ခန္တာကိုယ်အနှံ့မှာဆိုးဆိုးရွားရွားဖြစ်နေရင်တော့မှိုသတ်ဆေးပါဝင်တဲ့ရေချိုးဆပ်ပြာ(Shampoo)
 
တစ်မျိုးမျိုးနဲ့ ရေချိုးပေးဖို့လိုအပ်ပါတယ်ခွေးတွေမှာ ခွေးဆီအထွက်များလို့ဖြစ်လာတဲ့ အရေပြား
 
မှိုရောဂါဟာသေသေချာချာကုသလို့ပျောက်ကင်းသွားရင်တောင်မှအချိန်မရွေးပြန်ဖြစ်လာတတ်တာ
 
မို့ ပြန်ဖြစ်လာတဲ့အခါ ပြန်ကုသရုံသာရှိပါတယ်
 
 
အရေပြားမှိုစွဲရောဂါကိုအောက်ပါကုထုံးများနဲ့ကုသပေးလေ့ရှိပါတယ်
 
အဲဒါတွေကတော့
 
 
(၁) Ketoconazole စားဆေးနဲ့ကုသခြင်းဟာထိရောက်မှုနည်းပြီးရေရှည်စွဲတိုက်ရတဲ့ဆေးဖြစ်ပေ
 
မယ့် ကုန်ကျစရိတ်မများလှတဲ့အတွက်အကုန်အကျသိပ်မခံနိုင်သူတွေသုံးသင့်တဲ့ဆေးတစ်မျိုး
 
ဖြစ်ပါတယ်၊ဒီစားဆေးကိုတိုက်မယ်ဆိုရင် အချိန်(၄)လလောက်အထိနေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်
 
ပါတယ်  

 
(၂) Itraconazole  စားဆေးဟာကုန်ကျစရိတ်များပေမယ့် ကုသခြင်းဟာထိရောက်မှုရှိတဲ့အတွက် ၊ 
 
အကုန်အကျခံနိုင်သူတွေသုံးသင့်တဲ့ဆေး တစ်မျိုးဖြစ်ပါတယ်၊ဒီစားဆေးကိုတိုက်မယ်ဆိုရင်အချိန်
 
(၂)လလောက်အထိ နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ် 
 
 
(၃) Corticosteroids  စားဆေး(မှိုရောဂါပိုးတွေကိုသုပ်သင်ဖို့အသုံးပြုရတဲ့ အထက်ပါဆေးတွေဟာ
 
အသက်ရှူလေပြွန်ကို ယောင်ယမ်းစေတတ်တဲ့ အတွက် အသက်ရှူကျပ်လာစေတတ်ပါတယ်
 
အဲဒီလိုမဖြစ်စေ ဖို့အတွက်Corticosteroidsထိုးဆေးတစ်ခုခုကိုကုသမှုရဲ့အစပိုင်းကာလတွေမှာ 
 
အထိမ်းဆေးအဖြစ်တိုက်ကျွေး  ပေးဖို့လိုအပ်ပါတယ်။
 
 
Corticosteroids  ဆေးတွေကိုရေရှည်စွဲပြီးတိုက်ကျွေးတာမျိုးမလုပ်ရပါဘူး၊အကယ်၍ရေရှည်စွဲပြီး 
 
တိုက်ကျွေးခဲ့ရင် အဲဒီဆေးကြောင့်ပဲ ရောဂါပိုးတွေကပိုမိုပွားများလာပြီးရောဂါအခြေအနေက
 
အရမ်းဆိုးလာတတ်ပြန်ပါကြောင်းတင်ပြအပ်ပါတယ်။
 
ကုသမှု(၁)လမြောက်အချိန်တွင် တွေ့မြင်ရသောအခြေအနေ

0 မှတ်ချက်များ to “ အရေပြားမှိုစွဲရောဂါ(Malassezia pachydermatis)”

Post a Comment