«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

3 Oct 2020

သန်ပြားကောင်စွဲကပ်ခြင်း(Tapeworms Infestation)

,

နှီးပြားလို အပြားလိုက်ရှိပြီး အဆစ်တွေနဲ့တည်ဆောက်ထား တဲ့သန်ပြားကောင်တွေစွဲကပ်တဲ့

ပြသနာကို  အရွယ်ရောက်တဲ့ကြောင်တွေနဲ့ ခွေးတွေမှာတွေ့ရတတ်ပါတယ် ၊  ခွေးတွေမှာ

Dipylidium caninum   ဆိုတဲ့သန်ပြားကောင်စွဲကပ်လေ့ရှိပြီး ၊ ကြောင်တွေမှာတော့ Dipylidium

caninum  အပြင် Taenia taeniaformis  ဆိုတဲ့ သန်ပြားကောင်(၂)မျိုး စွဲကပ်လေ့ရှိပါတယ် ၊ 

Dipylidium caninum   ကတော့ သန်းတို့လှေးတို့ကိုက်ရာကနေ ကူးစက်တတ်ပြီး Taenia

taeniaformis ဆိုတဲ့သန်ပြားကောင်ကတော့ ကြွက်နဲ့၊အသားစိမ်းတွေကိုစားမိလို့ကူးစက်တာ

ဖြစ်ပါတယ်။

 

သန်ပြားကောင်တွေဟာ ခွေးကြောင်တွေရဲ့အူသိမ်အပိုင်းမှာနေထိုင်ကြပြီး အရွယ်အစားအားဖြင့်

၁-လက္မကနေ ၁-ပေအထိအရွယ်အစားအမျိုးမျိုးရှိတတ်ပါတယ်၊ခွေးကြောင်တွေကိုကူးစက်လာတဲ့ 

သန်ပြားကောင်တွေဟာ သူတို့ရဲ့ဦးခေါင်းပိုင်းကိုအူရဲ့နံရံထဲထိုးသွင်းတွယ်ချိတ်ပြီး အစာအာဟာရ

တွေကိုစုပ်ယူစားသောက်ရင်း အဆစ်တွေပွားများရှည်ထွက်ကာကြီးထွားလာကြတာဖြစ်ပါတယ်၊

သူတို့ရဲ့ခန္တာကိုယ်မှာရှိနေတဲ့အဆစ်ကလေးတွေတိုင်းမှာဉအိမ်တွေတစ်ခုစီပါရှိပါတယ်၊ဒါကြောင့်မို့

သန်ပြားကောင်စွဲကပ်မှုကိုကုသတဲ့အခါ အူနံရံထဲမှနှစ်ထားတဲ့သူတို့ရဲ့ဦးခေါင်းပိုင်းကိုသုပ်သင်နိုင်မှ

သာ ထိရောက်အောင်မြင်မှာဖြစ်ပါတယ်။ 

 

သာမန်သန်ချဆေးတစ်မျိုးကို တိုက်ကျွေးလိုက်တဲ့အခါ သန်ပြားကောင်တွေဟာ၊ လည်ပင်းကနေ

ပြတ်ထွက်သွားပြီး အဆစ်ကလေးတွေပါတဲ့ခန္တာကိုယ်ကြီးသာထွက်ကျလာတာဖြစ်ပါတယ်၊ သူတို့ရဲ့

ဦးခေါင်းပိုင်းက မသေတဲ့အတွက်နောက်တဖန်ပြန်ပြီး အဆစ်တွေဖြစ်ပေါ်ရှည်ထွက်လာနိုင်ကြပါ

တယ်။

 

သန်ချဆေးတိုက်လိုက်လို့ပြတ်ပြီး ထွက်ကျလာတဲ့အပိုင်းဟာ ချက်ချင်းမသေသေးပဲလှုပ်ရှားသွား

လာနိုင်နေသေးတာကိုတွေ့နိုင်ပါတယ် ၊ တခါတရံကြမ်းပြင်ပေါ်အထိကျမလာသေးပဲ ခွေးကြောင်

တွေရဲ့စအိုမှာတန်းတန်းဖြစ်ပြီးလှုပ်ရှားနေတာကိုလည်းတွေ့ရတတ်ပါတယ်၊ အဲဒီသန်ပြားကောင်

တွေရဲ့အဆစ်တိုင်းမှာ သန်ဉတွေပါတဲ့ဉအိမ်တွေရှိနေတယ်ဆိုတာကိုသတိပြုသင့်ပါတယ်၊

သန်ပြားကောင်တွေဟာမြေကြီးပေါ်ရောက်လာလို့ခြောက်သွေ့သွားတဲ့အခါ ရုတ်တရက်ကြည့်ရန်

ဆန်စေ့လေးတွေနဲ့တူနေတတ်ပါတယ်၊ သန်ပြားကောင်ရဲ့ဉတွေကို ရေတို့အစာတို့နဲ့ရောနှောပြီး

စားမိရင် အခြားခွေးတွေကို ဆက်လက်ကူးစက်နိုင်ပါတယ်။

 

သန်ပြားကောင်စွဲကပ်နေရင်  Praziquantal , fenbendazole နဲ့ espiprantal စတဲ့ဆေးတွေနဲ့

ထိထိရောက်ရောက်သုပ်သင်ပေးနိုင်ပါတယ်၊ သန်ပြားကောင်ကိုကုသတဲ့အခါ စွဲကပ်လာရခြင်းရဲ့

မူလအကြာင်းတရားတွေဖြစ်တဲ့ သန်းတို့၊လှေးတို့ကိုဖယ်ရှားပေးခြင်းနဲ့အတူ အသားစိမ်းကျွေးခြင်း

ကိုလည်းရှောင်ရှားလိုက်ဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “သန်ပြားကောင်စွဲကပ်ခြင်း(Tapeworms Infestation)”

Post a Comment