ဒီရောဂါကိုဖြစ်စေတတ်တဲ့ Histoplasma capsulatum မှိုဟာအပူပိုင်းဒေသတွေနဲ့
မြန်မာနိုင်ငံလို သမပိုင်းဒေသတွေရဲ့မြေကြီးထဲမှာ သဘာဝအလျှောက်တွေ့ရတတ်တဲ့
မှိုတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါကတော့ပြင်ပမြေပေါ်မှာပြေးလွှားနေထိုင်ရတဲ့ခွေးတွေမှာ
ပိုအဖြစ်များပြီး အသက်အရွယ် (၇)နှစ်အောက်ခွေးတွေမှာ ပိုမိုဖြစ်ပွားတတ်တယ်လို့ဆိုပါတယ် ၊
ဒီရောဂါကိုဖြစ်စေတတ်တဲ့ Histoplasma capsulatum ဆိုတဲ့မှိုကိုကြက်ငှက်နဲ့လင်းနို့ကြွက်
တွေရဲ့မစင်တွေရှိတဲ့မြေကြီးမှာ အများအပြားတွေ့ရတတ်ပါတယ် ၊
ရောဂါဖြစ်စေတဲ့မှိုဝင်ရောက်နေတဲ့ခွေးတွေမှာ အများစုဟာကိုယ်ခံအားကောင်းနေရင်တော့
ရောဂါလက္ခဏာမပြပဲရှိနေတတ်ပါတယ် ၊ကိုယ်ခံအားကျဆင်းသွားတဲ့အချိန်မျိုးမှာတော့
ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ် ၊ ရောဂါပိုးဝင်ရောက်တဲ့အဓိကလမ်းကြောင်း
တွေကတော့ရောဂါပိုးကိုလေနဲ့အတူရှုရှိုက်မိရာကဖြစ်စေ ဒီရောဂါဖြစ်စေတဲ့မှိုပါတဲ့အစာနဲ့
ရေကိုစားသောက်မိရာကဖြစ်စေဝင်ရောက်လာတာဖြစ်ပါတယ် ၊ရောဂါအဆင့်ဖြစ်လာရင်
ရောဂါလက္ခဏာအမျိုးမျိုးပြသလာတတ်ပါတယ် ၊ ချောင်းဆိုးခြင်း ၊အသက်ရှုကြပ်ခြင်း ၊
ဝမ်းပျက်ခြင်းနဲ့ အဖျားနဲ့အတူမှိုင်တွေနေတတ်ခြင်းတွေကတော့အများဆုံးတွေ့ရတတ်တဲ့ရောဂါ
လက္ခဏာတွေဖြစ်ပါတယ် ၊
မျက်တွင်းသားတွေဖြူဖတ်ဖြူရော်ဖြစ်နေတာကိုလည်းတွေ့ရတတ်ပါတယ် ၊ဒီရောဂါဟုတ်မဟုတ်
ကိုသိရဖို့ကတော့ စအိုအတွင်းသားဖြစ်စေရောဂါလက္ခဏာပြတဲ့နေရာကအသားစကိုဖြစ်စေ
ရယူပြီးဓါတ်ခွဲခန်းမှာ ပိုးပွားများစေခြင်းနည်းနဲ့စစ်ဆေးရမှာဖြစ်ပါတယ် ၊ ဒီရောဂါဖြစ်တဲ့ခွေးကို
Itraconazole စားဆေးနဲ့ကုသပေးနိုင်ပါတယ်၊ Ketoconazole နဲ့ Fluconazoleစားဆေးတွေ
လည်းတိုက်လို့ရပေမယ့် ဆေးထွက်ဆိုးကျိုးများတတ်ပါတယ် ၊
Fluconazole စားဆေးနဲ့မတိုးတဲ့ခွေးဆိုရင် Itraconazole စားဆေးပြောင်းတိုက်ရပါမယ် ၊
ဘယ်ဆေးကိုပဲတိုက်တိုက် အနည်းဆုံး(၂)လကနေ(၃)လအထိတိုက်ကျွေးပေးဖို့လိုအပ်ပါတယ် ၊
အသက်အန ္တရာယ်နီးတဲ့အနေအထားရှိတဲ့ခွေးတွေဆိုရင်တော့ Amphotericin B ထိုးဆေးကို
သုံးသင့်ပါတယ်၊ဒီရောဂါကိုစတင်ကုသချိန်မှာ Glucocorticoids စားဆေးတစ်မျိုးမျိုးပူးတွဲ
တိုက်ကျွေးပေးခြင်းဟာ ရောဂါလက္ခဏာတွေကိုလျှင်မြန်စွာသက်သာသွားစေနိုင်ပါတယ် ။
ပိုမိုလေ့လာရန် လင့်ကိုနှိပ်ပါ Link